နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ အသင်းရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ရု့ဒ် ဗန် နစ္စတယ်ရွိုင်းကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ပြီးတော့ နည်းပြသစ် တစ်ဦး အလျင်အမြန် ရှာဖွေနေပြီလည်း ဖြစ်ပါတယ်။

မနေ့ညက ဝက်စ်ဟမ်းနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းက အဝေးကွင်းမှာ ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အစောပိုင်းမှာ ဝက်စ်ဟမ်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့ပေမယ့် အငြင်းပွားဖွယ် နောက်ကျ ပင်နယ်တီ ဂိုးကြောင့် ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ တစ်ပွဲ တစ်မျိုး မရိုးရအောင် ဆင်ခြေပေးခဲ့ပြန်ပါတယ်။ တန်ဟက်ဂ်က ဒီတစ်ကြိမ် မှာတော့ ဘောလုံးလောကမှာ အကောင်းဆုံး အသင်းက အမြဲတမ်း အနိုင်ရနေတာ မဟုတ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေပြီး ပရီးမီးယားလိဂ် မှာလည်း ၉ ပွဲ ကစားပြီးချိန်မှာ ၁၁ မှတ်သာ ရရှိထားခဲ့သလို အဆင့် ၁၄ နေရာ မှာပါ ရပ်တည်နေပါတယ်။ ဒီရာသီထဲ ပြိုင်ပွဲစုံ ၁၃ ပွဲ အထိ ကစားထားပြီးချိန် နိုင်ပွဲ ၄ ပွဲသာ ရယူထားနိုင်သေးတဲ့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ ဆိုရင်လည်း ဘန်စလေနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလား တတိယအဆင့် ပွဲစဉ်မှာ ၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ ယူနိုက်တက် တိုက်စစ်က ၉ ပွဲမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်က ဒီရာသီမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေပြီး ပရီးမီးယားလိဂ် မှာလည်း ၉ ပွဲ ကစားပြီးချိန်မှာ ၁၁ မှတ်သာ ရရှိထားခဲ့သလို အဆင့် ၁၄ နေရာ မှာပါ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်

အခုလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂ ပွဲ တည်းသာ ရှိထားသေးတဲ့ ဝက်စ်ဟမ်းကို ပွဲပြီးခါနီးမှ အငြင်းပွားဖွယ်ရာ ဒီလစ်ဂျ်ရဲ့ ပင်နယ်တီကြောင့် အရှုံးပေးခဲ့ရတဲ့ အပေါ် ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က “ဘောလုံးလောကမှာ အမြဲတမ်း အကောင်းဆုံး အသင်းက အနိုင်ရနေတာတော့ မဟုတ်ပါဘူး။ ဒီနေ့ ကတော့ ရှင်းရှင်းလင်းလင်း သိသာပါတယ်။ ဒါပေမယ့် VAR က ဘယ်လို အလုပ်လုပ်နေတယ် ဆိုတာ ကိုလည်း ကျွန်တော် ရှင်းရှင်းလင်းလင်း မသိပါဘူး။ ကျွန်တော်က ဘယ်သူ့ကိုမှ မဝေဖန်ပါဘူး။ လုပ်ငန်းစဉ်တွေ ကိုပဲ အပြစ်တင်နေတာပါ။ ဒါက ရလဒ် အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုလည်း ဖြစ်စေပါတယ်။ ကျွန်တော်တို့ အသင်းက အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့ပါတယ်။ ပထမပိုင်းမှာ အသင်းက ကျွန်တော် မြင်ချင်နေသလိုမျိုး အတိအကျ ကစားနိုင်ခဲ့ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး တန်ဟက်ဂ်က “ကျွန်တော်တို့ လွှမ်းမိုးပြီး ကစားနိုင်ခဲ့တယ်။ ရာနှုန်းပြည့် အခွင့်ရေး ၆ ကြိမ်၊ ၇ ကြိမ်လောက်အထိ ရခဲ့ပြီးတော့ ဂိုးတွေလည်း သွင်းယူနိုင်သင့်ပါတယ်။ ဒီလို ဂိုးမသွင်းနိုင်ဘူး ဆိုရင်လည်း စိတ်ကို တည်ငြိမ်နေရပါမယ်။ ဒါက တိုးတက်လာရမယ့် အပိုင်း ဆိုပေမယ့် ကျွန်တော့် အသင်း အပေါ် အပြစ်တင်မှုတွေ အများကြီး မလုပ်ခဲ့ပါဘူး။ ဒီအခိုက်အတန့်မှာ ကံတရားက ကျွန်တော်တို့ ဘက်မှာ ရှိမနေပါဘူး။ အဲ့ဒါက ကျွန်တော်နဲ့ မပတ်သက်ပါဘူး။ ပြီးခဲ့တဲ့ ရာသီတုန်း ကလည်း ထူးမခြားနား ဖြစ်ခဲ့ပေမယ့် ရာသီအဆုံးသတ်ခါနီးမှာ ကျွန်တော်တို့ အလှည့်အပြောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒီလို ထပ်ဖြစ်လာနိုင်ဖို လည်း ကျွန်တော် တို့တွေ မျှော်လင့်ထားပါတယ်။” လို့ ပြောဆိုသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်