စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ စကူဒက်တို ချန်ပီယံဆုကို တစ်ကျော့ပြန် ရယူနိုင်ဖို့ အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ စီးရီးအေ ချန်ပီယံဆုကို ၉ ရာသီ ဆက်တိုက် ရရှိခဲ့ပြီး နောက်ပိုင်း ၂၀၂၀/၂၀၂၁ ဘောလုံး ရာသီကစလို့ ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ ဒီရာသီ မှာတော့ နည်းပြသစ် သီယာဂိုကြားခဲ့ပါသေးတယ်။ မော့တာနဲ့ ရှေ့ဆက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အနေနဲ့ သီယာဂို မော့တာ လက်ထက် ဒီရာသီ စီးရီးအေ ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန် ၆ ပွဲနိုင်၊ ၆ ပွဲ သရေ ရှုံးပွဲ မရှိ ရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဇယား ထိပ်ဆုံးက နာပိုလီနဲ့ ၂ မှတ်သာ ကွာဟလျက် ရှိနေပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ ဂျူဗင်တပ်စ်ဟာ လာမယ့် အပြောင်းအရွှေ့မှာ ၀ါရင့် နောက်ခံလူ ဒန်နီလိုနဲ့ ကွင်းလယ်လူ အာသာ အပါအဝင် ကစားသမား ၃ ဦးကို ထွက်ခွာခွင့် ပေးဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ် တာဝန်ရှိသူတွေ အနေနဲ့ အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒူဆန် ဗလာဟိုဗစ်နဲ့ တွဲဖက် ကစားဖို့ တိုက်စစ်မှူး တစ်ဦးကို ချိတ်ဆက်နေပြီးတော့ အသင်းရဲ့ ခံစစ်ပိုင်း အတွက်လည်း နိုင်ငံခြားသား ကစားသမား တစ်ဦး အမြန်ဆုံး ခေါ်ယူသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်ဟာ နောက်ခံလူ ဒန်နီလိုနဲ့ ကွင်းလယ်လူ အာသာ အပြင် အသက် ၂၀ အရွယ် လူငယ် တောင်ပံ ကစားသမား ဆမ်မြူရယ်လ် အမ်ဘမ်ဂူလာ ကိုလည်း လမ်းခွဲဖို့ စီစဉ်ထားကြောင်း အီတလီ အားကစား သတင်းစာ တစ်ခု ဖြစ်တဲ့ Football Italia က ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်ရဲ့ နည်းပြ သီယာဂို မော့တာဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကို အင်အား ဖြည့်တင်း ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မော့တာက အသင်းရဲ့ အဓိက တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကိုလည်း ရောင်းချသွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
ဒါ့အပြင် ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် အင်္ဂလန် ဝါရင့် ခံစစ် ကစားသမားတွေ ဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယားနဲ့ အဲရစ်ခ် ဒိုင်ယာ တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ် ဟာ ဒီရာသီ မှာတော့ အနည်းဆုံး အဓိက ဆုဖလား တစ်လုံး ရယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.