ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကတော့ နည်းပြ နူရီ ဆာဟင်ကို ရာထူး ကနေ ထုတ်ပယ်ပြီးနောက် မှာတော့ အစားထိုးခန့်ဖို့ နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ့မန်က ထိပ်တန်း နည်းပြ တော်တော်များများကို လျာထား စာရင်းမှာ ထည့်သွင်းထားပြီး ရီးရဲလ်ဘက်တစ် နည်းပြ မန်ဝဲလ် ပယ်လီဂရီနီကိုလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ဒေ့ါမန်ဟာ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်ကို အစားထိုး ခန့်အပ်ဖို့ အတွက် အဓိက ပစ်မှတ်ထား ကြိုးပမ်းနေပေမယ့် တန်ဟက်ဂ်က ရာသီဝက်နဲ့ တာဝန်မယူချင်ပဲ ရာသီသစ်မှာသာ အသင်း တစ်သင်းကို ကိုင်တွယ်ချင်နေတာ ဖြစ်ပါတယ်။ အေဂျက်စ်နဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်က ဘေယန်မြူးနစ် အရန် အသင်းရဲ့ နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်တာကြောင့် ဒေါ့မန်က လစ်လပ်နေတဲ့ နည်းပြ ရာထူး အတွက် တန်ဟက်ဂ်ကို အဓိက ပစ်မှတ်ထားနေတာပါ။ ဂျာမန် ဘောလုံးလောကမှာ ကျင်လည်ခဲ့တဲ့ တန်ဟက်ဂ်ကို ဒေါ့မန်က လက်တလော ချိတ်ဆက်မှုတွေ ရှိထားပြီး နယ်သာလန်သားရဲ့ ဆုံးဖြတ်ချက် ကလည်း အဓိကကျလာဖို့ ရှိပါတယ်။ တန်ဟက်ဂ်က လက်ရှိမှာ ကလပ် လက်မဲ့ ဖြစ်နေတာကြောင့် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်က အလွယ်တကူ သဘောတူညီမှု ရဖို့ မျှော်လင့်နေတာပါ။
ဒေါ့မန်က လက်ရှိမှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၁၀ နေရာ အထိ ရောက်နေရခဲ့သလို ချန်ပီယံလိဂ် မှာလည်း ပလေးအော့ဖ် ကစားရဖို့ များနေပြီးတော့ နောက်တစ်ဆင့် တက်ရေး အတွက် ခက်ခဲဖို့ ရှိနေပါတယ်။ ဒေါ့မန်က နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးပွဲ ကြုံခဲ့ပြီး ဒီအချက်ကြောင့်ပဲ ဆာဟင်ကို ရာထူး ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။
ဒေါ့မန် အနေနဲ့ တန်ဟက်ဂ် အပြင် ထိပ်တန်း နည်းပြ အများအပြားကို ချိန်ရွယ်နေပြီး စတုဂတ် နည်းပြ ဆဘက်ရှ် ဟိုးနက်စ် ကိုလည်း ပစ်မှတ်ထားနေပါသေးတယ်။ ဒေါ့မန်ရဲ့ ပစ်မှတ် နည်းပြ စာရင်း မှာတော့ ဘင်ဖီကာ၊ လေဗာကူဆင်နဲ့ ပီအက်စ်ဗွီ နည်းပြဟောင်း ရော်ဂျာ ရှမစ်နဲ့ ဘေယန်မြူးနစ်၊ ဖရန့်ဖတ်နဲ့ ဝုဖ်ဘတ် တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နီကို ကိုဗက်စ် တို့ ပါဝင်နေပြီး အခုနောက်ဆုံး မှာတော့ ပယ်လီဂရီနီလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၇၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပယ်လီဂရီနီက မန်ချက်စတာစီးတီးကို ကိုင်တွယ်နေစဉ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပယ်လီဂရီနီက ရီးရဲလ်ဘက်တစ်ကို ၂၀၂၀ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့ပြီးတော့ ပွဲပေါင်း ၂၂၉ ပွဲမှာ ၁၀၇ ပွဲနိုင်၊ ၅၆ ပွဲ သရေ၊ ၆၆ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ ရီးရဲလ်ဘက်တစ်ဟာ ဒီရာသီ ပယ်လီဂရီနီ လက်ထက် မှာတော့ တော်တော်လေး ရုန်းကန်နေရပါတယ်။ ဘက်တစ်က လာလီဂါ မှာလည်း နိုင်ပွဲ ၆ ပွဲသာ ရထားသလို ရှုံးပွဲ ကတော့ ၇ ပွဲ ရှိနေကာ ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၁၃ နေရာ ရောက်ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.