ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ မနေ့ညက ကစားခဲ့တဲ့ အဲလ်ခါလီနဲ့ ပွဲမှာ ၂ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ အဲလ်နာဆာက ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ၃-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ပေါ်တူဂီ တိုက်စစ်မှူးကြီး ကလည်း အသင်း အတွက် ပြိုင်ပွဲစုံ ဂိုးပါဝင် ပတ်သက်မှု ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ကလပ် အတွက် ပြိုင်ပွဲစုံ ၉၂ ပွဲ ကစားခဲ့ရာမှာ ၈၃ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ပွဲ ၇၀နဲ့ အထက် ကစားခဲ့တဲ့ အသင်းတိုင်းမှာ ဂိုးပါဝင် ပတ်သက်မှု ဂိုး ၁၀၀ ပြည့်မြောက်တဲ့ မှတ်တမ်းလည်း ဝင်သွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကလပ်နဲ့ နိုင်ငံတကာ ကစားသမား ဘ၀ သွင်းဂိုး စုစုပေါင်း ၉၁၉ ဂိုး အထိ ရှိလာခဲ့ပြီးတော့ သူရည်ရွယ်ထားတဲ့ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ရန် အတွက် ၈၁ ဂိုးသာ လိုအပ်တော့တာလည်း ဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလမှာ အသက် ၄၀ ပြည့်မယ့် ခရစ္စတီယာနို ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သေချာနေသူ ဖြစ်ပါတယ်။ စာချုပ်သစ် အရ ဆိုရင် ရော်နယ်ဒိုက တစ်နှစ်ကို ယူရို သန်း ၂၀၀ (အမေရိကန် ဒေါ်လာ ၂၀၄ သန်း) ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းတွေရဲ့ ဖော်ပြချက် အရ ရော်နယ်ဒိုရဲ့ စာချုပ်သစ်ဟာ လက်မှတ်ထိုးကြေး၊ ပုံရိပ် မူပိုင်ခွင့်တွေ အပေါ်မှာ မူတည်နေပြီးတော့ ယူရို သန်း ၂၀၀ အထက်တောင် ရှိနိုင်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက မန်ချက်စတာယူနိုက်တက် ကနေ အဲလ်နာဆာကို နှစ်နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး လက်ရှိ စာချုပ် ကတော့ ရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ စာချုပ်ပါ သဘောတူညီချက်တွေအရ တစ်နှစ် သက်တမ်း တိုးခွင့် ရှိထားပြီး ဒီအချက်ကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒို အနေနဲ့ တစ်လကို ဒေါ်လာ ၁၇ ဒသမ ၇၅ သန်း၊ တစ်ပတ်ကို ဒေါ်လာ ၄ ဒသမ ၄၃ သန်း၊ တစ်ရက်ကို ၆၃၃၉၂၈ ဒေါ်လာ၊ တစ်နာရီကို ၂၄၄၁၃ ဒေါ်လာ၊ တစ်မိနစ်ကို ၄၀၆ ဒသမ ၈၈ ဒေါ်လာ၊ တစ်စက္ကန့်ကို ၆ ဒသမ ၇၈ ဒေါ်လာ ရရှိနေမှာလည်း ဖြစ်ပါတယ်။ လက်ရှိ စာချုပ်သစ်ကြောင့် ရော်နယ်ဒိုကို အသက် ၄၁ နှစ်ကျော် အထိ ဘောလုံး ကစားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ စာချုပ်သစ်ဟာ အားကစား သမိုင်းရဲ့ တန်ဖိုး အမြင့်ဆုံး အဖြစ်လည်း မှတ်တမ်းဝင်ဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပေါ်တူဂီ အသင်းခေါင်းဆောင်က ဆော်ဒီအာရေဗျ နိုင်ငံမှာ ကျင်းပမယ့် ၂၀၃၀ ကမ္ဘာ့ဖလားရဲ့ သံတမန်လည်း ဖြစ်ပြီးတော့ ဘောလုံးသမား ဘဝ ကနေ အနားယူချိန်မှာတော့ ဆော်ဒီအာရေဗျမှာ ဘောလုံး အဆင့်အတန်း မြှင့်တင်ရေးနဲ့ ထိပ်တန်း ပြိုင်ပွဲတွေ လက်ခံကျင်းပခွင့် ရရှိရေးတွေ အတွက် အဓိကထား လုပ်ကိုင်သွားရဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.