နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်လို့ စိတ်အနှောင့်အယှက် ဖြစ်နေခြင်း မရှိတဲ့ အာနိုးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်လို့ ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အာနိုးလ် ကိုတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က ခေါ်ယူချင်နေတာ ဖြစ်ပြီး ဒီသတင်းတွေနဲ့ ပတ်သတ်လို့ အာနိုးလ် အနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်မနေကြောင်း ဆလော့တ်က တုံ့ပြန် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဆလော့တ်က “ခင်ဗျားက ကျွန်တော့် ကစားသမားတွေကို လျှော့တွက်တယ်လို့ ထင်ပါတယ်။ ဒီကစားသမားတွေက စာချုပ် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ နေ့စဉ်နဲ့ အမျှ ထိပ်တန်း ကလပ်တွေရဲ့ ချိတ်ဆက်ခံနေရတာပါ။ အဲဒါတွေကြောင့် သူတို့စိတ်အနှောင့် အယှက် ဖြစ်တယ်လို့ ထင်နေရင် ခင်ဗျားက သူတို့ရဲ့ စိတ်ဓာတ်ပိုင်း ဘယ်လောက်သန်မာလဲ ဆိုတာကို မဆုံးဖြတ်သင့်ဘူး။ ဒါက ကျွန်တော်တို့ အလုပ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သလို ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ကိုယ်လုပ်စရာ ရှိတာ ကိုပဲ အာရုံစိုက်ရမှာပါ။ ခင်ဗျားက အသက် ၁၇၊ ၁၈ လောက် ဆိုရင်တော့ ဒါက ခက်ခဲမှာပါ။ ဒါပေမဲ့ ထရန့်က အမှတ်ပေးလိဂ်၊ ချန်ပီယံလိဂ် ဖလားတွေ ရရှိထားပြီး ဗာဂျယ် (ဗန်ဒိုက်ခ်) နဲ့ မို (ဆာလာ) တို့လည်း အတူတူပါပဲ။ အဲဒါက သူတို့ကို ပုံစံကောင်းပြနိုင်ဖို့ ပြဿနာ တစ်ခုလို့ ကျွန်တော် မထင်ဘူး။ လို့ တုံ့ပြန် ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ အာနိုးလ်ရဲ့ လက်ရှိ စာချုပ် သက်တမ်းက လာမယ့် ရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
လာမယ့် ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အာနိုးလ်

လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အာနိုးလ်နဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တို့ရဲ့ စာချုပ် ကတော့ နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် ကလည်း ကာလရှည်ကြာ အနားယူရဖွယ် ရှိနေတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အာနိုးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အာနိုးလ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ အတူ ၂၀၁၆ ခုနှစ်မှာ ပရိုကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ ၃၁၉ ပွဲ ကစားထားသလို အသင်းနဲ့ အတူ ဆုဖလား အားလုံး နီးပါးကို ရရှိထားသူပါ။ အာနိုးလ်က နည်းပြဟောင်း ယာဂန် ကလော့ပ် လက်ထက် ကတည်းက လစ်ဗာပူးလ် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပြီးတော့ လက်ရှိ နည်းပြ အာနေး ဆလော့တ် လက်ထက်မှာလည်း အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

အာနိုးလ်က လစ်ဗာပူးလ် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီးတော့ ပရိုကစားသမားဘဝ တစ်လျှောက်လုံး လစ်ဗာပူးလ် တစ်သင်းထဲမှာသာ ကစားနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ အာနိုးလ်ရဲ့ လက်ရှိ စာချုပ် သက်တမ်းက လာမယ့် ရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာနိုးလ် အနေနဲ့ လာမယ့် ဇန်နဝါရီလမှ စတင်ကာ ပြည်ပ ကလပ် အသင်းတွေနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေ အတွက် တရားဝင် ဆွေးနွေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က အာနိုးလ်ကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေပြီး လာမည့် ဇန်နဝါရီမှာ ကြိုတင် သဘောတူညီမှု ရယူဖို့ ပြင်ဆင်နေကြောင်း စပိန် မီဒီယာတွေက ဖော်ပြလျက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်