ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ဒုတိယနေ့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ဘင်ဖီကာနဲ့ ဘာစီလိုနာ တို့ရဲ့ တွေ့ဆုံမှု ကလည်း အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။ ဘင်ဖီကာဟာ မိနစ် ၈၀ နီးပါး တစ်ယောက် အသာနဲ့ ကစားခွင့်ရခဲ့ပေမယ့် ရှက်ဇီနီရဲ့ ကာကွယ်မှုတွေနဲ့ ရာဖင်ညာရဲ့ မထင်မှတ်တဲ့ အနေအထား ကနေ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ဘာစီလိုနာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ ဝါရင့် ဂိုးသမားကြီး ရှက်ဇီနီကို ပွဲထွက်စေခဲ့ပြီး ခံစစ်မှာ ဘဲလ်ဒီ၊ မာတီနက်ဇ်၊ ကူဘာဆီ၊ ကွန်ဒေး၊ ကွင်းလယ်မှာ ပီဒရီ၊ ဒီယောင်၊ အော်လမို၊ တောင်ပံ နှစ်ဖက်နဲ့ တိုက်စစ် မှာတော့ ရာဖင်ညာ၊ ယာမယ်နဲ့ ရောဘတ် လီဝမ်ဒေါစကီး တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ပွဲစကတည်းက တော်တော်လေး ထိရောက်တဲ့ ကစားဟန်နဲ့ အိမ်ရှင် အသင်းကို တုန့်ပြန်နိုင်ခဲ့ပေမယ့် ပွဲချိန် ၂၂ မိနစ်မှာ ကူဘာဆီ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ကျန် ပွဲချိန် တော်တော်များများကို တစ်ယောက်လျော့နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်းကို အားဖြည့်ဖို့ အတွက် အော်လမိုကို ထုတ်ကာ ရော်နယ် အာရူဟိုကို ထည့်သွင်း ကစားခဲ့ရလို့ ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းက သိသိသာသာ အားနည်းသွားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘင်ဖီကာတို့ ၁၁ ယောက် ၁၀ ယောက် အနေအထားမှာ အသာရနေသည့် တိုင်အောင် တိုက်စစ်က အက်ခ်တာကိုဂလူ၊ ပက်ဗ်လီဒစ် တို့ တောက်လျောက် အခွင့်အရေးတွေ ဖြန်းတီးပစ်နေလို့ ဘာစီလိုနာတို့ သက်သာရာရခဲ့ပါတယ်။ နောက်ပြီး ဒီနေ့ပွဲမှာ ဘာစီလိုနာကို ကယ်တင်သွားခဲ့တာက ဂိုးသမားကြီး ရှက်ဇီနီ ဖြစ်ပြီး သူ့ရဲ့ အဓိက ကာကွယ်မှု ၈ ကြိမ်က အရေးပါခဲ့ပါတယ်။
ဘင်ဖီကာတို့ ဘာစီလိုနာ ဘက်ကို တစ်ဖက်သတ် ဖိအားပေးနေရာ ကနေ ပွဲချိန် ၆၁ မိနစ် မှာတော့ မထင်မှတ်ပဲ ဂိုးပေးလိုက်ရပါတယ်။ ဒီဂိုး ကတော့ ဘင်ဖီကာ နောက်ခံလူ အန်တိုနီယို ဆေးလ်ဗားရဲ့ လူပေးမှားမှု ကနေ ရာဖင်ညာက ဖြတ်ယူပြီး ၁၈ ကိုက်စည်း ပြင်ပ ကနေ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဘင်ဖီကာက လိုအပ်နေတဲ့ ချေပဂိုးတွေ တစ်သင်းလုံး တိုက်စစ် တက်ကစားခဲ့ပေမယ့် ရှက်ဇီနီရဲ့ ကာကွယ်မှုတွေကြောင့် ဂိုးမရပဲ ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ ရီနာတို ဆန်းချက်ဇ်ရဲ့ ပြင်းထန် ကောင်းမွန်တဲ့ ကန်ချက်ကို ရှက်ဇနီ ဒိုင်ဗင်ပစ် ကာကွယ်ခဲ့မှု ကလည်း ဘာစီလိုနာရဲ့ အရေးပါတဲ့ နိုင်ပွဲ အတွက် အခါရာကျခဲ့တယ်လို့ပဲ ဆိုရမှာပါ။
ဒီနိုင်ပွဲကြောင့် ဘာစီလိုနာက ဒုတိယအကျော့ စပိန်မြေမှာ သက်တောင့်သက်သာ ကစားနိုင်မှာ ဖြစ်ပေမယ့် ပေါ့ဆလို့တော့ မရသေးပါဘူး။ ဘင်ဖီကာဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ အဝေးကွင်း ကစားပုံ မဆိုးလှတဲ့ အသင်း ဖြစ်တာကြောင့် ဘာစီလိုနာတို့ သတိတော့ ထားရမှာပါ။ ဒီနှစ်သင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရေး အဆုံးအဖြတ် အဖြစ် လာမယ့် မတ် ၁၂ ရက်နေ့မှာ ဘာစီလိုနာက အိုလံပစ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.