စပိုတင်းလစ္စဘွန်း ကတော့ ဥရောပ ထိပ်သီး ကလပ် များစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ပေါ်တူဂီ မီဒီယာတွေရဲ့ ဖော်ပြချက် အရ စပို့တင်းလစ္စဘွန်းက ယိုကီးရက်စ်ကို လာမယ့် နွေရာသီမှာသာ ရောင်းထုတ်မှာ ဖြစ်ပြီး ယူရို ၇၅ သန်း ဝန်းကျင်နဲ့ ထွက်ခွာခွင့်ပြုသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ယိုကီးရက်စ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက အပြိုင်လုဖို့ အဆင်သင့် ရှိနေကြတာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ် အရွယ် ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်က စပိုတင်းလစ္စဘွန်း အတွက် ပြိုင်ပွဲစုံ ၇၉ ပွဲ ကစားပြီး ၇၄ ဂိုး သွင်းယူပေးထားပါတယ်။ ဗစ်တာ ယိုကီးရက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ စတင် နာမည်ကျော်ကြားလာပြီး မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အဓိက တိုက်စစ် ပစ်မှတ် ဖြစ်လာသူပါ။ လက်ရှိမှာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေက တော်တော်လေး များနေပေမယ့် လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ မှာတော့ ထွက်ခွာမှာ မဟုတ်ကြောင်း ပြောကြားထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ သူ့ရဲ့ တပည့်ဟောင်းနဲ့ ပြန်လည် လက်တွဲလိုနေပါတယ်။ အမော်ရင်ဟာ ယိုကီးရက်စ်ကို ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ဖြစ်လာဖို့ အရောင်တင်ပေးခဲ့သူ ဖြစ်ကာ စပိုတင်းလစ္စဘွန်းမှာ အတူတူ လက်တွဲပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ဆွီဒင် ဂိုးသွင်းစက် ယိုကီးရက်စ်ကို လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူပေးဖို့ အမော်ရင်က အသင်း တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
ယိုကီးရက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အတွင်း ဥရောပရဲ့ သွင်းဂိုး အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပြီး ယူနိုက်တက်ဟာ အမော်ရင်ကို နည်းပြ အဖြစ် မခန့်အပ်ခင် ကတည်းက ဆွီဒင်သားကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးပါတယ်။ သိုသော် စပိုတင်းလစ္စဘွန်းက ယိုကီးရက်စ်ကို လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းထုတ်မှာ မဟုတ်ဘဲ နွေရာသီမှသာ ရောင်းထုတ်ဖို့ စီစဉ်ထားတာ ဖြစ်ကြောင်းလည်း သိရသည်။ ယိုကီးရက်စ် ကတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ဟာ သူ့ရဲ့ အိမ်မက် ဖြစ်ကြောင်း ဖွင့်ဟထားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ယိုကီးရက်စ်က လက်ရှိ အသင်းမှာပဲ ရာသီကုန် အထိ ဆက်နေဖို့ ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက် အနေနဲ့ ယိုကီးရက်စ်ကို ခေါ်ယူချင်ရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အရင်ဦးဆုံး ရောင်းထုတ်ရမှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေ ကတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အမော်ရင်ရဲ့ နည်းစနစ်နဲ့ အံမဝင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.