ကိုင်လ် ဝေါလ်ကာ ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး ကနေ စီးရီးအေ ထိပ်သီး အေစီမီလန်ကို အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝေါလ်ကာက ပပ် ဂွာဒီယိုလာရဲ့ အသင်း ကနေ ထွက်ခွာခွင့် တောင်းဆိုခဲ့ပြီးနောက် စီးရီးအေ ကလပ် အေစီမီလန်က အင်္ဂလန်သားကို လက်ဦးမှု ရယူကာ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူက အေစီမီလန်ကို ကနာဦး အငှား + အပြီးသတ် ဝယ်ယူခွင့်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဝေါလ်ကာက ပြီးခဲ့တဲ့ ကြာသပတေးနေ့က မီလန်မြို့မှာ ဆေးစစ်မှု ခံယူခဲ့ပြီးနောက် အေစီမီလန်က တရားဝင် ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ ကလပ် နှစ်သင်း အကြား သဘောတူညီချက် အရ ယူရို 5 သန်း (ပေါင် ၄.၂ သန်း) နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။
အေစီမီလန်နဲ့ စာချုပ် လက်မှတ်ထိုးပြီးနောက် ကိုင်လ် ဝေါလ်ကာက “မန်စီးတီးနဲ့ ပတ်သတ်ပြီးတော့လား။ ဘယ်က စပြောရမလဲတောင် မသိပါဘူး။ ၂၀၁၇ ခုနှစ်မှာ မယုံကြည်နိုင်စရာ ကောင်းတဲ့ ကလပ်ကို ပြောင်းရွှေ့ဖို့ အိပ်မက် တစ်ခု အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ ခုနစ်နှစ် ကြာတော့ ချန်ပီယံလိဂ်နဲ့ အဓိက ဆုဖလားတွေ အပါအဝင် ဆုဖလား ၁၇ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ငယ်ငယ်က မက်ခဲ့တဲ့ အိပ်မက်ပါ။ ထိပ်တန်း ကစားသမား များစွာနဲ့ တွဲကစားခဲ့ရတာက ကျွန်တော့်ကို အကောင်းဆုံး ပုံစံ ဖြစ်အောင် တွန်းအားပေးခဲ့ပြီး အက်တီဟတ်မှာ ကျွန်တော် ရခဲ့တဲ့ အခွင့်အရေး အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ဝေါလ်ကာက “နောက်ကွယ်မှာ မမောမပန်း အလုပ်လုပ်ပေးကြတဲ့ လူပေါင်း များစွာ၊ နည်းပြ ဝန်ထမ်းတွေ၊ နည်းပြ အဖွဲ့ဝင်တွေ အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်။ နေ့စဉ် ပျော်စရာ ကောင်းအောင် ဖန်တီးပြီးတော့ ကျွန်တော်တို့ အကောင်းဆုံး ဖျော်ဖြေနိုင်ဖို့ အတွက် ပုံစံမျိုးနဲ့ ပံ့ပိုးပေးခဲ့ပါတယ်။ ကျွန်တော့် မန်စီးတီးမှာ စတင် လျှောက်လှမ်းချိန် ကတည်းက ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ အတူတူမျှ ဝေမျှပေးခဲ့တဲ့ အောင်မြင်မှုတွေ အတွက် အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေ သာမက မိသားစုဘဝ အတွက်ပါ ကျေးဇူးတင်ပါတယ်။”
“ပပ် ဂွါဒီယိုလာ အတွက် ကတော့ ၂၀၁၇ ခုနှစ်မှာ ကျွန်တော့်ကို ယုံကြည်ပြီး ဒီကို လာဖို့ ကြိုးပမ်းပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဆုဖလား ၁၇ ခု အတွက် အတူတူ အောင်ပွဲခံခဲ့ပြီး သူ့ရဲ့ လမ်းညွှန်မှုက ကျွန်တော့်ကို ဒီနေ့မှာ ဒီလို ကစားသမား ဖြစ်လာအောင် ပုံဖော်ပေးခဲ့ပါတယ်။ ထာဝရလည်း အမှတ်ရနေမှာပါ။ ကျေးဇူးတင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဝေါလ်ကာ ဟာ အင်္ဂလန် ကစားသမား ၃ ယောက် ဖြစ်တဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ်၊ တမ်မီ အေဘရာဟမ်နဲ့ ဖီကာယို တိုမိုရီ တို့ ပြီးရင် ဆန်စီရိုကို ပြောင်းရွှေ့ခဲ့တဲ့ စတုတ္ထမြောက် ကစားသမားလည်း ဖြစ်ပါတယ်။ အေစီမီလန်ဟာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေး အတွက် အားဖြည့်တဲ့ အနေနဲ့ ဝေါလ်ကာကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်က လက်တလော စီးရီးအေ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီးတော့ အဆင့် ၄ နေရာက လာဇီယိုနဲ့ ၈ မှတ် အကွာမှာ ရပ်တည်နေကာ ဇယားထိပ်က နာပိုလီနဲ့ ၁၉ မှတ် အထိ ကွာဟနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.