နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပို့တင်းကို ပေါ်တူဂီမြေမှာ အနိုင်ယူပြီး နောက်တစ်ဆင့် အတွက် အခြေအနေကောင်းသွားတဲ့ ဒေါ့မန် | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ ပထမနေ့ ပွဲစဉ်တွေရဲ့ နောက်ထပ် တစ်ပွဲ အဖြစ် စပို့တင်းလစ္စဘွန်းနဲ့ ဒေါ့မန်တို့ Jose Alvalade ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ ဒေါ့မန်က အိမ်ရှင် စပို့တင်းလစ္စဘွန်းကို ပေါ်တူဂီ မြေမှာ ဂိုးပြတ် အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ ခြေတစ်ဖက် လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံး ၄-၂-၃-၁ အခင်းအကျင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး စပို့တင်းလစ္စဘွန်း ဘက်မှာတော့ ဆေးလ်ဗား၊ ဖရက်စ်နေဒါ၊ ဒီယိုမန်ဒီ၊ စိန့်ဂျု့စ်၊ မားသီးယက်စ်၊ ဒီဘတ်စ်၊ ဆိုင်မွန်စ်၊ ကွန်ဒါ၊ ထရင်ကာအို၊ အာရူဟို၊ ဟာဒါ တို့ ပါဝင်ခဲ့ပေမယ့် ယိုကီးရက်စ် ကတော့ အရန်လူစားရင်းမှာပဲ ပါဝင်ခဲ့ပါတယ်။ နည်းပြသစ် နီကို ကိုဗက် ကလည်း အကောင်းဆုံး လူစာရင်း ဖြစ်တဲ့ ကိုဘယ်၊ ရှလော့တ်တာဘက်ခ်၊ ချန်၊ ဆဗန်ဆန်၊ ရွိုင်ရာဆန်၊ ဂရော့စ်၊ ဆဘစ်ဇာ၊ ဘရန့်တ်၊ ဂစ်တန်စ်၊ အဒီယီမီ၊ ဂူရက်ဆီ တို့နဲ့ ပွဲထက်စေခဲ့ပါတယ်။ 

ရှုံးနိမ့်ခဲ့တဲ့ စပို့တင်းလစ္စဘွန်း အတွက် ကတော့ ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်နဲ့ပဲ လှည့်ပြန်ရဖို့ များသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ စပို့တင်းလစ္စဘွန်း

ပထမပိုင်း ပွဲချိန်တွေမှာ နှစ်သင်းစလုံး အပြန်အလှန် ကစားနိုင်ခဲ့ကြပြီး အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် ပွဲချိန် မိနစ် ၆၀ အထိ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ ပွဲချိန် မိနစ် ၆၀ မှာတော့ ကွင်းလယ်လူ ဘရန့်တ်ရဲ့ ဖန်တီးပေးမှု ကနေ ဂူရက်ဆီက ခေါင်းတိုက်ကာ ဒေါ့မန် အတွက် သွင်းဂိုး စတင် ရယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ရပြီးတဲ့နောက်မှာလည်း ဒေါ့မန်က ပွဲကို ဆက်လက် လွှမ်းမိုးနိုင်ခဲ့ပြီး စပို့တင်းက တန်ပြန်ပဲ ချောင်း ကစားခဲ့ရပါတယ်။ ၆၈ မိနစ် မှာ ဂူရက်ဆီရဲ့ ဖန်တီးပေးမှု ကနေ ဂရော့စ်က ဒုတိယဂိုး၊ ၈၂ မိနစ်မှာ ဘရန့်တ်ရဲ့ ဖန်တီးပေးမှု ကနေ အဒီယီမီက တတိယဂိုးတွေကို သွင်းယူခဲ့လို့ ဒေါ့မန်တို့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဆာဟူး ဂူရက်ဆီက ထူးထူးခြားခြား ခြေစွမ်းပြသွားနိုင်ခဲ့ပြန်ပြီး စံချိန်ကောင်းတွေလည်း တင်နိုင်ခဲ့ပါတယ်။ ဂူရက်ဆီဟာ ဒေါ့မန် အတွက် ဒီရာသီမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီလည်း ဖြစ်သလို ချန်ပီယံလိဂ် မှာလည်း သွင်းဂိုး ၁၀ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ဒေါ့မန် ကစားသမား တစ်ဦး အတွက် တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းနိုင်ခဲ့ခြင်း အဖြစ်လည်း မှတ်တမ်းကောင်း ရရှိသွားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဒေါ့မန်ဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေ တော်တော်လေး ကောင်းသွားပြီ ဖြစ်ပြီး အဝါရောင် တံတိုင်းမှာ အခွင့်အရေးအသာနဲ့ စောင့်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲက ဒေါ့မန် နည်းပြသစ် နီကို ကိုဗက် ကိုလည်း အဖွင့်လှသွားခဲ့တာလည်း ဖြစ်ပါတယ်။

အကယ်၍ ဒေါ့မန်သာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တော့ လိုင်လီ သို့မဟုတ် အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ စပို့တင်းလစ္စဘွန်း အတွက် ကတော့ ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်နဲ့ပဲ လှည့်ပြန်ရဖို့ များသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်