နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာနိုးလ်ကို လက်လွှတ်ခဲ့ရရင် ဖရင်ပေါင်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ အသင်းရဲ့ အဓိက ညာနောက်ခံလူ ဖြစ်တဲ့ ထရန့် အလက်ဇန္တား အာနိုးလ်ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ လစ်ဗာပူးလ် ဘက်က အာနိုးလ်ကို စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေသလို အကယ်၍ လက်လွှတ်ခဲ့ရရင်လည်း လေဗာကူဆင် ညာနောက်ခံလူ ဂျရမီ ဖရင်ပေါင်နဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ ဂျာမနီသတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

အာနိုးလ်ဟာ လစ်ဗာပူးလ် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ မာဆေးလ်ဆိုက်ဒ် ကလပ် အတွက် အရေးပါတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ အာနိုးလ်က အခုနှစ် ဘောလုံးရာသီမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီးတော့ အသင်းနဲ့ သက်တမ်းတိုးဖို့ထက် အသင်း ကနေ ထွက်ခွာသွားနိုင်ချေ ပိုပြီး များပြားနေတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အာနိုးလ်က ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါသေးတယ်။ ရီးရဲလ်မက်ဒရစ်က အာနိုးလ်နဲ့ လစ်ဗာပူးလ်ရဲ့ စာချုပ် သက်တမ်းတိုးတဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

အခုလို အခြေအနေတွေ ရှိနေတဲ့ အာနိုးလ်ကို လစ်ဗာပူးလ် ဘက်က အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးပမ်းသွားဦးမယ်လို့ သိရပြီး အကယ်၍ အာနိုးလ် သာ အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒရှိမယ် ဆိုရင်တော့ သူ့ရဲ့ နေရာ အတွက် နောက်ထပ် ညာနောက်ခံ ကစားသမား တစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်က ညာခြမ်း ခံစစ် နေရာ အတွက် လေဗာကူဆင်ရဲ့ နယ်သာလန် ညာနောက်ခံလူ ဖရင်ပေါင်ကို ချိန်ရွယ်နေပါတယ်။ ဖရင်ပေါင် ကတော့ ညာတောင်ပံ မှာသာ မက ညာနောက်ခံလူ အဖြစ်ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖရင်ပေါင်က ပရီးမီးယားလိဂ် ကလပ် မန်စီးတီး လူငယ် အကယ်ဒမီထွက် ကစားသမားလည်း ဖြစ်ပါတယ်။ ဖရင်ပေါင်က ၂၀၂၁ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့ပြီးတော့ လက်ရှိမှာ အသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်နေသူပါ။ ဖရင်ပေါင်ဟာ လေဗာကူဆင်မှာ ပွဲပေါင်း ၁၆၀ ကစားထားခဲ့ပြီးတော့ ၂၆ ဂိုး သွင်းယူထားခဲ့ပါတယ်။

ဒါ့အပြင် ဖရင်ပေါင်ဟာ လက်ရှိ ကမ္ဘာ့ ဘောလုံးလောကရဲ့ အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပထိပ်တန်း ကလပ် များစွာက ဖရင်ပေါင်ကို ခေါ်ယူချင်နေပြီးတော့ အဲဒီအထဲမှာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ဖရင်ပေါင်ကို ခေါ်ယူချင်ရင်တော့ ကျိန်းသေပေါက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းရဖွယ် ရှိသလို လုပ်ခလစာလည်း အများအပြား ပေးချေရဖွယ် ရှိပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်