ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ဖရန့်ဖတ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်စီးတီးဟာ အီဂျစ် တိုက်စစ် ကြယ်ပွင့်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတာ ဖြစ်ပြီး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
အသက် ၂၅ နှစ် အရွယ် အီဂျစ် လက်ရွေးစင် ကစားသမား အိုမာ မာမွတ်ရှ်ဟာ လက်ရှိ ရာသီမှာ ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းယူထားကာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ အိုမာ မာမွတ်ရှ်ဟာ မိုဟာမက် ဆာလာ လက်သစ်လို့ နာမည်ကြီးနေခဲ့ပြီးတော့ အစောပိုင်းမှာ သူ့ရဲ့ အီဂျစ် အသင်းဖော် ရှိရာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါ့အပြင် မာမွတ်ရှ်ကို တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ အာဆင်နယ် ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။
လက်ရှိ မန်စီးတီးရဲ့ တိုက်စစ်အပိုင်းမှာ အာလင်း ဟာလန်း၊ ဂျရယ်မီ ဒိုကူ၊ ဖီးလ် ဖိုဒန်၊ ဂျက် ဂရီးလစ်ရှ်၊ ဆာဗင်ဟိုနဲ့ ဘော့ဘ်တို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း အထောင် တိုက်စစ် နေရာ မှာတော့ ဟာလန်း တစ်ဦးတည်းသာ ရှိနေတာကြောင့် Back Up အနေနဲ့ နောက်ထပ် တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။ အိုမာ မာမွတ်ရှ်ဟာ အထောင် တိုက်စစ် နေရာမှာ အဓိက ကစားပေမယ့် လိုအပ်ရင် လိုအပ်သလို တိုက်စစ် နေရာစုံနဲ့ ဘယ်/ညာ တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက စွယ်စုံရ တိုက်စစ်မှူးကို ပေါင်သန်း ၅၀နဲ့ ခေါ်ယူဖို့ စီစဉ်နေပြီး တော်တော်လေးလည်း နီးစပ်နေပြီ ဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကလည်း ဖော်ပြထားခဲ့ပါတယ်။
မန်စီးတီးဟာ ဒီရာသီတွင် မထင်မှတ်ပဲ ရလဒ်တွေ ဆိုးရွားသွားခဲ့ခြင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်ဖို့ ခက်ခဲသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပပ် ဂွါဒီယိုလာရဲ့ အသင်းက ချန်ပီယံလိဂ် မှာလည်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့လည်း ရုန်းကန်ရဦးမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပပ် ဂွါဒီယိုလာနဲ့ အသင်း တာဝန်ရှိသူတွေက အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီးတော့ အသင်းမှာ ရှိတဲ့ ကစားသမား တချို့ ကိုလည်း ရောင်းထုတ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ဖရန့်ဖတ်ဟာ အိုမာ မာမွတ်ရှ် အတွက် မန်စီးတီးရဲ့ ကနဦး ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ပေမယ့် လက်ရှိ မှာတော့ ပေါင် သန်း ၅၀နဲ့ သဘောတူညီမှု ရရှိဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီ ဖြစ်ကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။ မန်စီးတီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ရဲ့ ပထမဦးဆုံး ခေါ်ယူမှု အဖြစ် လန်းစ် အသင်းက ဥဇဘက်ကစ္စတန် ဗဟိုခံစစ်မှူးလေး အက်ဘ်ဒူကိုဒီရာ ကူဆာနော့ဗ် အပိုဆုကြေး အပါအဝင် ယူရို သန်း ၅၀ နဲ့ ခေါ်ယူထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.