နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

“အာဆင်နယ်က ကျနော့်ရဲ့ အိမ်လိုပါပဲ” – ကိုင် ဟာဗက်ဇ် | ပရီးမီးယားလိဂ်

ဂျာမန် ကွင်းလယ်လူ ကိုင် ဟာဗက်ဇ် အနေနဲ့ ပရီးမီးယားလိဂ် အာဆင်နယ်ဟာ သူ့ အတွက်တော့ အိမ်လိုပဲလို့ ပြောကြားလာခဲ့ပါတယ်။ ကိုင် ဟာဗက်ဇ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အစောပိုင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း အသင်းနဲ့ အသားကျလာခဲ့ရင်းနဲ့ အတူ အာဆင်နယ် အတွက် ခြေစွမ်းပြလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီ လက်ရွေးစင်က အာဆင်နယ် ကစားသမား ဘဝ ပွဲဦးထွက်ရာသီမှာပဲ ပြိုင်ပွဲစုံ ၁၄ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ကိုင် ဟာဗက်ဇ်က ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၇ ပွဲမှာ ၃ ဂိုး သွင်းယူထားပြီး မြောက်လန်ဒန် ကလပ်မှာ ဖြတ်သန်းနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဟာဗက်ဇ်က “ကျွန်တော် ဒီမှာ အရမ်းကောင်းနေသလို ခံစားမိရပါတယ်။ အာဆင်နယ်က ကျွန်တော်ရဲ့ အိမ်လိုပါပဲ။ နေ့တိုင်း ဒီအသင်းမှာ ရှိနေတာကို ကျွန်တော် အရမ်း ကိုပဲ နှစ်သက်ပါတယ်။ လန်ဒန် မြိုခံ ကလပ် အသင်း တစ်သင်း ကနေ နောက်တစ်သင်းကို ရောက်လာခဲ့တာနဲ့ ကျွန်တော့် အတွက်လည်း အာဆင်နယ် ဘက်က ငွေတွေ အများကြီး သုံးစွဲထားရတာတွေကြောင့် လူတချို့က ကျွန်တော်နဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့် အရည်အချင်းကို ကျွန်တော် သိပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ယုံကြည်မှု အပြည့် ရှိပါတယ်။ နည်းပြနဲ့ အသင်းဖော်တွေ ကလည်း ကျွန်တော့်ကို အများကြီး ကူညီကြတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ကိုင် ဟာဗက်ဇ်က ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၇ ပွဲမှာ ၃ ဂိုး သွင်းယူထားပြီး မြောက်လန်ဒန် ကလပ်မှာ ဖြတ်သန်းနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးမှာ ပွဲပေါင်း ၁၃၉ ပွဲ ကစားပြီး ၃၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ ဟာဗက်ဇ်

ဆက်လက်ပြီး ဟာဗက်ဇ်က “အသင်းမှာရှိတဲ့ လူတိုင်းက ကျွန်တော့် အတွက် ရှိနေပေးကြသလို ကူညီပေးကြဖို့လည်း အဆင်သင့် ဖြစ်နေကြပါတယ်။ အဲ့ဒါက တစ်ချိန်တည်းမှာပဲ အလုပ် ဖြစ်လာစေတယ်လို့ ထင်မိပါတယ်။ နောက်ပြီး ကျွန်တော် အတော်လေး ရင့်ကျက်လာတယ်လို့ ထင်မိပါတယ်။ လူတစ်ယောက် အနေနဲ့ရော ကစားသမား တစ်ဦး အနေနဲ့ပါ ရင့်ကျက်လာတယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ကိုင် ဟာဗက်ဇ်က ဂျာမန် ကလပ် အတွက် ၄ ရာသီ အတွင်း ပွဲပေါင်း ၁၅၀ ကစားပြီး ၄၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ချဲလ်ဆီးက ကိုင် ဟာဗက်ဇ်ရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် အရ ခေါ်ယူခဲ့ပေမယ့် ဂျာမန်သားက ပရီးမီးယားလိဂ် မှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ဟာဗက်ဇ်ဟာ ချဲလ်ဆီးမှာ ပွဲပေါင်း ၁၃၉ ပွဲ ကစားပြီး ၃၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ အရေးပါတဲ့ အနိုင်ဂိုး သွင်းယူပြီး ချန်ပီယံဆု ရယူပေးနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဟာဗက်ဇ်က ချဲလ်ဆီးမှာ ပုံမှန် ခြေစွမ်း ပျောက်ဆုံးလာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ မှာတော့ လန်ဒန် မြို့ခံ ပြိုင်ဘက် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဟာဗက်ဇ်ဟာ လက်ရှိ အချိန်ထိ အာဆင်နယ် အတွက် ၅၉ ပွဲကစားထားပြီး ၁၈ ဂိုး သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်