ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ အသင်းမှာ ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ ဂျက် ဂရီးလစ်ရှ်ကို ပုံစံကောင်း တစ်ခုနဲ့ ပြန်လည် မြင်တွေ့လိုကြောင်း ပြောကြားလာခဲ့ပါတယ်။
ဂွါဒီယိုလာက အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ်ကို သူတို့ အသင်း ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ ရာသီက ခြေစွမ်းမျိုးနဲ့ ပြန်လည် မြင်တွေ့လိုကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာက ဂရီးလစ်ရှ် အနေနဲ့ သူ့ရဲ့ နေရာ အတွက် တိုက်ပွဲဝင်ဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းသွားခဲ့ပါသေးတယ်။
ဂွါဒီယိုလာက “ဖလား ၃ လုံး ရခဲ့တဲ့ ဘောလုံးရာသီက ဂျက် ဂရီးလစ်ရှ်ကို ပြန်ပြီး မြင်ချင်သလား ဆိုရင်တော့ မြင်ချင်ပါတယ်လို့ပဲ ကျွန်တော် ဝန်ခံပါရစေ။ ကျွန်တော် တကယ်ကို ပြန်လိုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ရိုးရိုးသားသား ပြောပါမယ်။ သူ တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ ဂရီးလစ်ရှ် ပွဲထွက်ခွင့် သိပ်မရတဲ့ အတွက် မမျှတဘူးလို့ ခင်ဗျားတို့ ထင်ရင် ကျွန်တော့် ဘက်ကတော့ အိုခေပါ လို့ပဲ ပြောပါမယ်။ ဒါပေမယ့် ကျွန်တော် ပြောချင်တာ ကတော့ ကျွန်တော့်ကို သက်သေပြပါ။ သူ့ အနေနဲ့ ဆာဗင်ဟိုနဲ့ တိုက်ပွဲဝင်ရပါလိမ့်မယ်။ ဆာဗင်ဟိုထက် ဒီနေရာနဲ့ ပိုပြီး ထိုက်တန်ကြောင်း သက်သေပြနိုင်ဖို့ လိုအပ်ပါတယ်။ နေ့တိုင်း၊ လေ့ကျင့်ခန်း အစီအစဉ်တိုင်း၊ ပွဲစဉ်တိုင်းမှာ သူ့ အနေနဲ့ တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန်သား ဂျက် ဂရီးလစ်ရှ်ဟာ လက်ရှိ ရာသီမှာ မန်စီးတီး အတွက် ပရီးမီးယားလိဂ် ပွဲ ၂၀ မှာ ၁၄ ပွဲ ကစားခွင့် ရရှိထားခဲ့တာပါ။ ဒါပေမယ့်လည်း ဂရီးလစ်ရှ် ပထမလူစာရင်း ကနေ ပွဲထွက် ကစားခွင့်ရရှိခဲ့တဲ့ အရေအတွက် ကတော့ ၆ ပွဲသာ ရှိထားကြောင်းလည်း သိရပါတယ်။ ဂွါဒီယိုလာက ရာသီ အစပိုင်းမှာတုန်းကလည်း ဂရီးလစ်ရှ်ကို ရာသီသစ်မှာ အကောင်းဆုံး ပြန်လာနိုင်ဖို့ အတွက် မျှော်လင့်နေကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။ မန်စီးတီး တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ်ဟာ အင်္ဂလန် အသင်းနဲ့ အတူ ယူရို ၂ဝ၂ဝနဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားတွေမှာ အဓိက နေရာ ကနေ ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၃/၂ဝ၂၄ ဘောလုံးရာသီ မှာတော့ မန်စီးတီး အတွက် ပုံမှန် ပွဲကစားခွင့် နည်းပါးခဲ့သလို ပုံမှန်ခြေစွမ်းလည်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် အဲ့ဒီ အချိန်တုန်းက အင်္ဂလန် နည်းပြ ဂါရက်သ် ဆောက်ဂိတ်က ဂရီးလစ်ရှ်ကို အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ လူစာရင်း ကနေ ချန်လှပ်ခဲ့ပါသေးတယ်။ ဂရီးလစ်ရှ်ဟာ မန်စီးတီး အတွက် ၃ နှစ်ကျော် ကာလ အတွင်း ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၄၄ ပွဲ ကစားကာ ၁၄ ဂိုးသာ သွင်းယူပေးနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.