ပြင်သစ် လက်ရွေးစင် တိုက်စစ်ကစားသမားဟောင်း သီဟာရီ အွန်နရီ ကတော့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်း အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ကိုင်တွယ်မှာ မဟုတ်ကြောင်း သုံးသပ် ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ဇနက်ဒင် ဇီဒန်းဟာ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ရာထူး ကိုသာ စောင့်မျှော်နေတယ်လို့ ထင်မြင်မိကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ နယ်သာလန် လူမျိုး နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ရုတ်တရက် ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့တဲ့ အတွက် လျော်ကြေး ပေါင် ၁၇ သန်း ပေးခဲ့ရပြီး လက်ထောက် နည်းပြ ရု့ဒ် ဗန် နစ္စတယ်ရွိုင်း ကိုတော့ ယာယီ နည်းပြ အဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။
ဗန် နစ္စတယ်ရွိုင်း ကတော့ ယူနိုက်တက်ရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာဖို့ အခြေအနေကောင်းနေပေမယ့်လည်း အသင်း ဘက်ကတော့ ထိပ်တန်း နည်းပြ တစ်ဦးဦး ကိုသာ ခန့်အပ်သွားဖို့ ဦးတည်ချက်ထားလျက် ရှိကြောင်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ နည်းပြ ရာထူး အတွက် နည်းပြ များစွာ လျာထားခြင်း ခံနေရပြီးတော့ အဲဒီ အထဲမှာ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင် ယူနိုက်တက်က စပို့တင်းလစ္စဘွန်း နည်းပြ ရူဘင် အမော်ရင်ကို သဘောအကျဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဟူလီယန် နေဂဲလ်စ်မန်း၊ ဆောက်ဂိတ်၊ ပေါ်တာ၊ သောမက်စ် ဖရန့်ခ် တို့ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဇနက်ဒင် ဇီဒန်း ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ မထင်ထားလောက်အောင် အောင်မြင်မှု များစွာ ရရှိခဲ့ပြီးတော့ အနားယူနေတာ ဖြစ်ပါတယ်။ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ် အထိ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ တစ်ကြိမ် နှစ်ကြိမ် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ကာလတွေ အတွင်း ဇီဒန်းက ချန်ပီယံလိဂ် ဖလား ၄ ကြိမ် (လက်ထောက်နည်းပြ အဖြစ် ၁ ကြိမ်၊ နည်းပြ အဖြစ် ၃ ကြိမ်) ရယူနိုင်ခဲ့သလို အခြားသော ဆုဖလား အောင်မြင်မှု များစွာ ရယူနိုင်ခဲ့ပါတယ်။ ဒီလို ရီးရဲလ်မက်ဒရစ်ကို အောင်မြင်မှု များစွာ ရယူပေးနိုင်ခဲ့တာကြောင့် အသင်း လက်မဲ့ ဖြစ်နေစဉ် ကာလ အတွင်း သူ့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လိုလားနေတဲ့ ကလပ် အသင်း များစွာလည်း ရှိနေတာ ဖြစ်ပါတယ်။
ဒီအသင်းများထဲမှာ ယူနိုက်တက်လည်း ပါဝင်နေခဲ့ပြီးတော့ အွန်နရီ ကတော့ “ကျွန်တော် ကတော့ သူ လက်ရွေးစင် အသင်းကို စောင့်နေတယ်လို့ပဲ ထင်ပါတယ်။ ဂျူဗင်တပ်စ်ကို သွားမယ်လို့လည်း မထင်ပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဖလား ၃ လုံး ရယူပြီးတဲ့နောက် တခြားကလပ်ကို ကိုင်တွယ်မှာ မဟုတ်တော့ပါဘူး။” လို့ ဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.