ရီးရဲလ်မက်ဒရစ် – မန်ချက်စတာစီးတီး
ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်တွေဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ ရီးရဲလ်မက်ဒရစ်ကဘာနေဗျူးမှာမန်ချက်စတာစီးတီးကိုဧည့်ခံကစားရမှာဖြစ်ပါတယ်။ပထမအကျော့ အက်တီဟတ်မှာနောက်ကျဂိုးတွေနဲ့ အနိုင်ရထားတဲ့ ရီးရဲလ်မက်ဒရစ်တို့ ဒုတိယအကျော့ အိမ်ကွင်းမှာရောအသာရသွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
ပထမအကျော့ မန်စီးတီးကွင်းမှာရီးရဲလ်မက်ဒရစ်ကအကောင်းဆုံးတုန့်ပြန် ကစားရင်းအဖိုးတန် နိုင်ပွဲရရှိခဲ့ပြီးချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုတက်လှမ်းဖို့ အခြေအနေကောင်းနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာချန်ပီယံလိဂ် ပြိုင်ပွဲအထာကိုနပ်နေတဲ့ အသင်းပီပီဘယ်လိုပုံစံမျိုးနဲ့ ကစားရင် နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မလဲဆိုတာကောင်းကောင်းသိနေတဲ့ အသင်းပါ။ ဒီပွဲမှာလည်းရီးရဲလ်မက်ဒရစ်ကအိမ်ကွင်းအားသာချက်နဲ့ အတူမန်စီးတီးကိုထပ်ပြီးအလဲထိုးဖို့ ကြိုးစားပါလိမ့်မယ်။မဖြစ်မနေနိုင်ပွဲရဖို့ ဖောင်ဖျက်ကစားလာမယ့် မန်စီးတီးရဲ့ အမှားတွေစောင့်ကစားမယ့် သဘောရှိပါတယ်။
မန်စီးတီးကတော့ အမှန်တိုင်းပြောရရင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုတက်လှမ်းနိုင်ဖို့ ဆိုတာ မျှော်လင့်ချက် ဝေဝါးနေပါပြီ။ ဂွါဒီယိုလာကိုယ်တိုင် ကတောင် ဖြစ်နိုင်ချေ ၁ ရာခိုင်နှုန်းပဲရှိတယ်လို့ ဝန်ခံထားတာပါ။ မန်စီးတီးကလည်းအသင်းကြီးတစ်သင်းဖြစ်လို့ ဘာမဆိုဖြစ်သွားနိုင်ပေမယ့် ရီးရဲလ်မက်ဒရစ် မဟုတ်တဲ့ တခြားအသင်းတွေနဲ့ ဆိုရင်တော့ ဖြစ်နိုင်ချေရှိပါတယ်။ ဂွါဒီယိုလာအနေနဲ့ ယခင် တွေ့ဆုံမှုတွေလိုရီးရဲလ်မက်ဒရစ်ကိုကျော်ဖြတ်နိုင်ဖို့ ဝှက်ဖဲတွေများရှိမလားဆိုပြီးတော့ မျှော်လင့်ကြည့်ချင်ပါသေးတယ်။ မန်စီးတီးပြီးခဲ့တဲ့ ပွဲမှာလည်းနယူးကာဆယ်ကိုအိုမာမာမွတ်ရှ်ရဲ့ ဂိုးမြူးမှုနဲ့ အတူအနိုင်ရထားလို့ စောင့်ကြည့်ချင်စရာတော့ ကောင်းနေပါတယ်။
နှစ်ဖက်အသင်းသတင်းများ

အခုပွဲကိုတော့ရီးရဲလ်မက်ဒရစ် ဘက်ကဗက်ဇ်ကွက်ဇ်၊ ကာဗာဟယ်နဲ့ မီလီတာအိုတို့ လွဲချော်ဖို့ ရှိပြီးရူဒီဂါ ကတော့ ပြန်လည် ပါဝင်လာဖွယ် ရှိပါတယ်။မန်စီးတီးဘက်မှာတော့ ဂရီးလစ်ရှ်၊ အာကန်ဂျီ၊ ရိုဒရီနဲ့ ဘော့ဘ်တို့ လွဲချော်မှာဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း
ရီးရဲလ်မက်ဒရစ် -ကော့တွာစ်၊ ဗယ်လ်ဗာဒီ၊ အဆန်စီယို၊ ရူဒီဂါ၊ မန်ဒီ၊ ကာမာဗင်ဂါ၊ ချူအာမန်နီ၊ ရိုဒရီဂို၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ်၊ အမ်ဘာပေး
မန်ချက်စတာစီးတီး-အီဒါဆင်၊ နူနက်စ်၊ ဒီးရာ့စ်၊ အေခီ၊ ဂဗာဒီယိုလ်၊ ဂွန်ဇာလက်ဇ်၊ ဆာဗင်ညို၊ ဆေးလ်ဗား၊ ဒီဘရွန်းနား၊ မာမွတ်ရှ်၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၁၅ ကြိမ်မှာ ၅ ကြိမ်စီနိုင်ပြီး ၅ ကြိမ် သရေကျထားပါတယ်။ ရီးရဲလ်မက်ဒရစ် အိမ်ကွင်းမှာကစားထားတဲ့ နောက်ဆုံး ၂ ပွဲဆက် သရေကျထားပါတယ်။ပြီးခဲ့တဲ့ ၅ ပွဲရလဒ်တွေကိုပြန်ကြည့်ရင်တော့ ရီးရဲလ်မက်ဒရစ်က ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးထားပြီးမန်စီးတီးကတော့ ၃ ပွဲနိုင်၊ ၂ ပွဲရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1X2 မှာရီးရဲလ်မက်ဒရစ်နိုင်ရင်၁.၉၆ဆ၊မန်ချက်စတာစီးတီးနိုင်ရင်၃.၀၆ဆ၊သရေဆိုရင်တော့၃.၇၈ဆပေးထားပါတယ်။အာရှဟန်းဒီးကပ်မှာတော့ ရီးရဲလ်မက်ဒရစ်ကသရေတစ်ဝက်ရှုံး၊ သရေရှုံး၊ တစ်လုံးတစ်ဝက်စားကြေးတွေပေးထားပြီးဂိုးပေါင်းကတော့ အပေါ်ကိုဦးတည်နေတဲ့ ကြေးမျိုးပါ။ ရီးရဲလ်မက်ဒရစ် အိမ်ကွင်းမှာနောက်ဆုံး ၂ ကြိမ်ဆက် သရေကျထားပြီးတော့ ဒီပွဲမှာလည်းရီးရဲလ်ကမန်စီးတီးရဲ့ အမှားကိုစောင့်ကစားပါလိမ့်မယ်။ ကျွန်တော် ကတော့ ဒီပွဲကိုသရေရလဒ်နဲ့ စွန့်စားချင်ပြီးဂိုးပေါ်လည်းကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
ရီးရဲလ်မက်ဒရစ် ၂-၂ မန်ချက်စတာစီးတီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.