နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် အနေနဲ့ စပါးကို အနိုင်ရသွားဖွယ် ရှိတယ်လို့ ဆိုလိုက်တဲ့ ပီရက်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ရောဘတ် ပီရက်စ်က ဂန်းနားတွေ အနေနဲ့ မြောက်လန်ဒန် ပြိုင်ဘက် စပါးကို အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်ဟာ မြောက်လန်ဒန် ပရီးမီးယားလိဂ် ဒါဘီ ပွဲစဉ်ကို လူမစုံလင်ပဲ ကစားရမှာ ဖြစ်ပေမယ့်လည်း ရောဘတ် ပီရက်စ် ကတော့ သူ့ အသင်းဟောင်း အနေနဲ့ အနိုင်ရသွားနိုင်ချေ ရှိနေကြောင်း ခန့်မှန်း သုံးသပ်လိုက်တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ မြောက်လန်ဒန် ဒါဘီ ပွဲစဉ် အဖြစ် လာမယ့် တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အဲဒီ ပွဲစဉ် အတွက် အသင်းရဲ့ အဓိက ကစားသမား တော်တော်များများကို ဆုံးရှုံးထားရတာ ဖြစ်ပါတယ်။ လက်ရှိ အာဆင်နယ်မှာ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က စပါးနဲ့ ကစားမယ့် ပွဲစဉ်ကို ခြေချင်းဝတ် ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပြီး အဓိက ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် အခုပွဲကို လွဲချော်မှာ ဖြစ်သည်။

အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲစလုံး ရှုံးနိမ့်ထားခြင်း မရှိပဲ ဝုဗ်နဲ့ အက်စတွန်ဗီလာက ၂-၀ ရလဒ်တွေနဲ့ အနိုင်ရကာ ဘရိုက်တန် ကိုတော့ သရေကျထားခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ပွဲမှာ ဘရိုက်တန်နဲ့ သရေကျထားတဲ့ အာဆင်နယ်

ပီရက်စ်က “ဒီကလန် ရိုက်စ် မပါနိုင်တာက အသင်း အတွက် ဆုံးရှုံးမှု ဖြစ်ပေမယ့် သူမပါဘဲ ဒါဘီပွဲမှာ အာဆင်နယ် အသင်း အနိုင်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ လူအင်အားက ပိုကောင်းလာတာကြောင့်ပါ။” လို့ ပီရက်စ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပီရက်စ်က ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ ခြေစွမ်း ခြေစ ကိုလည်း ချီးကျူး စကား ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ မြောက်လန်ဒန် ဒါဘီ ပြိုင်ဘက် စပါး အသင်းကို နောက်ဆုံး ၂ ရာသီ ဆက်တိုက် အဝေးကွင်းမှာ အနိုင်ရထားခဲ့ပါတယ်။ စပါးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၄ မှတ် ပိုင်ဆိုင်ထားပါတယ်။ အန်ဂျီ ပိုစတီကိုဂလူးရဲ့ အသင်းက အဖွင့်ပွဲမှာ တန်းတက် လက်စတာစီးတီးနဲ့ သရေကျခဲ့ပြီး ဒုတိယပွဲမှာတော့ အဲဗာတန်ကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် ပွဲစဉ် ၃ မှာတော့ နယူးကာဆယ်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲစလုံး ရှုံးနိမ့်ထားခြင်း မရှိပဲ ဝုဗ်နဲ့ အက်စတွန်ဗီလာက ၂-၀ ရလဒ်တွေနဲ့ အနိုင်ရကာ ဘရိုက်တန် ကိုတော့ သရေကျထားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ အနိုင် ၃ မှတ် အပြည့် ရရှိဖို့ အခြေအနေကောင်းခဲ့ပေမယ့် ဒီကလန် ရိုက်စ် ထုတ်ပယ်ခံလိုက်ရခြင်းနဲ့ အတူ သရေ ၁ မှတ်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ စပါးနဲ့ အာဆင်နယ် တို့ဟာ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ အာဆင်နယ်က ၃ ကြိမ် နိုင်၊ ၁ ကြိမ် သရေ၊ ၁ ကြိမ် ရှုံးနိမ့်ထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်