မန်ချက်စတာယူနိုက်တက် ကတော့ ဗစ်တိုးရီးယား ပလယ်ဇန်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဂိုးသမား အန်ဒရေ အိုနာနာကြောင့် အဖွင့် ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ရူဘင် အမော်ရင် ကတော့ ဂိုးသမား အန်ဒရေ အိုနာနာရဲ့ အမှားကို အပြစ်မတင်သလို ပွဲအပြီးမှာ ဟွိုက်ဂျ်လန်းနဲ့ အာမက်ဒ် ဒီယာလိုတို့ စကားများခဲ့ခြင်း ကလည်း ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် လိဂ်အဆင့် ပွဲစဉ်မှာ ယူနိုက်တက်က ဗစ်တိုးရီးယား ပလယ်ဇန်ကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၄၈ မိနစ်မှာ အိုနာနာရဲ့ လူပေးမှားမှု ကနေ တစ်ဆင့် ဗီဒရာက အိမ်ရှင် အသင်း အတွက် ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက် အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကို လူစားဝင် တိုက်စစ်မှူး ဟွိုက်ဂျ်လန်းက ၆၂၊ ၈၈ မိနစ်တွင် ပြန်လည် သွင်းယူပေးခဲ့သည်။ ပွဲအပြီးမှာ ဟွိုက်ဂျ်လန်းနဲ့ အာမက်ဒ် ဒီယာလိုတို့ စကားများခဲ့တာကြောင့် လီဆန်ဒရို မာတီနက်ဇ်က ဖျန်ဖြေခဲ့ရခြင်း အပေါ် ရူဘင် အမော်ရင်က အခုလိုပဲ ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။
အမော်ရင်က “ကျွန်တော့် အတွက် ကတော့ ဒါက ပြီးပြည့်စုံမှုပါပဲ။ ကျွန်တော်တို့ အနေနဲ့ တစ်ခုခု ခံစားရဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ တစ်ခုခု ခံစားရဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း တိုက်ပွဲဝင်နေဖို့ လိုအပ်တယ် ဆိုရင် ဒါက မိသားစု တစ်ခု လိုပါပဲ။ ကျွန်တော့် အတွက် ဒါက အရမ်းကို ကောင်းမွန်တဲ့ လက္ခဏာပါ။ ကျွန်တော်တို့ တစ်ခုခု ခံစားရဖို့ လိုအပ်ပြီး အဲဒါက အရေးကြီးပါတယ်။ ဒါက သူတို့ အလေးထားလို့ ဆိုတာ သေချာပါတယ်။ ခင်ဗျား ဂရုမစိုက်ဘူး ဆိုရင် ဘာမှလုပ်ရမှာ မဟုတ်ပါဘူး။ ကျွန်တော့် အတွက် ဒါက အရမ်းကောင်းတဲ့ လက္ခဏာပါ။ အနိုင်ရပြီးချိန်မှာတောင် ခင်ဗျားက အသင်းဖော်နဲ့ တိုက်ပွဲဖြစ်နေတယ် ဆိုတာက နောက်ထပ် ဂိုးတွေ သွင်းချင်နေလို့ပါ။ ဒါက ကျွန်တော်တို့ အတွက် အရမ်းကောင်းတဲ့နေ့ပါပဲ။ ပြိုင်ဘက်ကို ဒီလိုပုံစံနဲ့ ဂိုးပေးလိုက်ရပေမဲ့ လက်မလျှော့ဖို့က အရေးကြီးပါတယ်။ ဒါက ကောင်းမွန်တဲ့ မက်ဆေ့ချ်ပါပဲ။” လို့ ပြောကြားသွားခဲ့သည်။
မန်ချက်စတာယူနိုက်တက် ကတော့ ဥရောပ ပြိုင်ပွဲတွေရဲ့ အဝေးကွင်း ပွဲစဉ်တွေမှာ ၂၀၂၃ ခုနှစ် မတ်လ နောက်ပိုင်း နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲ ရလဒ်ကြောင့် ယူရိုပါလိဂ် လိဂ် အဆင့် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပြီ ဖြစ်ပါတယ်။ အမော်ရင် ကလည်း ဆာမတ် ဘတ်စ်ဘီနဲ့ ဆာ အဲလက်စ် ဖာဂူဆန် တို့ ပြီးရင်တော့ ပထမဦးဆုံး ကိုင်တွယ်ခွင့်ရသည့် အဓိက ဥရောပ ပွဲစဉ် ၂ ပွဲ စလုံး အနိုင်ရအောင် စွမ်းဆောင်နိုင်တဲ့ တတိယမြောက် ယူနိုက်တက် နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.