နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘယ်လင်ဟမ်ရဲ့ နောက်ကျဂိုးနဲ့ အက်တီဟတ်မှာ မန်စီးတီးကို အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ရှုူံးထွက် ပလေးအော့ဖ် ပထမအကျော့ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ အက်တီဟတ်မှာ အကြိတ်အနယ် ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ မန်စီးတီးက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီး မှာတော့ ၂-၃ ရလဒ်နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးက ၄-၂-၃-၁ အခင်းအကျင်းနဲ့ ကိုမှ အီဒါဆင်၊ ဒီးရာ့စ်၊ အာကန်ဂျီ၊ ဂဗာဒီယိုလ်၊ အေခီ၊ ဆေးလ်ဗား၊ စတုန်းစ်၊ ဒီဘရွန်းနား၊ ဆာဗင်ညို၊ ဂရီးလစ်ရှ်၊ ဟာလန်း တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တစ်ဖက်က ရီးရဲလ်မက်ဒရစ် ကလည်း ကော့တွာစ်၊ ချူအာမန်နီ၊ အဆန်စီယို၊ ဗယ်လ်ဗာဒီ၊ မန်ဒီ၊ ကာမာဗင်ဂါ၊ ဆယ်ဘာလော့စ်၊ ဘယ်လင်ဟမ်၊ ရိုဒရီဂို၊ ဗင်နီးစီးယပ်စ်၊ အမ်ဘာပေး တို့နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အဓိက ခံစစ်မှူးတွေ ဒဏ်ရာရနေခဲ့လို့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ချူအာမန်နီနဲ့ ဗယ်လ်ဗာဒီ တို့ကို ခံစစ်မှာ ထားကစားသွားခဲ့ရပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်က အခွင့်အရေး အသာနဲ့ ဘာနေဗျူး ကနေ ထိုင်စောင့်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ အပြည့်အဝ မျှော်လင့်ထားနိုင်ပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ ဒုတိယအကျော့မှာ ရလဒ်ကောင်းဖို့ လိုအပ်သွားတဲ့ မန်စီးတီး

ပွဲစတာနဲ့ အိမ်ရှင် မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပြီးတော့ ပွဲချိန် ၁၉ မိနစ် မှာတင်ပဲ ဟာလန်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲက သူတပြန် ကိုယ်တပြန်နဲ့ အကြိတ်အနယ် ရှိခဲ့ပြီး ဟာလန်း၊ အာကန်ဂျီနဲ့ ဗင်နီးစီးယပ်စ် တို့ရဲ့ အဆုံးသတ်တွေ ဂိုးဘားတန်းထိပြီး ထွက်နေခဲ့လို့သာ သွင်းဂိုးတွေ အဖြစ် မမြင်တွေ့ခဲ့ရတာပါ။ အဲဒီနောက် မန်စီးတီး ဘက်က ဂရီးလစ်ရှ်နဲ့ အာကန်ဂျီတို့ ဒဏ်ရာရသွားခဲ့တာကြောင့် ဖိုဒန်၊ လီဝစ်တို့ လူစားဝင်ခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာတော့ ဆယ်ဘာယော့စ်ရဲ့ ဖန်တီးပေးပို့မှု ကနေ အမ်ဘာပေးက မြေမကျ လှလှပပ ကန်သွင်းပြီး ရီးရဲလ်မက်ဒရစ် အတွက် ချေပပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လင်ဟမ်ရဲ့ အပိုင် ပိတ်သွင်းမှု ကောင်းမွန်ခဲ့ပေမယ့် အီဒါဆင် ကာကွယ်သွားခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ ဦးဆောင်ဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ ဖိုဒန်ကို ဆယ်ဘာယော့စ် ပင်နယ်တီ ဧရိယာထဲမှာ ပြစ်ဒဏ် ကျူးလွန်ခဲ့လို့ မန်စီးတီးတို့ ပင်နယ်တီ ရခဲ့ပြီး ဟာလန်းက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ထပ်ပေးလိုက်ရတဲ့နောက် သိသိသာသာ တိုက်စစ်တင်ကစားလာတဲ့ ရီးရဲလ်မက်ဒရစ်တို့ ပွဲပြီးခါနီးလေ အခွင့်အရေးတွေ ပိုရလေ ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၈၆ မိနစ်မှာတော့ ဗင်နီရဲ့ ကန်ချက်ကို အီဒါဆင် ပုတ်ထုတ်ရာ ကနေ အသင့် ပါလာတဲ့ ဘရာဟင်မ် ဒီးယက်ဇ်က ပိတ်သွင်းသွားခဲ့လို့ ရီးရဲလ်တို့ ချေပဂိုး ရခဲ့ပြီး ၉၀+၂ မိနစ် မှာတော့ ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ် အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့လို့ ၂-၃ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲဟာ ဂွါဒီယိုလာရဲ့ မန်စီးတီး နည်းပြ သက်တမ်း တစ်လျှောက် အက်တီဟတ်မှာ ပြိုင်ဘက်ရဲ့ ဂိုးပေါက် ကန်သွင်းမှု အများဆုံး ပြုလုပ်ခံခဲ့ရတဲ့ အထိ မှတ်တမ်းဝင်သွားခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်တို့ တဒိုင်းဒိုင်း ကန်သွင်းမှုတိုင်း ဂိုးမဝင်ခဲ့လို့သာ မန်စီးတီး သက်သာရာရခဲ့တာပါ။ နောက်တစ်ချက်က အရင် မန်စီးတီးနဲ့ အခု မန်စီးတီး မတူတာက ဦးဆောင်ဂိုးတွေ သွင်းပြီးတဲ့နောက်မှာ အလွယ်တကူ ချေပဂိုးတွေ ပြန်ပေးနေရတာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရပ်မျိုး ပီအက်စ်ဂျီ၊ ဖီယင်နော့ဒ် တို့နဲ့ ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ်တွေ မှာလည်း မြင်တွေ့ခဲ့ရပြီးပါပြီ။

ဒီလိုပြောလို့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် ကလည်း အကောင်းဆုံး အခြေအနေမှာ ရှိမနေပါဘူး။ ကာလို အန်ဆယ်လော့တီရဲ့ အသင်းဟာ ဆိုရင် ဒီရာသီ အသင်းကြီးတွေနဲ့ တွေ့ဆုံချိန်တိုင်း ရလဒ်မကောင်းထားပါဘူး။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ထုံးစံအတိုင်း အရေးကြုံရင် အမှားမလုပ်တတ်တဲ့ ကစားဟန် အတိုင်း ကစားသွားခဲ့ပြီး အရေးပါတဲ့ နိုင်ပွဲကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က အခွင့်အရေး အသာနဲ့ ဘာနေဗျူး ကနေ ထိုင်စောင့်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ အပြည့်အဝ မျှော်လင့်ထားနိုင်ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်