နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝုဗ် ကနေ ထွက်ခွာနိုင်ချေ ရှိနေသေးတဲ့ မားသီးယပ်စ် ကူညာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ်နဲ့ ယူနိုက်တက် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဝုဗ် တိုက်စစ်မှူး မားသီးယက်စ် ကူညာ ကတော့ ဇန်နဝါရီ အပြော်ငးအရွှေ့မှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေသေးကြောင်း သိရပါတယ်။

ဒီရာသီမှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အတွက် ပြိုင်ပွဲစုံ ၂၂ ပွဲ ကစားပြီး ၁၀ ဂိုးသွင်းကာ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားတဲ့ ကူညာ ကိုတော့ အာဆင်နယ်က ထိပ်ဆုံးက စိတ်ဝင်စားနေသလို ယူနိုက်တက် ကလည်း စိတ်ဝင်စားနေတဲ့ အသင်း စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဘရာဇီးလ် လက်ရွေးစင် ကစားသမား အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူဖို့ပါ အသင့် ရှိနေကြတာ ဖြစ်ပါတယ်။ 

အစောပိုင်း သတင်းတွေ အရ ဆိုရင် ဝုဗ်ဟာ ကူညာကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပေမယ့်လည်း လက်ရှိ မှာတော့ စာချုပ်ပေါ်မှာ လက်မှတ်ထိုးဖို့ ကြန့်ကြာနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကူညာက ဒီအပြောင်းအရွှေ့မျာ အသင်း ကနေ ထွက်ခွာနိုင်ချေ ရှိနေသေးကြောင်း နာမည်ကျော် ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမီနိုက အတည်ပြုထားခဲ့ပါတယ်။

Daily Mail ရဲ့ ထပ်မံ ဖော်ပြချက်အရ ကူညာကို နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ နော့တင်ဟမ်ဖောရက်စ် ကလည်း လက်ကျန် ဆောင်းရာသီ ဈေးကွက်ရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ကူညာက ဝုဗ်နဲ့ သက်ဆိုင်သူ ဖြစ်ကြောင်း ပြောလာတဲ့ ပါရဲရား

ပြီးခဲ့တဲ့ တနင်္လာနေ့က ချဲလ်ဆီးကို ၃-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဝုဗ် နည်းပြ ဗစ်တာ ပါရဲရားက ကူညာရဲ့ အပြုအမူနဲ့ ပတ်သတ်လို့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလို နည်းပြ ဖြစ်သူရဲ့ ပြင်းထန်တဲ့ စကားလုံး တချို့ကြောင့် အဖြစ်အပျက်တွေက ပိုမို ရှုပ်ထွေးလာခဲ့ပြီး ကူညာ တစ်ယောက် အသင်းပြောင်းဖို့ စဉ်းစားနေကြောင်းလည်း သတင်းတွေ ထွက်နေခဲ့ပါတယ်။ ဗစ်တာ ပါရဲရားက “သူဟာ အသင်းခေါင်းဆောင်ပါ။ သူအနိုင်ရလိုတာကြောင့် စိတ်ပျက်ခွင့် ရှိပါတယ်။ အဝတ်လဲခန်းထဲက လူတိုင်းက အနိုင်ရချင်ကြပါတယ်။ သူ့ရဲ့ အပြုအမူကို ကျွန်တော် သဘောမကျပါဘူး။ ဒီတစ်ကြိမ်မှာ ကျွန်တော် လက်ခံပေးလို့ ရပေမယ့် နောက်တစ်ကြိမ်တော့ မရပါဘူး။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ပါရဲရားက ကူညာရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့တော့ အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်ထားပြီး ကူညာက ဝုဗ်နဲ့ သက်ဆိုင်သူ ဖြစ်ကြောင်း တခြား အသင်းတွေက စိတ်ဝင်စားလာတဲ့ အခါ သူက လူသား တစ်ဦး ဖြစ်ပြီး ဒီလို ကိစ္စတွေက ဘောလုံးမှာ ပုံမှန်ပဲ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Daily Mail ရဲ့ ထပ်မံ ဖော်ပြချက်အရ ကူညာကို နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ နော့တင်ဟမ်ဖောရက်စ် ကလည်း လက်ကျန် ဆောင်းရာသီ ဈေးကွက်ရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ တခြားသော သတင်းတွေ မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စိတ်ဝင်စားနေကြောင်း ဖော်ပြလျက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်