ချန်ပီယံလိဂ် ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ ပွဲစဉ် မှာတော့ ပီအက်စ်ဂျီက ဘရတ်စ်ကို အဝေးကွင်း ၀-၃ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ပြင်သစ် နှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ခဲ့တဲ့ ဒီပွဲကို လူးဝစ္စ အန်နရီကေးရဲ့ အသင်းက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ပြတ်သားတဲ့ နိုင်ပွဲ အရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင် ဘရတ်စ် ဘက်က အဓိက ကစားသမား တချို့ ဒဏ်ရာရနေခဲ့ပေမယ့် အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပီအက်စ်ဂျီ ကလည်း ဇိုင်းအမ်မရီနဲ့ အမ်ဘာရီ တို့က လွဲလို့ အကောင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။ အူစမန်နီ ဒမ်ဘီလီကို အထောင် တိုက်စစ်မှူး အဖြစ် ထားပြီး ဘာကိုလာ၊ ဒူရေး၊ ရူအစ်ဇ်၊ ဗစ်တင်ဟာ၊ နီးဗက်စ်၊ မန်းဒက်စ်၊ ပါချို၊ မာကွင်ညော့စ်၊ ဟာကီမီ၊ ဒွန်နာရမ်းမား တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲကစားချိန် ၂၁ မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် ဗစ်တင်ဟာက ပီအက်စ်ဂျီ အတွက် ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီးမှာတော့ ဟာကီမီရဲ့ ဖန်တီးပေးမှု ကနေ အူစမန်နီ ဒမ်ဘီလီက ဒုတိယဂိုး အဖြစ် သွင်းယူပေးခဲ့လို့ ပီအက်စ်ဂျီတို့ ၂-၀ ရလဒ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင်မှာလည်း ပီအက်စ်ဂျီတို့ တတိယဂိုး ရရှိခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ အဲဒီနောက် အိမ်ရှင် အသင်းက လူစား ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဒမ်ဘီလီက တတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့လို့ ၀-၃ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ပီအက်စ်ဂျီက အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် တွေ့ဆုံချိန်တိုင်းမှာ အမြဲတမ်း အသာရခဲ့တဲ့ ဘရတ်စ်ကို ဘောလုံးပိုင်ဆိုင်မှု ခြေစွမ်းအသာနဲ့ ကစားပြီး အနိုင်ရခဲ့တာပါ။ ပထမပိုင်းမှာ ပီအက်စ်ဂျီတို့ အမှားတချို့ လုပ်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ ဂိုးမပေးခဲ့ရသလို ဘရတ်စ်ရဲ့ တိုက်စစ် အဆုံးသတ်တွေ ကလည်း ညံ့ခဲ့ပါတယ်။ ဂိုးပေါက် ကန်ချက်မှာ ၁၆ ကြိမ်စီ တူညီခဲ့ပေမယ့် ပီအက်စ်ဂျီက ဂိုးပေါက် တည့်မှု ၇ ကြိမ် ရှိခဲ့ပြီး သွင်းဂိုး ၃ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့သူ ကတော့ တိုက်စစ်မှူး အူစမန်နီ ဒမ်ဘီလီ ဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ်က နေမာ ပြီးနောက် ၈ ပွဲ ဆက်တိုက် သွင်းယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ပြင်သစ်သားဟာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ ၁၈ ဂိုး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ ဒီဇင်ဘာလ အစကတည်းက စပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ တခြားသော ကစားသမားတွေထက် ဂိုးပိုမို သွင်းယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် ပီအက်စ်ဂျီဟာ ဒုတိယအကျော့ကို ဖိအားကင်းကင်းနဲ့ ကစားနိုင်ဖို့ ရှိခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ချေလည်း များသွားခဲ့ပြီ ဖြစ်ပါတယ်။ အကယ်၍ ပီအက်စ်ဂျီသာ ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တော့ လစ်ဗာပူးလ် သို့မဟုတ် ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.