ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ကစားသမား ၂ ဦး အလိုက်ပေး ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အာဆင်နယ်က စပိန် လက်ရွေးစင် ကွင်းလယ် ကြယ်ပွင့်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဆိုစီဒက် အသင်းထံ တရားဝင် ကမ်းလှမ်းခဲ့တာလည်း ဖြစ်ကြောင်း သိရပါတယ်။
ဂန်နားတွေက အသက် ၂၅ နှစ် အရွယ် ဇူဘီမန်ဒီ အတွက် ပေါင် ၂၅ သန်းနဲ့ ယာကုဗ် ကီဗီယောနဲ့ တိုမီယာဆု တို့ကို အလိုက် ပေးကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်း စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဇူဘီမန်ဒီ ကိုတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ လစ်ဗာပူးလ်က အသည်းအသန် စိတ်ဝင်စားခဲ့သလို ကမ်းလှမ်းမှုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ဆိုစီဒက် မှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင်က ပရီးမီးယားလိဂ်မှာ ကစားဖို့ ဆန္ဒရှိနေကြောင်း ဖွင့်ဟ ပြောဆိုထားပါတယ်။
အစောပိုင်း သတင်းတွေအရ ဆိုရင် အာဆင်နယ်က ဇူဘီမန်ဒီရဲ့ စာချုပ် လျော်ကြေး ယူရို သန်း ၆၀ (ပေါင် ၅၁ သန်း) ကို ပေးချေဖို့ အဆင်သင့် ရှိနေပြီးတော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိဖို့ အတွက် ညှိနှိုင်းနေရာ မှာလည်း အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အာဆင်နယ်ဟာ အထောင် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်း အားနည်းမှု ပြသနာက လက်ရှိမှာ တော်တော်လေး ဆိုးရွားနေပြီးတော့ အသင်းရဲ့ ရလဒ်ပိုင်း ကိုပါ ထိခိုက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူဖို့ ရှိမရှိနဲ့ ပတ်သတ်လို့ ဖြေကြားရာမှာတော့ အားရစရာ မရှိခဲ့ပါဘူး။ ဒီလို အာတေးတားရဲ့ အင်တာဗျူး ဖြေကြားမှု အပြီး နာရီပိုင်း အကြာမှာတော့ ဇူဘီမန်ဒီကို အာဆင်နယ်က ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ အဓိက တောင်ပံ တိုက်စစ် ကစားသမား ဘူကာယို ဆာကာကို အချိန်ကာလ ကြာမြင့်စွာ လက်လွှတ်ထားရသလို ဂါဘရီရယ် ဂျေဇုစ် ကိုလည်း ACL ဒဏ်ရာကြောင့်ပဲ ထပ်မံ လွှတ်ထားခဲ့ရပါတယ်။ ပရိသတ်တွေ ကတော့ နည်းပြ မီခဲလ် အာတေးတားကို ကစားသမား ခေါ်ယူမှု ကိစ္စတွေနဲ့ ပတ်သတ်လို့ ဝေဖန်နေကြပြီး ဒီဆောင်းရာသီမှာ မဖြစ်မနေ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ အတွက် တိုက်တွန်းနေကြပါတယ်။
ဇူဘီမန်ဒီကို ဒီဆောင်းဈေးကွက် မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ လစ်ဗာပူးလ် အပြင် ရီးရဲလ်မက်ဒရစ် ကလည်း စိတ်ဝင်စားနေပါတယ်။ ဇူဘီမန်ဒီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ကြားသိရတာအရ ကစားသမားက ဆိုစီဒက် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ ကစားလိုနေတယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.