မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပြီး လာမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ သူ့ရဲ့ ကစားသမား အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် အရေးကြီးတဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပါဝင် ကစားနိုင်ဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်းခေါင်းဆောင် အဖြစ် ပထမဦးဆုံး အကြိမ် တာဝန်ယူခွင့် ရရှိခဲ့ပြီးတော့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ ဟာလန်း အနေနဲ့ ညာဘက် ဒူးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီးတော့ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် ပွဲချိန် ၈၇ မိနစ်မှာ လူစားလဲခဲ့ရတာလည်း ဖြစ်ပါတယ်။

ဟာလန်းက ကွင်းထဲမှာ အနည်းငယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးနဲ့ မြင်တွေ့ခဲ့ရပေမယ့် လူစားလဲဖို့ ထွက်ခွာတဲ့ အချိန် မှာတော့ လမ်းလျှောက်နိုင်ခဲ့သလို ပွဲပြီးဆုံးချိန် အထိလည်း အရန်ခုံမှာ ထိုင်နိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေတွေကြောင့် ဂွာဒီယိုလာက ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်မိကြောင်း နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက “သူလဲကျသွားတဲ့ အချိန်မှာ အားလုံးက စိုးရိမ်နေကြတယ်။ ဒါပေမယ့် သူက ပြုံးရွှင်စွာပဲ လမ်းလျှောက် ထွက်သွားနိုင်ပါတယ်။ ဆရာဝန် ကလည်း ကျွန်တော့်ကို သတင်းဆိုး မပြောဘူး ဆိုတော့ သူ့ အနေနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဆရာဝန်နဲ့ စကားမပြောရသေးပါဘူး။ အခြေအနေ မဆိုးတာလည်း ဖြစ်နိုင်ပါတယ်။ ကိုင်လ် (ဝေါ်လ်ကာ) ထွက်သွားတဲ့ အချိန်မှာ ကီဗင် (ဒီဘရိုင်းနား) က ပထမ အသင်းခေါင်းဆောင် ဖြစ်လာပါတယ်။ အဲဒီနောက်မှာ ကျွန်တော်က အာလင်း (ဟာလန်း) ကို အဆိုပြုခဲ့တယ်။ သူက ဒီအသင်းမှာ ၁၀ နှစ် အထိ ရှိနေမှာပါ။ သိပ်မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဒီတာဝန်ကို ယူရမှာပါ။ ဒါက ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ဝမ်းသာစရာပါပဲ။ ဒါက အစပဲရှိပါသေးတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၃၅ ပွဲ ကစားရာမှာ ၂၇ ဂိုးသွင်းကာ ၃ ဂိုး ဖန်တီးပေးထားပါတယ်။ ဟာလန်းဟာ လက်ရှိ အချိန်ထိ မန်ချက်စတာစီးတီး အတွက် ပွဲပေါင်း ၁၃၃ ပွဲ ကစားထားပြီးတော့ ၁၁၇ ဂိုး သွင်းယူထားပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ပြီးတော့ အိုမာ မာမွတ်ရှ်ရဲ့ ၁၅ မိနစ် ဟက်ထရစ် အပါအဝင် ၄-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးက ရမှတ် ၄၄ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီးတော့ ဖောရက်စ် ကိုလည်း ၃ မှတ် အကွာနဲ့ ဖိအားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ချန်ပီယံလိဂ် မှာတော့ ပထမအကျော့ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် ၁၆ သင်း အဆင့်ကို တက်လှမ်းဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.