ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် ကောလာဟလတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဂျာမန် ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘေယန်မြူးနစ်နဲ့ စာချုပ်သစ်ချုပ်ဆိုတော့မှာ မဟုတ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံးရ သတင်းတွေ မှာတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က ကင်မစ်ချ်နဲ့ စာချုပ်သစ် အတွက် ဆက်လက် ညှိနှိုင်းဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ စပိန် သတင်းဌာန El Nacional ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ကင်မစ်ချ်ကို ခေါ်ယူချင်နေပြီး ဘာစီလိုနာထက် အခြေအနေကောင်းနေကြောင်း က ဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ဘေယန်မြူးနစ် ကွင်းလယ်လူ မိုက်ကယ် အိုလစ်ဆီကို အဓိက အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ နည်းပြ ပပ် ဂွါဒီယိုလာ အနေနဲ့ အသက် ၂၃ နှစ် အရွယ် ကစားသမားကို သူ့ရဲ့ အသင်း စွမ်းဆောင်ရည် တိုးတက်လာအောင် ဖြည့်ဆည်းပေးနိုင်မယ့်သူ အဖြစ် ယုံကြည်နေတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ် ကတော့ ပေါင်သန်း ၄၀ တန်ကြေး ရှိတဲ့ စွယ်စုံရ အေဂျက်စ် နောက်ခံလူ ဂျော်ရယ်လ် ဟာတိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပြီး အန်တွန် ဂါအီနှင့် မီကာ ဂေါ့တ်စ် တို့ကိုလည်း မျက်စိကျနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် ကတော့ လိုက်ပ်ဇစ် နည်းပြ မာကို ရို့စ်ရဲ့ နေရာကို ဆက်ခံမယ့်သူ အဖြစ် သတ်မှတ်ခံထားရကြောင်း စပိန် သတင်းဌာန Fichajesက ဖော်ပြလာပါတယ်။
မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆန် ကတော့ ဒီနွေရာသီမှာ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ဖို့ အလားအလာကောင်းနေပါတယ်။ အီဒါဆန် ကိုတော့ အဲလ်ဟီလာ၊ အဲလ်နာဆာနဲ့ အဲလ် အစ်တီဟတ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အန်ဒရေ အိုနာနာ နေရာမှာ အစားထိုးဖို့ ဂိုးသမားတွေ ရှာဖွေနေပြီး အေစီမီလန်က မိုက်ခ် မိုက်ဂ်နန်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဘရိုက်တန် တိုက်စစ်မှူး ယာအို ပီဒရို ကတော့ အခု နွေရာသီမှာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လိုနေပြီး လစ်ဗာပူးလ် ကလည်း သူတို့ရဲ့ တိုက်စစ်ကို အားကောင်းလာစေဖို့ ကြိုးပမ်းနေပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ အသင်းမှာ မျှော်လင့်ထားသလို ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့ အငှားတိုက်စစ်မှူး တီမို ဗာနာကို ပေါင် ၈.၅ သန်းနဲ့ အပြီးသတ် မဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဆက်စပ် သတင်းတွေအရ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါးနဲ့ လစ်ဗာပူးလ် တို့ဟာ အတ္တလန္တာ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီ ဖြစ်ကြောင်း စပိန် သတင်းဌာန Fichajes က ဖော်ပြလာပါတယ်။ ပရီးမီးယားလိဂ် မြို့ခံ ပြိုင်ဘက် အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီး တို့ကတော့ စပို့တင်း တောင်ပံကစားသမား ဖရန်စစ်ကို ထရင်ကာအိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလာကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.