နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မူအာနီကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်းတွေထဲ ပါဝင်လာတဲ့ စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီ တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သတ်ပြီး စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးက အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲကြို အင်တာဗျူးမှာ မီဒီယာတွေက မူအာနီနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာ မှာတော့ အန်ဂျီ ပိုစတီကိုဂလူးက ငြင်းဆိုခြင်း မရှိသလို သွယ်ဝိုက်တဲ့နည်းနဲ့ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ “အသင်းကို ကူညီနိုင်ဖို့ ကစားသမားတွေကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမား ၁၀ ယောက်လောက် ရှိနေပြီးတော့ ကျွန်တော်တို့ အနေနဲ့ လိုတဲ့နေရာတွေမှာ အားဖြည့်သွားဖို့ ကြိုးပမ်းသွားမှာပါ။” လို့ ပိုစတီကိုဂလူးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စပါးဟာ ပရီးမီးယားလိဂ် ရှုံးပွဲ ၁၀ ပွဲ အထိ ရှိထားသလို နောက်ဆုံး ကစားခဲ့တဲ့ အမှတ်ပေးပွဲစဉ် ၄ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ စပါး

ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတဲ့ ရန်ဒဲလ် ကိုလို မူအာနီ ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက အလိုရှိနေတာလည်း ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ လစ်ဗာပူးလ်၊ အာဆင်နယ် တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ကိုလို မူအာနီဟာ ၂၀၂၃ ခုနှစ် ကမှ ဖရန့်ဖတ် ကနေ ပီအက်စ်ဂျီကို ယူရို ၉၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ မူအာနီဟာ လက်ရှိမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ အထိ ပါဝင်ကစားထားခဲ့ပြီး ဖြစ်ပါတယ်။ အစောပိုင်း သတင်းတွေ မှာတော့ ပီအက်စ်ဂျီက ရန်ဒဲလ် ကိုလို မူအာနီကို လာမယ့် ဆောင်းဈေးကွက် မှာပဲ အငှားချသွားဖို့ ရှိနေပြီး အငှားစာချုပ် အပြင် အပြီးသတ် ခေါ်ယူခွင့်ပါ ပါဝင်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကြိုးပမ်းလာမယ့် အသင်းကို ဦးစားပေး ရောင်းချသွားဖို့လည်း ရှိနေပါတယ်။

အန်ဂျီ ပိုစတီကိုဂလူးရဲ့ အသင်းက လက်ရှိ ရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီးတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ စပါးဟာ ပရီးမီးယားလိဂ် ရှုံးပွဲ ၁၀ ပွဲ အထိ ရှိထားသလို နောက်ဆုံး ကစားခဲ့တဲ့ အမှတ်ပေးပွဲစဉ် ၄ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် စပါးဟာ ဒီညမှာလည်း လန်ဒန်ဒါဘီ ပြိုင်ဘက် အာဆင်နယ်ကို အမ်းမရိတ်စ်မှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲကို ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ ဖြစ်သူ အန်ဂျီ ပိုစတီကိုဂလူး အပေါ်မှာ ပရိသတ်တွေရဲ့ စိတ်ရှည်မှုက လျော့နည်းလာပြီး ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ စပါးဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပေမယ့် တကယ်တမ်း လိုအပ်နေတာက နောက်ခံလူ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ခံလူ ဖြည့်တင်းဖို့ မကြိုးစားပဲ ရှေ့တန်း ကစားသမား ခေါ်ယူဖို့သာ ကြိုးပမ်းနေတဲ့ အတွက် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စပါးဟာ ဆလားဗီးယားပရပ်ဂ်က ဂိုးသမား အန်တိုနင် ကင်စကီးကို ခေါ်ယူပြီးနောက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်