နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့် နှစ်ကုန်အထိ နည်းပြ လုပ်ဦးမှာ မဟုတ်တဲ့ ဆောက်ဂိတ် | ပရီးမီးယားလိဂ်

အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဂါရတ်သ် ဆောက်ဂိတ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အပါအဝင် အခြား ဘယ်ကလပ် ကိုမှ ကိုင်တွယ်ဦးမှာ မဟုတ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒါ့အပြင် ဆောက်ဂိတ်သ်က လာမယ့်နှစ် အထိ နည်းပြ အလုပ်ကို လုပ်ကိုင်ဦးမှာ မဟုတ်ကြောင်းလည်း အတည်ပြု ပြောဆိုသွားခဲ့သေးတာ ဖြစ်ပါတယ်။

အင်္ဂလန် လူမျိုး နည်းပြ နည်းပြ ဂါရက်သ် ဆောက်ဂိတ်ဟာ အင်္ဂလန် အသင်းကို နှစ်ရှည်လများ ကိုင်တွယ်ခဲ့ပြီးတော့ ဆုဖလား အောင်မြင်မှုတွေ ရယူမပေးနိုင်ခဲ့ပဲ အခြေအနေ အဆင့်အတန်း တစ်ခုမှာ ရှိနေအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ဆောက်ဂိတ်သ် လက်ထက်မှာ ယူရို ပြိုင်ပွဲမှာ ၂ ကြိမ်ဆက် ဗိုလ်လုပွဲကို ရောက်ရှိခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီးမှာတော့ အင်္ဂလန် နည်းပြ ရာထူး ကနေ နှုတ်ထွက်ခဲ့ကာ လက်ရှိမှာတော့ အသင်း လက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။

ဆောက်ဂိတ် အနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင် ကတည်းက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ အသင်းမှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာလည်း တန်ဟက်ဂ် နေရာ အစားထိုး ဝင်ရောက်လာနိုင်သူ အဖြစ် ရေပန်းစားလျက် ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅ ဂိုးသာ ရရှိထားခဲ့ပြီး တိုက်စစ်ပိုင်း ကလည်း စိတ်ပျက်စရာကောင်းနေခဲ့တာ ဖြစ်ပါတယ်။
အခုရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရုန်းကန်နေရတဲ့ ဆောက်ဂိတ်

ယူနိုက်တက်ရဲ့ လက်ရှိ အားကစား ဒါရိုက်တာ ဒန် အက်ရှ်ဝက် အနေနဲ့ အင်္ဂလန် ဘောလုံးအဖွဲချုပ်မှာ နည်းစနစ် ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့စဉ်တုန်းက ဆောက်ဂိတ်ကို အင်္ဂလန် နည်းပြ ဖြစ်လာအောင် တွန်းတင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အက်ရှ်ဝက်ဟာ ဂါရက်သ် ဆောက်ဂိတ်ကို ယူနိုက်တက် နည်းပြ တာဝန်ပေးအပ်ချင်နေပြန်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆောက်ဂိတ် ကတော့ လာမယ့် ၂၀၂၅ ခုနှစ် အထိ နည်းပြ အလုပ်ကို ဆောင်ရွက်သွားဦးမှာ မဟုတ်ကြောင်း အသိပေး ထုတ်ပြန်လာခဲ့ပြီးတော့ သူနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းတွေ ကိုလည်း ရပ်တန့်စေခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်က “လာမယ့်နှစ် အထိ ကျွန်တော် နည်းပြ အလုပ်ကို ဆောင်ရွှက်ဦးမှာ မဟုတ်ပါဘူး။ ဒါက သေချာပါတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်ဖို့ အတွက် ကိုယ့်ကိုကိုယ်လည်း အချိန်ပေးရပါမယ်။ တကယ်ကို ကြီးကျယ်တဲ့ အခန်းကဏ္ဍတစ်ခု ကနေ ထွက်လာတဲ့အခါမျိုးမှာ ရုပ်ပိုင်းဆိုင်ရာ ကိုရော စိတ်ပိုင်းဆိုင်ရာ ကိုပါ အချိန်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်ရဲ့ လက်ရှိ ဘဝကို နေပျော်နေလို့ ဘာကိုမှ အလျင်စလို ဖြစ်မနေပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

တစ်ဖက်မှာ မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီမှာ အခြေအနေ ပိုဆိုးနေပြီး ပရီးမီးယားလိဂ် မှာလည်း အဆင့် ၁၄ နေရာ အထိ ရောက်ရှိနေခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅ ဂိုးသာ ရရှိထားခဲ့ပြီး တိုက်စစ်ပိုင်း ကလည်း စိတ်ပျက်စရာကောင်းနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အကြီးအကျယ် ဆွေးနွေးခဲ့ကြပေမယ့် နောက်ဆုံး မှာတော့ အဖြေမထွက်ခဲ့တာကြောင့် အသင်း ပရိသတ်တွေလည်း စိတ်ပျက်နေခဲ့ကြရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်