ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် ကောလာဟလတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ လက်ရှိ ဘယ်နောက်ခံလူ ဖာလန်း မန်ဒီရဲ့ အနာဂတ်က မသေချာဖြစ်နေတာကြောင့််ဟာနန်ဒက်ဇ်နဲ့ မီဂယ်လ် ဂူတီယာရက်ဇ် တို့ကို ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။
နောက်ထပ် လာလီဂါ ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ ကတော့ ဒီနွေရာသီမှာ အာဆင်နယ် ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဂါဘရီရယ် မာတင်နယ်လီကို ယူရို ၄၅ သန်း (ပေါင် ၃၇.၁ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မာတင်နယ်လီ ကတော့ နည်းပြ မီခဲလ် အာတေးတားရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦး ဖြစ်ပေမယ့် သူ့ရဲ့ ခြေစွမ်းပိုင်းကြောင့် အသင်း ပရိသတ်တွေရဲ့ စိတ်ပျက်ခြင်း ခံနေရသူ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ဂါနာ ကွင်းလယ်လူ သောမက်စ် ပါတေးကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း CaughtOffside က ဖော်ပြလာပါတယ်။ သောမက်စ် ပါတေးဟာ အစောပိုင်း ဘောလုံးရာသီတွေတုန်းက အာဆင်နယ် ကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေကြီးခဲ့သူလည်း ဖြစ်ပါတယ်။
မြောက်လန်ဒန် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ ခရစ္စတယ်ပဲလေ့စ် ကစားသမား နှစ်ဦး ဖြစ်တဲ့ မာ့ခ် ဂူဟီနဲ့ အီဘာချီ အီးဇီး တို့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အာရုံစိုက်နေကြောင်း သိရပါတယ်။ ဆက်စပ် သတင်တွေ အရ ဆိုရင်တော့ စပါးက ဘုန်းမောက်ရဲ့ ပေါင် သန်း ၅၀ တန် တိုက်စစ်မှူး အန်တိုနီ ဆီမီညို ကိုလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
လစ်ဗာပူးလ်ဟာ အသက် ၁၆ နှစ် အရွယ် ဂျော်ဂျီယာ နောက်ခံလူ ဆာဘာ ခါရီဘာရှဗီလီကို ခေါ်ယူဖို့ အတွက် အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။ ဒီကစားသမားကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ကလည်း ခေါ်ယူချင်နေပြီး ပရီးမီးယားလိဂ် ကလပ်က ပိုပြီး အခြေအနေကောင်းနေတာ ဖြစ်ပါတယ်။
လာလီဂါ ချန်ပီယံ ဘာစီလိုနာက ဖာမင်း လိုပက်ဇ်ကို ခေါ်ယူပေးဖို့ အက်တလက်တီကိုမက်ဒရစ် အသင်းထံ နည်းပြ ဒီယေဂို ဆီမြွန်နီက တောင်းဆိုလိုက်ကြောင်း စပိန် သတင်းစာ El Nacional က ဖော်ပြလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာက အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂျွန် ဒူရန် နေရာမှာ အစားထိုးဖို့ ဂျူဗင်တပ်စ် ကွင်းလယ်လူ ဒူဆန် ဗလာဟိုဗစ်ကို ပစ်မှတ် စာရင်းမှာ ထည့်သွင်းထားကြောင်း TEAMtalkက ဖော်ပြလာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.