နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့လို့ နောင်တမရဘူး ဆိုတဲ့ လိုကတ်တယ်လီ | စီးရီအေ

ဂျုဗင်တပ်စ်ရဲ့ အီတလီ ကွင်းလယ်လူ မန်ဝဲလ် လိုကတ်တယ်လီ ကတော့ တချိန်က အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် စီးရီးအေ ကလပ်ဆီ ကိုသာ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုကတ်တယ်လီက သူ့အနေနဲ့ အာဆင်နယ်ကို ကျော်ပြီး ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အပေါ် နောင်တမရခဲ့ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ လိုကတ်တယ်လီဟာ စီးရီးအေ ထိပ်သီး ကလပ် အေစီမီလန်မှာ စီနီယာ ကစားသမား ဘဝကို စတင်ခဲ့သူ ဖြစ်ပါတယ်။ လိုကတ်တယ်လီက ၂၀၁၈ ခုနှစ်မှာတော့ ဆာဆူအိုလို အသင်းထံ အငှားနဲ့ ရောက်ရှိခဲ့ပြီးတော့ နောက်ရာသီမှာ အပြီးသတ် အပြောင်းရွှေ့နဲ့ ရောက်ရှိခဲ့ပါတယ်။ ကွင်းလယ် ခံစစ်နဲ့ ကွင်းလယ် တိုက်စစ် နေရာတွေမှာ ကစားနိုင်ခဲ့တဲ့ လိုကတ်တယ်လီဟာ ဆာဆူအိုလိုမှာ ခြေစွမ်းပြသနိုင်ခဲ့လို အီတလီ လက်ရွေးစင် အသင်းမှာလည်း ရွေးချယ်ခံခဲ့ရတာကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲ မှာလည်း အီတလီ အသင်း ချန်ပီယံ ဖြစ်ဖို့ အတွက် အဓိက နေရာ ကနေ ပါဝင် စွမ်းဆောင်ခဲ့ပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ လိုကတ်တယ်လီကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က စိတ်ဝင်စားခဲ့ပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လိုကတ်တယ်လီ ကတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး စီးရီးအေ ထိပ်သီး ဂျုဗင်တပ်စ် ဆီကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်မှု အပေါ် ဝေဖန်ခံရတာတွေ ရှိခဲ့ပေမယ့်လည်း လိုကတ်တယ်လီ ကတော့ အဲ့ဒီ အချိန်တုန်းက သူရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး နောင်တမရကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

လိုကတ်တယ်လီက “ကျွန်တော် နောင်တရတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်က ဘောလုံး ကစားရတာရော ဘောလုံးပွဲတွေ ကြည့်ရတာ ကိုပါ သဘောကျပါတယ်။ ကျွန်တော်က အာဆင်နယ်ရဲ့ ပွဲစဉ်တွေကို ကြည့်ရတာ ကိုလည်း သဘောကျမိပါတယ်။ နောက်ပြီး သူတို့ အသင်းရဲ့ နည်းပြ ဖြစ်သူ မီခဲလ် အာတေးတား ကိုလည်း ကျွန်တော် လေးစားမိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လိုကတ်တယ်လီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဆာဆူအိုလို ကနေ ဂျုဗင်တပ်စ်ကို ၂ ရာသီ အငှား+အပြီးသတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမား အဖြစ်လည်း ရှိနေခဲ့ပါတယ်။ လိုကတ်တယ်လီ ကတော့ ပြီးခဲ့တဲ့ ၃ ရာသီ အတွင်း ဂျူဗင်တပ်စ် အတွက် စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံမှာ ၁၃၂ ပွဲ ပါဝင်ကစားခဲ့ပြီး ဒီရာသီ မှာတော့ ၆ ပွဲ ပါဝင် ကစားထားခဲ့ပါတယ်။ လိုကတ်တယ်လီဟာ အသင်း အတွက် သက်ရောက်မှု ကြီးမားတဲ့ ကစားသမား ဖြစ်မနေခဲ့ပေမယ့်လည်း ကွင်းလယ်ပိုင်း မှာတော့ အမှားအယွင်း နည်းနည်းနဲ့ ကစားပေးနေသူလည်း ဖြစ်ပါတယ်။

လိုကတ်တယ်လီရဲ့ ဂျူဗင်တပ်စ် ကတော့ ဒီရာသီ စီးရီးအေ မှာ ခြေစွမ်းပိုင်း သိပ်ပြီး အားရစရာ မရှိသေးသလို ရလဒ်ပိုင်း ကလည်း ၂ ပွဲနိုင်၊ ၃ ပွဲ သရေ ရရှိထားပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်