နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလုပွဲမှာ ယုံကြည်မှု ပိုရလာကြောင်း ပြောလာတဲ့ ကွန်တီ | စီးရီးအေ

နာပိုလီ ကတော့ အခုတစ်ပတ် စီးရီးအေ ပွဲစဉ် ၂၇ မှာ အဓိက ပြိုင်ဘက် အင်တာမီလန်နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီး နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ အန်တိုနိယို ကွန်တီက အင်တာမီလန်ကို အိမ်ကွင်းမှာ သရေကျခဲ့လို့ စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

နာပိုလီဟာ အင်တာမီလန်ကို ခြေစွမ်း အသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း သရေ တစ်မှတ်စီသာ ခွဲယူခဲ့ရတာ ဖြစ်ပါတယ်။ နာပိုလီဟာ အဲဒီ ပွဲစဉ်ရဲ့ ပွဲကစားချိန် ၂၂ မိနစ်မှာ အင်တာမီလန်ကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရတာကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲချိန် ၈၇ မိနစ် အရောက်မှ လူစားဝင် ကစားသမား ဘေးလင်းရဲ့ ချေပဂိုးကြောင့် အရှုံး ရလဒ်ကို ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ နာပိုလီဟာ အင်တာမီလန်ကို ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှုနဲ့ ဂိုးဖန်တီးမှု အပိုင်းတွေ မှာလည်း အင်တာမီလန်ထက် သာလွန်ခဲ့ပါတယ်။

အင်တာမီလန်က စီးရီးအေ လက်ကျန် ပွဲစဉ်တွေ အဖြစ် အတ္တလန္တာ၊ ဘိုလော့ဂ်နာ၊ ရိုးမား၊ လာဇီယို တို့နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
အင်တာမီလန်နဲ့ ၁ မှတ်သာ ကွာဟနေတဲ့ နာပိုလီ

ဒါကြောင့် နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီက ပွဲအပြီးမှာ သူ့အသင်းက အင်တာမီလန်ကို သရေကျခဲ့တဲ့ အတွက် စိတ်ပျက်မိခဲ့ကြောင်းနဲ့ သူတို့ အနေနဲ့ ဒီပွဲမှာ သရေ တစ်မှတ်ထက် ပိုရခဲ့သင့်ကြောင်း ညီးတွား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကွန်တီက “အမှန်တကယ် သန်မာတဲ့ ပြိုင်ဘက်ကို အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမယ့် သရေကျခဲ့လို စိတ်ပျက်ရပါတယ်။ အင်တာမီလန်က စီးရီးအေ ချန်ပီယံဆု အတွက် နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ အသင်း ဖြစ်ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းကို ကျွန်တော် ကျေနပ်ပါတယ်။ ဒီအတိုင်း ဆိုရင်တော့ စီးရီးအေ ချန်ပီယံဆုကို နောက်ဆုံး အချိန်ထိ စိန်ခေါ်နိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ နောက်ဆုံး မှာတော့ ကွန်တီက သူ့ အနေနဲ့ ချန်ပီယံလုပွဲမှာ ယုံကြည်မှု ပိုရှိလာကြောင်းလည်း ပြောကြားခဲ့ပါတယ်။

စီးရီးအေ ပွဲစဉ် ၂၇ အပြီးမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာက အင်တာမီလန်က ၅၈ မှတ် ရရှိထားပြီး နာပိုလီ ကတော့ ၅၇ မှတ်နဲ့ အဆင့် ၂ နေရာ ကနေ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ နာပိုလီဟာ အစောပိုင်းမှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲမှာ ရိုးမား၊ အူးဒီးနီးစ်၊ လာဇီယို၊ အင်တာမီလန် တို့နဲ့ သရေကျပြီး ကိုမိုကို ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်တွေ ဖြန်းတီးသလို ဖြစ်ခဲ့တာပါ။ တစ်ဖက်မှာ အင်တာမီလန် ကတော့ ခြေစွမ်းပိုင်း အားရစရာ မရှိသေးပေမယ့်လည်း နာပိုလီထက် နိုင်ပွဲတွေ ပိုရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ကနေ ဦးဆောင်ထားနိုင်တာ ဖြစ်ပါတယ်။

တစ်ခုရှိတာက ဒီနှစ်သင်းမှာ နာပိုလီက လက်ကျန် ပွဲစဉ်တွေ ပိုချောင်နေပြီး စီးရီးအေ တစ်ခုတည်းကိုပဲ အာရုံစိုက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ နာပိုလီဟာ လက်ကျန် ပွဲစဉ်တွေမှာ အသင်းကြီး ဆိုလို့ ဖီအိုရင်တီးနား၊ အေစီမီလန်၊ ဘိုလော့ဂ်နာ တို့နဲ့ပဲ ကစားဖို့ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ အင်တာမီလန် ကတော့ ချန်ပီယံလိဂ် ကစားရဦးမှာ ဖြစ်တဲ့ အပြင် ကိုပါအီတလီယာ မှာလည်း ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိနေခဲ့ပါတယ်။ အင်တာမီလန်က စီးရီးအေ လက်ကျန် ပွဲစဉ်တွေ အဖြစ် အတ္တလန္တာ၊ ဘိုလော့ဂ်နာ၊ ရိုးမား၊ လာဇီယို တို့နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်