နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရူနီနဲ့ အပြန်အလှန် စကားစစ်ထိုးနေတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ လက်ရှိမှာ အသင်းက ရုန်းကန်နေရပေမယ့် လာမယ့် အနာဂတ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ဒီစကား ကိုတော့ အမော်ရင်က အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ဖူလ်ဟမ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အိုးထရက်ဖိုဒ်မှာ ကစားခဲ့ရပေမယ့် ပွဲချိန် မိနစ် ၁၂၀ အထိ ၁ ဂိုးစီ သရေကျနေခဲ့လို ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး လင်ဒီလော့ဖ်နဲ့ ဇီယက်ခ်ခ်ဇီးတို့ ပင်နယ်တီ မဝင်တာကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ လက်ကျန် ပွဲစဉ်တွေ မှာသာ ရလဒ်ကောင်းအောင် ကြိုးပမ်းရတော့မှာ ဖြစ်ပြီး ဆုဖလား မျှော်လင့်ချက် အဖြစ် ယူရိုပါလိဂ်တော့ ကျန်ရှိနေပါသေးတယ်။ 

ရူဘင် အမော်ရင်က “ပရီးမီးယားလိဂ်ကို အနိုင်ရဖို့က ရည်မှန်းချက်ပါ။ ကျွန်တော်တို့ ပွဲစဉ်တွေ ရှုံးနိမ့်နေတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ် ဖလားကို ပြန်လည် ရယူဖို့ပါ။ ဘယ်လောက်ကြာမလဲ ဆိုတာ မသိပါဘူး။ ကျွန်တော် တို့ရဲ့ ရည်မှန်းချက် တစ်ခု ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက် လျှောက်လှမ်းပါမယ်။ ဘယ်လိုဖြစ်မလဲ ဆိုတာ မသိပါဘူး။ ဒါပေမယ့် ကစားသမားတွေကို ပိုပြီး နားလည်လာပါတယ်။ လိဂ် အခြေအနေ ကိုလည်း နားလည်လာပါတယ်။ အနာဂတ်မှာ ဘယ်လို ဖြစ်မလဲ ဆိုတာ ကြည့်ရပါမယ်။ တကယ်ကို အရေးကြီးပါတယ်။ ဒါပေမယ့် ကစားသမားတွေကို ပြန်လည် အားဖြည့်ဖို့ လိုအပ်ပါတယ်။ သူတို့ တကယ်ကို ပင်ပန်းနေကြပါတယ်။ လာမယ့် ၃ ရက် အတွင်း အိုးလ်ထရက်ဖိုဒ်မှာ အာဆင်နယ်နဲ့ ကစားရဖို့ ရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ လက်ကျန် ပွဲစဉ်တွေ မှာသာ ရလဒ်ကောင်းအောင် ကြိုးပမ်းရတော့မှာ ဖြစ်ပြီး ဆုဖလား မျှော်လင့်ချက် အဖြစ် ယူရိုပါလိဂ်တော့ ကျန်ရှိနေပါသေးတယ်။
ဆုဖလား မျှော်လင့်ချက် အဖြစ် ယူရိုပါလိဂ် ကျန်ရှိနေသေးတဲ့ ယူနိုက်တက်

ဒလို ပြောဆိုမှုနဲ့ ပတ်သတ်ပြီးတော့ ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း ဝိန်း ရူနီ ကတော့ အခုလိုပဲ ဒဲ့ဝေဖန်သွားခဲ့ပါတယ်။ BBC ရဲ့ Match of the Day အစီအစဉ် အတွက် ဘောလုံး ဝေဖန်သူ အဖြစ် လုပ်ကိုင်နေတဲ့ ရူနီက “သူတို့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ မျှော်လင့်ထားတယ် ဆိုပြီး ပြောတာက နည်းနည်းလေးတော့ နုံအတယ်လို့ ထင်တယ်။ ဘာလိုလဲ ဆိုတော့ သူတို့ အခု ရောက်နေတဲ့ နေရာက အဝေးကြီးမှာပါ။ သူက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ပြောတယ်။ သူတို့ ဘယ်လို ယှဉ်ပြိုင်မှာလဲ။ ဇယား အပေါ်ပိုင်းကို ရောက်ဖို့က သူတို့ ကြိုးစားရမယ့် နောက်ထပ် အဆင့် တစ်ဆင့်ပဲလို့ ကျွန်တော် ထင်တယ်။ ဆိုပြီး ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာ အမော်ရင် ကလည်း ရူနီရဲ့ ဝေဖန်မှုကို “နုံအတယ် ဆိုတာက ဒီရာသီမှာ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်နေတာ ဒါမှမဟုတ် နောက်ရာသီမှာ အကောင်းဆုံး ယှဉ်ပြိုင်သူ ဖြစ်လာမယ်လို့ ထင်နေတာပါ။ ကျွန်တော်က အနားယူပြီးချိန်မှာ ဘောလုံးဝေဖန်သူ လုပ်ခဲ့ပါတယ်။ အဲဒါက တော်တော်လေး လွယ်ကူတယ် ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က နုံအတဲ့သူ မဟုတ်ပါဘူး။ အဲဒါကြောင့် အသက် ၄၀ အရွယ်နဲ့ မန်ချက်စတာယူနိုက်တက်မှာ နည်းပြ လုပ်နေတာပါ။” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်