စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်း ကတော့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေတဲ့ ဒူဆန် ဗလာဟိုဗစ်ကို ရောင်းထုတ်သွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်ကို ရောက်ရှိပြီး ၃ နှစ် အကြာမှာပဲ အသင်း ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေတာ ဖြစ်ပြီး လက်ရှိ မှာတော့ ဂျူဗင်တပ်စ် ဘက်က သူ့ အတွက် ကမ်းလှမ်းမှုတွေ ရှိလာရင် လက်ခံ စဉ်းစားသွားတော့မှာ ဖြစ်ကြောင်း အီတလီ သတင်းစာ La Gazzetta dello Sport က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ်ရှိ ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်စ်ကို အပိုဆုကြေးတွေ အပါအဝင် ယူရို သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဗလာဟိုဗစ်နဲ့ စီးရီးအေ ကလပ် တို့ရဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဆိုရင် ကစားသမားက လာမယ့် ၂၀၂၆ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ဂျူဗင်တပ်စ်က ဗလာဟိုဗစ်ကို အစောပိုင်းမှာ စာချုပ် သက်တမ်းတိုးဖို့ အသေအချာ ကြိုးပမ်းခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေက တိုးတက်လာခြင်း မရှိတာကြောင့် လက်ရှိမှာတော့ လမ်းခွဲဖို့ တဖြည်းဖြည်း နီးစပ်လာတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ ဒူဆန် ဗလာဟိုဗစ်ကို လက်ရှိ ဇန်နဝါရီ ဒါမှမဟုတ် လာမယ့် နွေရာသီမှာ ရောင်းထုတ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဖြစ်နိုင်ရင် ဗလာဟိုဗစ်ကို ယခု ဇန်နဝါရီမှာပဲ ရောင်းထုတ်သွားချင်နေပြီး ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားတော့မှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဗလာဟိုဗစ် ကတော့ ဂျူဗင်တပ်စ် အတွက် ၃ နှစ်ကျော် အတွင်း စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံမှာ ၁၂၄ ပွဲ ကစားပြီး ၅၃ ဂိုး သွင်းယူထားပါတယ်။ ဒီရာသီ မှာတော့ ဆားဘီးယား တိုက်စစ်မှူးက ဂျူဗင်တပ်စ် အတွက် ၂၃ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူပေးထားပါတယ်။
ဒါ့အပြင် စီးရီးအေ ကလပ်က ဗလာဟိုဗစ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ပီအက်စ်ဂျီ တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီနဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီး တို့ကို ပစ်မှတ်ထားနေပါတယ်။ ဂျူဗင်တပ်စ် အနေနဲ့ ဗလာဟိုဗစ်ကို လက်ရှိ ဇန်နဝါရီမှာ မရောင်းဖြစ်ခဲ့ရင်လည်း တိုက်စစ်မှူးသစ် တစ်ဦး မဖြစ်မနေ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်က ဇီယက်ခ်ဇီးကို ခေါ်ယူမယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေး အသုံးပြုမှာ မဟုတ်ပဲ သူတို့ရဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ ကစားသမားချင်း အလဲထပ် လုပ်ဆောင်သွားဖို့ ရှိနေတာ ဖြစ်ကြောင်းလည်း talkSPORT ကနေ ဖော်ပြထားခဲ့ပါတယ်။ ဒါ့ကြောင့် ဗလာဟိုဗစ် အနေနဲ့ ယူနိုက်တက် ကိုပဲ ရောက်ရှိသွားမလား ဒါမှမဟုတ် အခြားသော ဥရောပ ထိပ်တန်း ကလပ် တစ်ခုကိုပဲ ပြောင်းရွှေ့သွားမလား။ ဂျူဗင်တပ်စ် မှာပဲ စာချုပ်သက်တမ်း ကုန်ချိန် အထိ ဆက်ရှိသွားမလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.