ဘေယန်မြူးနစ် ကွင်းလယ် တိုက်စစ်ကစားသမား ဂျမဲလ် မူစီအာလာ ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်းတိုးဖို့သာ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
လက်ရှိမှာ အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ မူစီအာလာက လူငယ်ကစားသမားဘဝကို ပရီးမီးယားလိဂ် ကလပ် ဆောက်သမ်တန်နဲ့ ချဲလ်ဆီး တို့မှာ ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့အပြင် မူစီအာလာဟာ အင်္ဂလန် လူငယ်အသင်းမှာလည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ မူစီအာလာဟာ ၂၀၂၀ ခုနှစ်မှာ ဘေယန်မြူးနစ် အတွက် စတင် ကစားခွင့်ရခဲ့ပြီးတော့ ၂၀၂၀/၂၀၂၁ ဘောလုံး ရာသီ ကနေ စပြီး အသင်းရဲ့ အမာခံ ကစားသမား ဖြစ်လာခဲ့သူပါ။ မူစီအာလာဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ ၂၀၁၆ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင် မူစီအာလာကို မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ မူစီအာလာ ဘွန်ဒက်စ်လီဂါ ကလပ် ကနေ ထွက်ခွာပြီး အသင်းသစ် တစ်သင်းထံ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ မူစီအာလာက ဘေယန်မြူးနစ်မှာ ပျော်ရွှင်နေကြောင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်နဲ့ သက်တမ်းတိုးဖို့ အစီအစဉ်ရှိလားလို့ Sky Germany က မူစီအာလာကို မေးမြန်းခဲ့ရာမှာတော့ “ဟုတ်ကဲ့။ အဲဒီလို ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော် ဘေယန်မြူးနစ်မှာ ပျော်ရွှင်နေပါတယ်။ လက်ရှိအချိန်မှာ ဒီထက် အများကြီးတော့ မပျော်နိုင်ပါဘူး။ နည်းနည်း လျှို့ဝှက်ထားတာက ပိုကောင်းပါတယ်။ အချိန်ယူဖို့လည်း လိုပါတယ်” လို့ မူစီယာလာက ပြောကြားခဲ့ပါတယ်။ တစ်ဖက် မှာလည်း ဘေယန်မြူးနစ်က သူ့ကို နှစ်ရှည် သက်တမ်းတိုးဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
မူစီအာလာ ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၁၇၅ ပွဲ ကစားပြီး ဂိုး ၅၀ သွင်းယူထားပါတယ်။ မူစီအာလာဟာ ဘေယန်မြူးနစ်နဲ့ ၆ ရာသီမြောက် ဖြတ်သန်းနေတာ ဖြစ်ပြီး ဒီရာသီမှာတော့ ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားပြီး ၇ ဂိုး သွင်းယူခဲ့ပါတယ်။ မူစီအာလာဟာ ဂျာမနီ လက်ရွေးစင် အသင်း အတွက်တော့ ၁၁ ပွဲကစားပြီး ၄ ဂိုး သွင်းယူထားပါတယ်။ မူစီအာလာဟာ ကွင်းလယ် တိုက်စစ်နေရာမှာ အဓိက ကစားပေမယ့် ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်ဖက်မှာပါ အကောင်းဆုံး ကစားနိုင်ပြီးတော့ အနာဂတ်မှာ အတောက်ပဆုံး ကြယ်ပွင့် တစ်ဦး ဖြစ်လာမယ့်သူ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.