နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်နဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေရင် ဘာစီလိုနာကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဗန်ဒိုက်ခ် | ပရီးမီးယားလိဂ်

နယ်သာလန် ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ စာချုပ်သစ်ချုပ်ဆို ရဖို့ ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗန်ဒိုက်ခ်က လက်ရှိ အချိန်ထိ လစ်ဗာပူးလ်နဲ့ စာချုပ်သစ် ကိစ္စတွေ အတွက် အဆင်မပြေသေးပါဘူး။ အကယ်၍သာ စာချုပ်သစ် မချုပ်နိုင်ခဲ့ရင်တော့ ဗန်ဒိုက်ခ်က လာမယ့် နွေရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားဖွယ် ရှိတယ်လို့ စပိန် မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။ 

လက်ရှိမှာ အသက်အရွယ် အားဖြင့် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ နယ်သာလန် ဝါရင့် ခံစစ်မှူးကြီးက ၂၀၁၈ ခုနှစ်မှာ ဆောက်သမ်တန် ကနေ လစ်ဗာပူးလ်ကို အဲဒီအချိန်တုန်းက စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်ဟာ လစ်ဗာပူးလ်ရဲ့ ခံစစ်ပိုင်း အတွက် နှစ်ပေါင်း များစွာ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ရှိခဲ့ပြီး လက်ရှိ ရာသီမှာလည်း အသင်းကို ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ ရှိနေအောင် စွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်ရဲ့ လက်ရှိ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်းက လပိုင်းမျှသာ ကျန်ရှိနေတော့တာ ဖြစ်ပြီး အသင်း ဘက်ကလည်း စာချုပ်သစ် ချုပ်ဆိုဖို ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်ထိတော့ ထူးခြားလာခြင်း မရှိသေးပါဘူး။

လစ်ဗာပူးလ်ဟာ ဒီရာသီမှာ အဓိက ကစားသမား ၃ ဦးကို တပြိုင်နက်တည်း စာချုပ်သက်တမ်းတိုးရဖို့ ရှိနေတာ ဖြစ်ပြီး မိုဆာလာ၊ အာနိုးလ် တို့ရဲ့ စာချုပ်ကိစ္စတွေ ကလည်း ဗန်ဒိုက်ခ် လိုပဲ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာနေတဲ့ အခြေအနေတွေကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ ဘေယန်မြူးနစ် တို့လို ဥရောပ ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ 

တာ့ရ် အပြင် ဗန်ဒိုက်ခ်ကိုပါ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ
တာ့ရ် အပြင် ဗန်ဒိုက်ခ်ကိုပါ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ

လစ်ဗာပူးလ်နဲ့ ဗန်ဒိုက်ခ် တို့ရဲ့ စာချုပ် အခြေအနေကို စိတ်ဝင်အစားဆုံး အသင်း ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ ဖြစ်ပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ခ် ကိုယ်တိုင်က အသင်းမှာ အဆင်မပြေ ဖြစ်နေတဲ့ ခရစ္စတန်ဆန်ရဲ့ နေရာမှာ ဗန်ဒိုက်ခ်နဲ့ အစားထိုးချင်နေတယ်လို့လည်း သိရပါတယ်။ ချဲလ်ဆီး ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ ဒိန်းမတ် နောက်ခံလူ ခရစ္စတန်ဆန်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကတည်းက အသင်း ကနေ ရောင်းထုတ်ခံရဖို့ နီးစပ်ခဲ့သူ ဖြစ်ပြီး လာမယ့် နွေရာသီ မှာတော့ ဘာစီလိုနာက မဖြစ်မနေ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ လေဗာကူဆင်နဲ့ စာချုပ် သက်တမ်းပြည့်မြောက်တော့မယ့် ယိုနသန် တာ့ရ် အပြင် ဗာဂျယ် ဗန်ဒိုက်ခ် ကိုပါ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကို ကတော့ ဗန်ဒိုက်ခ်ထက် အသက်အရွယ် ပိုမို ငယ်ရွယ်တဲ့ ယိုနသန် တာ့ရ် ကိုသာ ပိုပြီး အလိုရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘာစီလိုနာက တာ့ရ်ကို လေဗာကူဆင် ကနေ အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုတင် သဘောတူညီမှုတောင် ရယူထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ကစားသမား ကိုယ်တိုင် ကလည်း ဘာစီလိုနာလို ထိပ်တန်း အသင်း တစ်သင်းဆီ ပြောင်းရွှေ့လိုနေတာကြောင့် လာလီဂါ ကလပ် အနေနဲ့ တာ့ရ် ကိုပဲ ခေါ်ယူသွားနိုင်မလား။ ဗန်ဒိုက်ခ် ကိုပဲ ပိုင်ဆိုင်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်