ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ၂၀၃၄ ခုနှစ် အထိ ကာလရှည်ကြာ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ သက်တမ်း အားဖြင့် ၉ နှစ်ခွဲ ရှိပြီးတော့ ဒါက အားကစား သမိုင်းတလျှောက် တန်ဖိုး အမြင့်ဆုံး စာချုပ်တွေထဲက တစ်ခု အဖြစ် မှတ်တမ်းဝင်သွားခဲ့တာလည်း ဖြစ်ကြောင်း ဗြိတိန်နှင့် စပိန် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟာလန်းဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ် သက်တမ်းမှာ နှစ်နှစ်ခွဲ ကျန်ရှိနေသေးပြီး ၂၀၂၇ ခုနှစ် နွေရာသီမှသာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး ကတော့ သူတို့ အသင်းရဲ့ အရေးအပါဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ ဟာလန်းကို အလွယ်တကူ လက်လွှတ် ဆုံးရှုံးလိုခြင်း မရှိတာကြောင့် ၉ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ စာချုပ်သစ်မှာ ယခင် စာချုပ်မှ စာချုပ် လျော်ကြေးနဲ့ ထွက်ခွာနိုင်တဲ့ အချက်အလက် အားလုံးကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် နော်ဝေသားနဲ့ မန်စီးတီးတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ် တန်ဖိုးဟာ အားကစား သမိုင်းတလျှောက် တန်ဖိုး အမြင့်ဆုံး စာချုပ်တွေက တစ်ခု အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းရဲ့ ယခင် စာချုပ်အရ ဆိုရင် တစ်ပတ် အခြေခံ လုပ် လစာ ပေါင် ၃၇၅၀၀၀ ရရှိနေပြီး အခြားသော အပိုဆုကြေးတွေပါ ထည့်တွက်ရင် ပေါင် ၈၅၀၀၀၀ နဲ့ အထက် ရရှိနေတာ ဖြစ်ပါတယ်။ ဗြိတိန် အခြေစိုက် Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာလန်း အနေနဲ့ စာချုပ်သစ် အရတော့ တစ်နှစ် လုပ်ခလစာ အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၅ သန်း ရရှိမှာ ဖြစ်ပြီး ကနဦး ၅ နှစ် အတွက် စာချုပ်တန်ဖိုးမှာ ဒေါ်လာ ၉၇ ဒသမ ၅ သန်း ရရှိနိုင်ကြောင်း ခန့်မှန်း ဖော်ပြထားပါတယ်။ ကာတာ အခြေစိုက် beIN SPORTS ရုပ်သံ ကတော့ ဟာလန်းရဲ့ စာချုပ်သစ်ဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၂၅.၃ သန်း ရှိနိုင်ပြီးတော့ စာချုပ် တန်ဖိုး ကတော့ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၂၇.၇ သန်း အထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အာလင်း ဟာလန်း ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးကို ၂၀၂၂/၂၃ ဘောလုံးရာသီမှာ ပြောင်းရွှေ့ခဲ့ပြီးတော့ လက်ရှိမှာ တတိယမြောက် ရာသီကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဟာလန်းဟာ မန်ချက်စတာစီးတီး အတွက် ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပြီးတော့ ၁၁၁ ဂိုး သွင်းယူပေးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.