စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ ပီအက်စ်ဂျီက ပြင်သစ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို ရာသီကုန် အထိ ၆ လ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ မူအာနီဟာ ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ အတွက် အချိန်အတော်ကြာ သတင်းကြီးခဲ့ပြီး နောက်ဆုံး မှာတော့ စီးရီးအေကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ် အရွယ် မူအာနီက ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီ အပြောင်းအရွှေ့မှာ ဖရန့်ဖတ် ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ ကြေး ယူရို သန်း ၈၀ နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ပီအက်စ်ဂျီက မူအာနီကို ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း ကစားသမားက ဒီရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာကြောင့် အခုလို အငှားနဲ့ လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ မူအာနီကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်တဲ့ အတွက် ငှားရမ်းခ အဖြစ် ယူရို ၁ သန်း ပေးချေရမှာ ဖြစ်ပြီး စွမ်းဆောင်ရည်ပေါ် မူတည်ပြီးလည်း ယူရို ၂ သန်း ထပ်မံ ပေးချေရမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီက မူအာနီကို အစောပိုင်း ကတည်းက အငှားချဖွယ်ရှိခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ ယူနိုက်တက်၊ အာဆင်နယ် စပါး တို့နဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မူအာနီက နောက်ဆုံးမှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် မှာတော့ “တူရင်ကို သူရောက်ရှိလာတာက သီယာဂို မော့တာရဲ့ လူစာရင်း အတွက် အရေးပါတဲ့ အားဖြည့်မှု တစ်ခုပါပဲ။ သူက အရည်အသွေးရော အတွေ့အကြုံပါ အသင်း အတွက် ယူဆောင်လာတဲ့သူပါ။ ကြိုဆိုပါတယ် မူအာနီ။” ရေးသား ဖော်ပြထားပါတယ်။
အခုလို ဂျူဗင်တပ်စ်က မူအာနီကို ခေါ်ယူ အားဖြည့်လိုက်တာကြောင့် ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကတော့ အသင်း ပြောင်းရွှေ့နိုင်ချေ ပိုများသွားခဲ့ပြီ ဖြစ်ပါတယ်။ ဗလာဟိုဗစ် ကိုတော့ ချဲလ်ဆီးက ခေါ်ယူချင်နေတာ ဖြစ်ပြီး မေးမြန်းမှုတွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ချဲလ်ဆီးက လက်ရှိ ဇန်နဝါရီ အပြောင်းအရှေ့မှာ အန်ကွန်ကူကို ရောင်းထုတ်ပြီးရင်တော့ ဗလာဟိုဗစ်နဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ် ကတော့ ၂၀၂၂ ဇန်နဝါရီမှာ ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်စ်ကို ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဗလာဟိုဗစ်က ဂျူဗင်တပ်စ် အတွက် ပြိုင်ပွဲစုံ ၁၂၅ ပွဲ ကစားပြီး ၅၃ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့်လည်း ဗလာဟိုဗစ်က လက်ရှိမှာ တစ်နှစ် လုပ်ခ လစာ ပေါင် ၁၀ သန်းအောက်သာ ရရှိနေသလို ဂျူဗင်တပ်စ် ကလည်း လစာ ထပ်မံ လျှော့လိုနေတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေပါတယ်။ ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ ချဲလ်ဆီးက အခွင့်ကောင်းယူကာ ဗလာဟိုဗစ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.