နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး နည်းပြ ဖြစ်လာနိုင်တဲ့ စပို့တင်းလစ္စဘွန်း နည်းပြ | ပရီးမီးယားလိဂ်

ဗြိတိန်သတင်းစာ Daily Mail ကတော့ စပို့တင်းလစ္စဘွန်း နည်းပြ အယ်လ်မီရွန် အနေနဲ့ အနာဂတ်မှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးရဲ့ နည်းပြ ဖြစ်လာနိုင်တယ်လို့ သုံးသပ် ဖော်ပြမှုတွေ ရှိနေခဲ့ပါတယ်။ ပပ်ဂွာဒီယိုလာ ကတော့ ပြီးခဲ့တဲ့ ရာသီကုန်လောက်ကတည်းက မန်ချက်စတာစီးတီး နည်းပြ ရာထူး ကနေ အနားယူမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အသင်းမှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးဟာ ဘောလုံးဒါရိုက်တာ နေရာ အတွက် အပြောင်းအလဲ ပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘောလုံး ဒါရိုက်တာ နေရာ အပြောင်းအလဲ ဖြစ်လာနိုင်ဖွယ် ရှိခြင်းနဲ့ အတူ နည်းပြ အပြောင်းအလဲလည်း ရှိလာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဘီဂီရီစတိန်းရဲ့ ခေါ်ယူမှုနဲ့ မန်စီးတီး အသင်းထံ ရောက်ရှိလာခဲ့သူ ဖြစ်တာကြောင့် ဘီဂီရီစတိန်းနဲ့ အသင်း လမ်းခွဲ ဖြစ်ခဲ့ရင်တော့ ၎င်းအနေနဲ့ မန်စီးတီးမှာ အနာဂတ် မရေရာတော့ကြောင်း သုံးသပ်နေကြတာ ဖြစ်ပါတယ်။

ပပ် ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးကို ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် မန်ချက်စတာ ကနေ ထွက်ခွာဖို့ နီးနေပြီ ဖြစ်ကြောင်း ပြောကြားထားခဲ့သူပါ။ လက်ရှိ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ဂွာဒီယိုလာက မန်စီးတီး ကနေ နောက်ရာသီ အကုန်မှာ ထွက်ခွာလိမ့်မယ်လို့ လက်ရှိ အချိန်ထိ သတင်းတွေ ထွက်နေပါသေးတယ်။ အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂွာဒီယိုလာက မန်စီးတီးကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀၄ ပွဲမှာ ၂၂၅ ပွဲ အထိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသင်းက သွင်းဂိုး အနေနဲ့လည်း ၇၇၅ ဂိုး ရရှိခဲ့သလို ပျမ်းမျှ အနိုင်ရရှိနှုန်း ကလည်း ၇၄.၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂွာဒီယိုလာက မန်စီးတီးကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀၄ ပွဲမှာ ၂၂၅ ပွဲ အထိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မန်စီးတီး ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ဂွာဒီယိုလာ

လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ကစားသမား ဘဝမှာ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန် ထိပ်သီး ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီး ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရယူပေးခဲ့ပါတယ်။

မန်စီးတီး အသင်း ကတော့ ဂွာဒီယိုလာကို မဆုံးရှုံးရစေဖို့ အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေပေမယ့်လည်း မအောင်မြင်ခဲ့ပါက ဟူဂို ဗီယာနာနှင့် ဆက်စပ်မှုအရ စပို့တင်းလစ္စဘွန်း နည်းပြ အယ်လ်မီရွန်ကို မန်စီးတီး နည်းပြ အဖြစ် မြင်တွေ့ရနိုင်ခြေ ရှိနေကြောင်း Daily Mail က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်မီရွန် ကတော့ စပို့တင်းလစ္စဘွန်းကို ကိုင်တွယ်ခဲ့တဲ့ ၄ ရာသီအတွင်း အမှတ်ပေး ချန်ပီယံဆု (၂)ကြိမ် ရယူပေးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ ယူနိုက်တက်က တန်ဟက်ဂ် နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

မန်စီးတီး အသင်းရဲ့ ဘောလုံးဒါရိုက်တာသစ် ဖြစ်လာမယ့် ဟူဂို ဗီယာနာ အနေနဲ့ ဂွါဒီယိုလာသာ လမ်းခွဲသွားခဲ့ရင်တော့ အယ်လ်မီရွန်ကို ခေါ်ယူဖွယ် ရှိနေတယ် ဆိုပြီး Daily Mail က သုံးသပ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်