နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖိအားတွေ များနေတဲ့ ယူနိုက်တက်ကို ပိုပြီး ယုံကြည်ထားချင်ပါတယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဝက်စ်ဟမ်း – မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ် (၉) အဖြစ် အဲရစ်ခ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ဝက်စ်ဟမ်းကို လန်ဒန်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ နိုင်ပွဲ ပြန်ရထားတဲ့ ယူနိုက်တက်တို့ ဒီရာသီမှာ ရလဒ်တွေ ကျဆင်းနေတဲ့ ဝက်စ်ဟမ်းကို အသာရနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကတော့ ဒီနှစ် ပရီးမီးယားလိဂ်မှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပြီး အမှတ်ပေးဇယား အဆင့် ၁၅ နေရာ အထိ ရောက်ရှိနေပါတယ်။ ဂျူလန် လိုပက်တက်ဂီလို ဝါရင့် နည်းပြ ကိုင်တွယ်နေသလို ကစားသမားကောင်းတွေ ရှိနေတဲ့ ဝက်စ်ဟမ်းက ခြေစွမ်းပိုင်း တည်ငြိမ်ဖို့တော့ ရုန်းကန်နေရတာ ဖြစ်ပြီး အသင်းကောင်းတွေနဲ့ တောက်လျောက် ကစားထားရတာကြောင့်လည်း ရမှတ်တွေ ဆုံးရှုံးနေခဲ့ရတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ နောက်ဆုံး ကစားခဲ့တဲ့ စပါးနဲ့ ပွဲမှာလည်း ၄-၁ ရလဒ်နဲ့ ဂိုးပြတ် ရှုံးထားပါသေးတယ်။ 

ယူနိုက်တက် ကတော့ ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြားရက်မှာ ကစားခဲ့တဲ့ ဖီနာဘာချီနဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာတော့ နိုင်ပွဲ ပြန်ပျောက်ခဲ့ပြီး တန်ဟက်ဂ်ရဲ့ အသင်း ခြေစွမ်းက တော်တော်လေး စုတ်ပြတ်နေခဲ့ပါတယ်။ ဖီနာဘာချီလို အသင်းမျိုးကို အောက်ကနေ ကစားပြီး သရေ ရလဒ် ရရှိအောင် မနည်း ရယူခဲ့ရတာက ကောင်းမွန်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ အခုပွဲမှာ အဓိက ကွင်းလယ်လူ ဖာနန်ဒက်ဇ် ပြန်လည် ပါဝင်လာနိုင်တာ ကတော့ တန်ဟက်ဂ် အတွက် အပူတစ်ခုလျော့တဲ့ အခြေအနေ ဖြစ်ပေမယ့် တခြားသော ဒဏ်ရာရ ကစားသမားတွေ ကတော့ များပြားနေဆဲ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဝက်စ်ဟမ်းရဲ့ အဓိက အားထားရတဲ့ ကစားသမား ဖြစ်တဲ့ မိုဟာမက် ကူဒု့စ် အနီကတ်ကြောင့် ပွဲပယ် ပြစ်ဒဏ်ကျခံရဖို့ ရှိပြီးတော့ တိုက်စစ်မှူး ဖူးလ်ခရက်ဂျ် ကလည်း ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ဘက်ကတော့ ဂျွန်နီ အီဗန့်စ်နဲ့ ကိုလီယာတို့ လွဲချော်ဖွယ် ရှိနေပြီးတော့ မေဆန် မောင့်၊ မက်ဂွိုင်းယား၊ လုခ် ရှော၊ မလာစီယာ၊ မိန်းနူးနဲ့ အန်တိုနီ တို့ကတော့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဝက်စ်ဟမ်း ကတော့ ဒီနှစ် ပရီးမီးယားလိဂ်မှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပြီး အမှတ်ပေးဇယား အဆင့် ၁၅ နေရာ အထိ ရောက်ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်း – အာရီယိုလာ၊ ဝမ်ဘစ်ဆာခါ၊ အမ်ဗရိုပါးနို့စ်၊ ကေးလ်မန်း၊ အီမာဆင်၊ အဲလ်ဗာရက်ဇ်၊ ဘိုဝင်၊ ပက်ကေးတား၊ ဆိုချက်ခ်၊ ဆမ်းမားဗီးလ်၊ အန်တိုနီယို

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ မက်ဇရာရီ၊ ဒီလစ်ဂျ်၊ အီဗန့်စ်၊ မာတီနက်ဇ်၊ အဲရစ်ခ်ဆင်၊ ကက်စ်မဲရိုး၊ ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်ဇ်၊ ဂါနာချို၊ ဟွိုက်ဂျ်လန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဝက်စ်ဟမ်းက ၇ ကြိမ်နိုင်၊ ၈ ကြိမ် သရေ၊ ယူနိုက်တက် ကတော့ အကြိမ် ၂၀ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ယူနိုက်တက်က ၃ ကြိမ်နိုင်ပြီး ဝက်စ်ဟမ်းက ၂ ကြိမ် အနိုင်ရထားပါတယ်။ လန်ဒန်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ဝက်စ်ဟမ်း ကတော့ ၂ ပွဲဆက် အနိုင်ရထားပြီး ယူနိုက်တက် ကတော့ ၁ ကြိမ်သာ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဝက်စ်ဟမ်း နိုင်ရင် ၂.၆၇ ဆ၊ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၂.၃၁ ဆ၊ သရေ ဆိုရင်တော့ ၃.၄၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်ချက်စတာယူနိုက်တက်က သရေ တစ်ဝက်ရှုံး၊ သရေ ရှုံး၊ ဒဲ့ကြေးတွေ ပေးထားပါတယ်။ ယူနိုက်တက်ဟာ ခြေစွမ်းပိုင်း ယိမ်းယိုင်နေသလို ဝက်စ်ဟမ်း ကလည်း အခြေအနေ ဆိုးနေပါတယ်။ ခန့်မှန်းရခက်ပြီးတော့ ကျွန်တော် ကတော့ ဖိအားတွေ များနေတဲ့ တန်ဟက်ဂ်နဲ့ ယူနိုက်တက်ကို ပိုပြီး ယုံကြည်ထားချင်ပါတယ်။ ယူနိုက်တက်က ၀-၁ လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

ဝက်စ်ဟမ်း ၀-၁ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်