နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းမှာ ရှိတဲ့ ကစားသမား ၈ ဦးလောက် ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ လာမယ့် ရာသီမှာ အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ အတွက် အသင်းကို ပြန်လည် ဖွဲ့စည်း တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်စီးတီးဟာ အခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ခြင်း မရှိတော့တဲ့ အပြင် ချန်ပီယံလိဂ် ကနေလည်း စောစောစီးစီး ထွက်ခွာခဲ့ရတာကြောင့် ပပ် ဂွါဒီယိုလာက အသင်းကို အသစ် ပြန်လည် ဖွဲစည်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မန်စီးတီးဟာ အသင်းမှာ ရှိတဲ့ ကစားသမား ၈ ဦးလောက်ကို ရောင်းထုတ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက် အရ ဆိုရင် မန်စီးတီးက ဂရီးလစ်ရှ် အပါအဝင် ကီဗင် ဒီဘရွန်းနား၊ ဘာနာဒို ဆေးလ်ဗား၊ ဂျွန် စတုန်းစ်၊ မက်တီယို ကိုဗာချစ်၊ အိုင်ကေးလ် ဂွန်ဒိုအန်၊ အီဒါဆန်တို့ကို ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက အေစီမီလန်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ကိုင်လ် ဝေါလ်ကာ ကိုလည်း အပြီးသတ် ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် မန်စီးတီးဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလုပ်ရှုပ်ဖို့ ရှိနေပြီးတော့ အပြောင်းအလဲ များစွာ ဖြစ်လာဖို့လည်း ရှိပါတယ်။ ရောင်းထုတ်ခံရမယ့် ကစားသမားတွေထဲ မှာတော့ ဂရီးလစ်ရှ်က လွဲလို့ ကျန်ကစားသမား အားလုံးဟာ အသက် ၃၀ နဲ့ အထက် ဖြစ်ပါတယ်။ ဂရီးလစ်ရှ် ကတော့ လာမယ့် ၂၀၂၅ စက်တင်ဘာလမှာမှ အသက် ၃၀ ပြည့်မှာပါ။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အသက် ၂၆ နှစ် အောက် ကစားသမား ၄ ဦးကို ခေါ်ယူခဲ့ပြီး အသင်းရဲ့ ကစားသမား အင်အားကို ဖြည့်တင်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ လုံလောက်မှု မရှိသေးတာမျိုး တွေ့မြင်နေရပါတယ်။ ဒီအခြေအနေကို အသင်း ဘက်ကလည်း လက်ခံထားပြီး မကြာခင်မှာ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ မန်စီးတီးက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင် သန်း ၁၈၀ ဝန်းကျင် အသုံးပြုခဲ့ပြီးတော့ လာမယ့် နွေရာသီမှာလည်း အခုထက် ပိုမိုသုံးစွဲသွားဖို့ သေချာနေကြောင်း သိရပါတယ်။

မန်ချက်စတာစီးတီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု အတွက် မျှော်လင့်ချက်မဲ့နေပြီးတော့ အက်ဖ်အေဖလား တစ်ခုပဲ မျှော်လင့်နိုင်တော့တာ ဖြစ်ပါတယ်။
အခုတစ်ပတ်မှာ လစ်ဗာပူးလ်နဲ့ ထိပ်တိုက် ရင်ဆိုင်ကစားရမယ့် မန်စီးတီး

မန်စီးတီးဟာ နည်းပြ ပပ် ဂွါဒီယိုလာ လက်ထက်မှာ အင်္ဂလန် ဘောလုံးလောကရဲ့ အင်အား အကြီးဆုံး ကလပ် တစ်ခု ဖြစ်လာခဲ့တဲ့ အသင်းပါ။ ဒါပေမယ့်လည်း အခုနှစ် မှာတော့ မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ရာမှာ ရုန်းကန်နေရသလို ချန်ပီယံလိဂ် မှာလည်း ပလေးအော့ဖ် အဆင့်နဲ့ပဲ လက်ပြခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ လိဂ်အဆင့် ကနေ ပလေးအော့ဖ် အဆင့်အထိ ကစားရဖို့ အတွက် နောက်ဆုံးပွဲ အထိ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။ ဒါပေမယ့်လည်း ပလေးအော့ဖ် မှာတော့ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်း ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့ရကာ နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ရကာ ၂၀၁၂-၂၀၁၃ ဘောလုံး ရာသီ နောက်ပိုင်း ချန်ပီယံလိဂ် ကနေ အစောဆုံး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု အတွက် မျှော်လင့်ချက်မဲ့နေပြီးတော့ အက်ဖ်အေဖလား တစ်ခုပဲ မျှော်လင့်နိုင်တော့တာ ဖြစ်ပါတယ်။ မန်စီးတီးက လာမယ့် တနင်္ဂနွေနေ့ မှာလည်း အက်တီဟတ်ကွင်းမှာ အမှတ်ပေးဇယား ထိပ်ကနေ ဦးဆောင်နေတဲ့ လစ်ဗာပူးလ်ကို လက်ခံယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်