ချန်ပီယံလိဂ်၁၆သင်းအဆင့်အတွက်မဲခွဲမှုတွေပြုလုပ်ပြီးနောက်လစ်ဗာပူးလ်ကတော့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ဒါပေမယ့်လည်းOptaရဲ့စူပါကွန်ပျူတာကတွက်ချက်မှုမှာတော့ကြိုးကြာနီတွေအနေနဲ့ချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးအသင်းအဖြစ်ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်းသိရပါတယ်။
Optaရဲ့စူပါကွန်ပျူတာကမဲခွဲပွဲမတိုင်ခင်ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေကိုတွက်ချက်ထုတ်ပြန်ခဲ့ရာမှာတော့လစ်ဗာပူးလ်က၂၀.၂ရာခိုင်နှုန်းနဲ့ရေပန်းအစားဆုံးအသင်းအဖြစ်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။လစ်ဗာပူးလ်ရဲ့ နောက်မှာတော့ အာဆင်နယ်က၁၆.၈ရာခိုင်နှုန်း၊ဘာစီလိုနာက၁၂.၇ရာခိုင်နှုန်းနဲ့အစဉ်လိုက်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်၁၆သင်းအဆင့်အတွက်မဲခွဲမှုတွေပြုလုပ်အပြီးမှာတော့ပီအက်စ်ဂျီနဲ့လစ်ဗာပူးလ်၊ကလပ်ဘရုဂေးနဲ့အက်စတွန်ဗီလာ၊ရီးရဲလ်မက်ဒရစ်နဲ့အက်တလက်တီကိုမက်ဒရစ်၊ပီအက်စ်ဗွီနဲ့အာဆင်နယ်၊ဘင်ဖီကာနဲ့ဘာစီလိုနာ၊ဒေါ့မန်နဲ့လိုင်လီ၊ဘေယန်မြူးနစ်နဲ့လေဗာကူဆင်၊ဖီယင်နော့ဒ်နဲ့အင်တာမီလန်တို့ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။ဒါ့အပြင်ကွာတားဖိုင်နယ်၊ဆီမီးဖိုင်နယ်နဲ့ဗိုလ်လုပွဲအထိလမ်းကြောင်းတွေလည်းကြိုတင်ရေးဆွဲထားပြီးဖြစ်ပါတယ်။ရေးဆွဲမှုအရပွဲစဉ်၁-၂၊ပွဲစဉ်၄-၃၊ပွဲစဉ်၅-၆၊ပွဲစဉ်၇-၈တွေမှာအနိုင်ရတဲ့အသင်းတွေဟာကွာတားဖိုင်နယ်အဆင့်မှာတွေ့ဆုံမှာလည်းဖြစ်ပါတယ်။

မဲခွဲပွဲအပြီးမှာတော့ပွဲစဉ်လမ်းကြောင်းအပေါ်မှာမူတည်ပြီးအပြောင်းအလဲဖြစ်သွားတဲ့အခြေအနေတွေကိုOptaကထပ်မံထုတ်ပြန်ခဲ့ရာမှာတော့လစ်ဗာပူးလ်က၁၇.၂ရာခိုင်နှုန်းကိုကျဆင်းသွားပေမယ့်လည်းရေပန်းအစားဆုံးအသင်းအဖြစ်ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ဒါ့အပြင်ဘာစီလိုနာက၁၅.၄ရာခိုင်နှုန်းနဲ့ဒုတိယနေရာကိုရောက်ရှိလာခဲ့ပြီးအာဆင်နယ်ကတော့၁၃.၆ရာခိုင်နှုန်းနဲ့တတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။အာဆင်နယ်ရဲ့အနောက်မှာတော့အင်တာမီလန်က၁၂.၇ရာခိုင်နှုန်း၊ရီးရဲလ်မက်ဒရစ်က၁၁.၆ရာခိုင်နှုန်းနဲ့အသီးသီးရပ်တည်လျက်ရှိပါတယ်။
ချန်ပီယံလိဂ်၁၆သင်းအဆင့်မှာပီအက်စ်ဂျီနဲ့တွေ့ဆုံနေတဲ့အပေါ်မှာတော့လစ်ဗာပူးလ်နည်းပြအာနေးဆလော့တ်ကအခုလိုပဲပြောကြားခဲ့ပါတယ်။“သူတို့ကဘရတ်စ်ကိုပြတ်ပြတ်သားသားအနိုင်ရပြီးချန်ပီယံလိဂ်၁၆သင်းအဆင့်ကိုတက်လှမ်းလာတဲ့အသင်းပါ။သူတို့ကလိဂ်အဆင့်မှာလည်းရလဒ်ကောင်းတချို့ရထားပြီးစတုဂတ်၊မန်ချက်စတာစီးတီး၊ဂီရိုနာနဲ့ဆဲလ်ဘာ့ဂ်တို့ကိုအနိုင်ရခဲ့ပါတယ်။ကျွန်တော်တို့လိုပဲပီအက်စ်ဂျီကပြည်တွင်းလိဂ်မှာထိပ်ဆုံးနေရာမှာရပ်တည်နေပြီးတော့အချိန်အကြာကြီးရှုံးပွဲမရှိသေးတဲ့အသင်းပါ။အဲဒါကကျွန်တော်တို့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုကဘယ်လောက်ရှိသလဲဆိုတာကိုပြသနေသလိုပါပဲ။ဒါပေမယ့်ဒါကကျွန်တော်တို့မျှော်လင့်ထားတဲ့စိန်ခေါ်မှုမျိုးပါပဲ။ကျွန်တော်တို့ကလည်း၁၆သင်းအဆင့်ကိုထိုက်တန်စွာရောက်ရှိလာခဲ့တာပါ။”လို့သုံးသပ်ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.