နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် နည်းပြ ရာထူး အတွက် Here We Go သွားတဲ့ တူချယ် | ပရီးမီးယားလိဂ်

အင်္ဂလန် ဘောလုံးအဖွဲချုပ် (FA) ကတော့ လစ်လပ်နေတဲ့ လက်ရွေးစင် အသင်း နည်းပြချုပ် ရာထူး အတွက် ဂျာမန် လူမျိုး နည်းပြ သောမတ်စ် တူချယ်ကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။ အင်္ဂလန်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ ကောင်းကောင်း ရှိတဲ့ နည်းပြ တစ်ဦးကို ဦးစားပေး ရှာဖွေနေခဲ့တာ ဖြစ်ပြီးတော့ တူချယ်နဲ့ ခပ်မြန်မြန်ပဲ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၅၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သောမက်စ် တူချယ် ကတော့ နည်းပြဘ၀ တစ်လျှောက် မိန့်ဇ်၊ ဒေါ့မန်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် အသင်းတွေကို ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ တူချယ် အတွက်တော့ အင်္ဂလန် လက်ရွေးစင် အသင်းက သူ့ရဲ့ နည်းပြဘ၀ ပထမဦးဆုံး ကိုင်တွယ်တဲ့ လက်ရွေးစင် အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်းဟာ နည်းပြဟောင်း ဆောက်ဂိတ်နဲ့ လမ်းခွဲပြီးနောက် လီကာစလေကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အင်္ဂလန်ဟာ ယာယီ နည်းပြ ကာစလေ လက်ထက်မှာ ၄ ပွဲ ကစား ၃ ပွဲ နိုင် ၁ ပွဲ ရှုံးထားပြီး လက်ကျန် ပွဲစဉ် ၂ ပွဲလောက်သာ ကိုင်တွယ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲချုပ် ဘက်ကတော့ ကာစလေကို ယူ-၂၁ အသင်းကို ပြန်လည် ကိုင်တွယ်စေဖို့ ရှိနေပြီးတော့ တူချယ်နဲ့ အလျင်အမြန် အစားထိုးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန်က နည်းပြသစ် ရှာဖွေမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ရာ သောမတ်စ် တူချယ်နဲ့ အခုရက်ပိုင်း အတွင်းမှ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲချုပ် အက်ဖ်အေ က ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် နည်းပြဟောင်း သောမတ်စ် တူချယ်ကို အင်္ဂလန် အတွက် လိုအပ်နေတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်မယ့်သူ အဖြစ် အပြည့်အဝ ယုံကြည်လျက် ရှိနေတယ် လို့လည်း Sky Sports ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

အင်္ဂလန်က သူတို့ရဲ့ နည်းပြ ရာထူး အတွက် ပရီးမီးယားလိဂ် ကလပ် မန်စီးတီး နည်းပြ ဂွါဒီယိုလာ အပါအဝင် သောမက်စ် တူချယ်၊ ဂရေဟမ် ပေါ်တာ၊ အက်ဒီ ဟောင်းဝ် တို့ကို ပစ်မှတ်ထားခဲ့ပါတယ်။ ဂွါဒီယိုလာ ကတော့ အင်္ဂလန် ဘောလုံးအဖွဲချုပ်ရဲ့ အလိုချင်ဆုံး နည်းပြ ဖြစ်ပေမယ့်လည်း စပိန်သားက မန်စီးတီးနဲ့ တစ်ရာသီ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်လာတာကြောင့် တူချယ် ကိုပဲ ပြောင်းလဲ ကြိုးပမ်းခဲ့ရတာ ဖြစ်နိုင်ပါတယ်။ လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ နည်းပြတွေထဲ ကမှ တူချယ်က အင်္ဂလန် အတွက် စိတ်ကြိုက် ရွေးချယ်မှု ဖြစ်ခဲ့ပြီး ဒီရက်ပိုင်း အတွင်းမှာပဲ အင်္ဂလန်နဲ့ တူချယ်တို့ ထိပ်တိုက် ဆွေးနွေး ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကလည်း တူချယ်ကို လိုချင်နေခဲ့ပြီးတော့ အင်္ဂလန် ဘောလုံးအဖွဲချုပ်နဲ့ ဆွေးနွေးနေတယ် ဆိုပြီးလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

လက်ရှိမှာ Sky Sports လို သတင်းမီဒီယာ တစ်ခုရဲ့ ဖော်ပြချက်အရ အင်္ဂလန် လက်ရွေးစင် အသင်းဟာ သောမတ်စ် တူချယ်ကို နည်းပြသစ် အဖြစ် မြန်မြန်ဆန်ဆန် ခန့်အပ်နိုင်ပြီ ဆိုတာ အတည်ပြုနိုင်ဖို့ ရှိနေတယ်လို ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကလည်း တူချယ် တစ်ယောက် အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ရာထူး အတွက် Here We Go သွားခဲ့ပြီ ဖြစ်ကြောင်း မနေ့ညကပဲ ပို့စ် တင်ထားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်