နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ ချဲလ်ဆီး ကွင်းလယ်လူ ရိုမီယို လာဗီယာနဲ့ ကာနေး ချူကွေမီကာ တို့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာ ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကစားသမားသစ်တွေ ရှာဖွေခဲ့ပါသေးတယ်။ အဲဗာတန်က အမာဒူ အိုနာနာနဲ့ ဆိုစီဒက်က မီခဲလ် မာရင်နို တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် အက်စတွန်ဗီလာနဲ့ အာဆင်နယ် တို့ဆီ ပါသွားခဲ့တာကြောင့် ကွင်းလယ်ပိုင်း အတွက် အားဖြည့်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

SPORTရဲ့ အဆိုအရ ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒေကို ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အခုထက် ပိုမို အင်အား တောင့်တင်းလာစေဖို့ အတွက် ကစားသမားသစ် တစ်ဦး ရှာဖွေဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမား တစ်ဦးကို အဓိက ဦးစားပေး အဖြစ် ရှာဖွေသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

သတင်းတွေ အရ ဆိုရင် လာလီဂါ ကလပ်ဟာ လာဗီယာနဲ့ ချူကွေမီကာ တို့ နှစ်ဦးစလုံးကို ဖြစ်နိုင်ချေရှိတဲ့ ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒီကစားသမား နှစ်ဦး ကတော့ မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ ချဲလ်ဆီး နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်အောက်မှာ မိနစ် အနည်းငယ်သာ ကစားခွင့်ရပြီး ရုန်းကန်နေရတာ ဖြစ်ပါတယ်။

လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာ ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကစားသမားသစ်တွေ ရှာဖွေခဲ့ပါသေးတယ်။
ဆောင်းရာသီ ဈေးကွက်မှာ ကစားသမား နှစ်ဦး ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ

မန်ချက်စတာစီးတီး အကယ်ဒမီထွက် အသက် ၂၀ အရွယ် ဘယ်လ်ဂျီယံ ကွင်းလယ် ခံစစ် ကစားသမား ကတော့ ဆောက်သမ်တန် မှာတော့ အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ လာဗီယာက ချဲလ်ဆီးကို ရောက်ရောက်ချင်းမှာပဲ ဒဏ်ရာရသွားခဲ့ပါတယ်။ လာဗီယာက ဒဏ်ရာက ပြန်လည် သက်သာလာချိန် နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်အောက်မှာတော့ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ လာဗီယာဟာ ဒီရာသီ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၃ ပွဲသာ ကစားခွင့်ရထားပြီး မိနစ် အားဖြင့်တော့ ၇၇ မိနစ်သာ ကစားခွင့် ရရှိထားတာ ဖြစ်ပါတယ်။ ချူကွေမီကာ ကလည်း လာဗီယာ နည်းတူ ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီးတော့ တစ်ပွဲသာ ပါဝင်ကစားထားရပါသေးတယ်။

သတင်းတွေအရ ဆိုရင် ဘာစီလိုနာဟာ နွေရာသီ အပြောင်းအရွှေ့ကာလ မှာတုန်းက ချူကွေမီကာကို ချဉ်းကပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အသက် ၂၀ အရွယ် ကစားသမား အတွက် သဘောတူညီမှု မရရှိခဲ့ပဲ နောက်ထပ် တစ်ကြိမ် ထပ်မံ ကြိုးပမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ကွင်းလယ် ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့နဲ့ ပတ်သတ်လို့ ဘာမှထုတ်ဖော် ပြောကြားထားခြင်း မရှိပဲ မက် ကာဆာဒိုကို ပိုမို ပွဲထွက်ခွင့်ပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် ၁၇ နှစ် အရွယ် မာ့ခ် ဘာနယ် ကလည်း နောက်ရာသီ ACL ဒဏ်ရာ ကနေ ပြန်လာ သက်သာလာတဲ့ အခါ အသင်းရဲ့ အနာဂတ်အတွက် ပိုမို အရေးပါတဲ့ မျှော်လင့်ချက် တစ်ခု အဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂါဗီနဲ့ ဖာမင်း လိုပက်ဇ် တို့ နှစ်ဦးစလုံးဟာ ဒဏ်ရာ ကနေ အသီးသီး ပြန်လည် သက်သာလာဖို့ နီးစပ်နေပြီ ဖြစ်သလို ဖရန်ကီ ဒီယောင် ကလည်း ပြန်လည် သက်သာလာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံလူ အဲရစ်ခ် ဂါစီယာနဲ့ အန်ဒရီယာ ခရစ္စတန်ဆန် တို့လည်း ရှိနေတာကြောင့် ဘာစီလိုနာ အနေနဲ့ ကစားသမားသစ် အလောတကြီး ခေါ်ယူဖို့ မလိုအပ်ကြောင်း ဖလစ်ခ်က ယူဆနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်