နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရိသတ်တွေ အနေနဲ့ စိတ်ရှည်ကြဖို့ တောင်းဆိုလိုက်တဲ့ အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရထားသေးတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကို ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲ ဆက်တိုက် ရလဒ် ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလို ရှုံးနိမ်ထားခဲ့တဲ့ အပေါ်မှာ နည်းပြ အမော်ရင်က သူရဲ့ အသင်းဟောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ စိတ်မပျက်ကြဖို့ အတွက် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ထင်ထားသလောက် မလွယ်ကူကြောင်း နားလည်စပြုလာတဲ့ နည်းပြ အမော်ရင် အနေနဲ့ သူရဲ့ ယူနိုက်တက် နည်းပြ ဘဝ ပွဲဦးထွက်က မလှပပေမယ့် ပရိသတ်တွေ အနေနဲ့ စိတ်ရှည်ပေးကြဖို့နဲ့ အသင်းဟောင်း စပိုတင်းလစ္စဘွန်းမှာ ဆိုရင် အခုထက် တာထွက်ဆိုးရွားခဲ့ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရူဘင် အမော်ရင်က “ခက်ခဲမယ် ဆိုတာကို ကျွန်တော်တို့ ကြိုတွက်ထားပြီးသားပါ။ ဒါဟာ ခရီးရှည်ကြီး ဖြစ်ပေမယ့် ကြီးမားတဲ့ ကလပ် အသင်းကြီး ဖြစ်လို ကျွန်တော်တို အနိုင်ရချင်ပါတယ်။ တစ်ပွဲလောက် ရှုံးတာနဲ့ လူတိုင်း အတွက် တကယ်ကို ခက်ခဲတယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ပထမဂိုး အပြီးမှာပဲ ကွင်းထဲမှာ ဒါကို ခံစားမိပါတယ်။ ကျွန်တော် တို့ရဲ့ အခြေအနေကို နားလည်ပေမယ့် တူညီတဲ့ ပုံစံအတိုင်း ဆက်လုပ်သွားရဦးမှာပါ။ အဲဗာတန်ကို ၄ ဂိုးပြတ်နဲ့ နိုင်တဲ့ ပွဲမှာ ကျွန်တော် ပြောခဲ့တဲ့ စကား အတိုင်းပါပဲ။ စွမ်းဆောင်ရည် ကိုပဲ ကျွန်တော်တို့ အာရုံစိုက်ရပါလိမ့်မယ်။ ပွဲတိုင်းရဲ့ အခြေအနေ တော်တော်များများမှာ တိုးတက် ကောင်းမွန်ဖို့ လိုအပ်နေသေးပြီး မနက်ဖြန် လေ့ကျင့်ရေးကွင်း မှာလည်း တူညီတဲ့အရာတွေကို ဆက်လက် လုပ်ဆောင်သွားရမှာပါ။ စပိုတင်း မှာတုန်းက အစပိုင်း ဒီထက်ကို ပိုဆိုးခဲ့တာပါ။ ကျွန်တော့် အတွက် ကတော့ ခံစားချက်က တူတူပါပဲ။ ဒါပေမယ့် ရောက်နေတဲ့ နေရာချင်း ကတော့ လုံးဝ ကွဲပြား ခြားနားပါတယ်။” လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ အမော်ရင်ကို ခန့်အပ်ခဲ့ချိန် ပွဲဦးထွက်မှာ အစ်ပ်ဆွစ်ချ်ကို ၁-၁နဲ့ သရေကျခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက်လည်း ရှုံးနိမ့်ထားခဲ့ပါတယ်။
တန်ဟက်ဂ်ကို ထုတ်ပယ်ပြီး အမော်ရင်နဲ့ အစားထိုးခဲ့တဲ့ ယူနိုက်တက်

ဆက်လက်ပြီး အမော်ရင်က “ပေါ်တူဂီမှာ စပို့တင်းကို သိကြပေမယ့် မန်ချက်စတာယူနိုက်တက်မှာ ကျတော့ အရမ်း အာရုံစိုက်ခံရပါတယ်။ ကျွန်တော့် အတွက် ကတော့ ခံစားချက်က ထူးမခြားနားပါ။ ဒီလို အခြေအနေမျိုးက စပို့တင်းမှာတုန်း ကလည်း ကြုံခဲ့ဖူးပါတယ်။ ခင်ဗျားက ဘောလုံးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ နည်းနည်း ရှိတယ်ဆို ရင်တောင် ဒါက ကလပ် အသင်း တော်တော်များများမှာ ဖြစ်တက်တာကို သိမှာပါ။ တူညီတဲ့အရာတွေ ဆက်လုပ်ပြီး အသင်း တိုးတက်လာအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှ အသင်းကို အလှည့်အပြောင်း ဖြစ်စေမှာပါ။ နေ့စဉ်နေ့တိုင်း ဆက်လက် လုပ်ဆောင်နိုင်ဖို့ အချိန်လည်း လိုအပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်က အဲရစ်ခ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် စပိုတင်းလစ္စဘွန်းက လူငယ် နည်းပြ အမော်ရင်နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်ဟာ အသက်အရွယ် အားဖြင့် ၃၉ နှစ်သာ ရှိသေးပြီး အရည်အသွေးရှိတဲ့ နည်းပြလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အမော်ရင်ကို ခန့်အပ်ခဲ့ချိန် ပွဲဦးထွက်မှာ အစ်ပ်ဆွစ်ချ်ကို ၁-၁နဲ့ သရေကျခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက်လည်း ရှုံးနိမ့်ထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်