နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်ဟာ ငပိန်းစစ်စစ် တစ်ယောက်သာ ဖြစ်ကြောင်း ဒဲ့ဝေဖန်လိုက်တဲ့ ပီယာ့စ် မော်ဂန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ ငပိန်းစစ်စစ် ဖြစ်တယ်လို့ နာမည်ကျော် ဂျာနယ်လစ်နှင့် ရုပ်သံ အစီအစဉ် တင်ဆက်သူ ပီယာ့စ် မော်ဂန်က ဒဲ့ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် မော်ဂန်က အဲရစ်ခ် တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို အရင်လို အောင်မြင်မှုတွေ ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ့်သူမျိုး မဟုတ်ကြောင်း၊ ထိပ်တန်း ကစားသမားတွေကိုလည်း ကိုင်တွယ်နိုင်သူ မဟုတ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ပီယာ့စ် မော်ဂန်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ သူနဲ့ ရင်းနှီးတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး တန်ဟက်ဂ်နဲ့ ပြဿနာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ကိုလည်း အထုပ်ဖြည်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုနဲ့ တန်ဟက်ဂ်တို့ ပြဿနာ ဖြစ်ပြီးချိန်က စပြီး ပီယာ့စ် မောဂန်ဟာ တန်ဟက်ဂ်ကို ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ ဝေဖန်တတ်သူလည်း ဖြစ်ပါတယ်။ မော်ဂန်က ရော်နယ်ဒို ယူနိုက်တက် ကနေ ထွက်ခွာခဲ့ရပြီးနောက် တန်ဟက်ဂ်ကို လူပြက်လို့ လှောင်ပြောင်ခဲ့သလို အခုအခါ မှာတော့ ပိုပြီး ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

တန်ဟက်ဂ် ကတော့ ပြီးခဲ့တဲ့ ရာသီ ကတည်းက ယူနိုက်တက် ကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့ပေမယ့် အက်ဖ်အေဖလား ရယူပေးနိုင်ခဲ့တာကြောင့် အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ အနာဂတ်က ကြာရှည်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ယူနိုက်တက် နည်းပြ အဖြစ် ဆက်ရှိနေခဲ့တဲ့ တန်ဟက်ဂ်က ဒီရာသီ ပရီးမီးယားလိဂ် မှာလည်း ရုန်းကန်နေရပြီး ပွဲစဉ် ၃ အပြီးမှာ ရှုံးပွဲ ၂ ပွဲ အထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ယူနိုက်တက် နည်းပြ အဖြစ် ဆက်ရှိနေခဲ့တဲ့ တန်ဟက်ဂ်က ဒီရာသီ ပရီးမီးယားလိဂ် မှာလည်း ရုန်းကန်နေရပြီး ပွဲစဉ် ၃ အပြီးမှာ ရှုံးပွဲ ၂ ပွဲ အထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။
တန်ဟက်ဂ်ဟာ နလပိန်းတုံး တစ်ယောက်လို့ ပြောဆိုလိုက်တဲ့ ပီယာ့စ် မော်ဂန်

ပီယာ့စ် မော်ဂန်က နယ်သာလန်သား နည်းပြနဲ့ ပတ်သတ်လို့ အခုလိုပဲ ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မော်ဂန်က “တန်ဟက်ဂ်က ငတုံး အစစ်ပါ။ ဒီလို ပြောရလို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ သူက တကယ့် ငပိန်းပါ။ ယူနိုက်တက်ကို ရောက်လာကတည်းက ဒီအတိုင်းပဲလေ ဟုတ်တယ်မလား။ သူက အခု ဟယ်ရီပေါ်တာတွေ၊ ဘာတွေ လျှောက်ပြောနေတယ်။ ရော်နယ်လ်ဒိုက ယူနိုက်တက် ကနေ သူ ထွက်ခဲ့ရတာ တန်ဟက်ဂ်ကြောင့်လို ကျွန်တော့်ကို အင်တာဗျူးမှာ ဖြေဖူးတယ်။ တန်ဟက်ဂ်ရဲ့ အဓိက ပြဿနာက ဘာလဲဆိုတော့ စာသိပ်တော်တဲ့ ပါရမီရှင် ကျောင်းသားတွေ အကြောင်းကို မသိဘဲ မနူးမနပ် ကျောင်းဆရာ တစ်ယောက်က ဆရာကြီးလို လုပ်ချင်နေတဲ့ သဘောပါပဲ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပီယာ့စ် မော်ဂန်က တန်ဟက်ဂ်ဟာ ထိပ်တန်း ကစားသမားတွေကို ကိုင်တွယ်နိုင်သူ မဟုတ်ကြောင်း၊ ရော်နယ်ဒို၊ ဂျေဒန် ဆန်ချို၊ ရက်ရှ်ဖို့ဒ် တို့လို ကစားသမားတွေကို မကိုင်တွယ်နိုင်ခဲ့တာကို လူတိုင်း သိကြောင်း၊ အေဂျက်စ် ကနေ ခေါ်ယူခဲ့တဲ့ ကစားသမားတွေလောက်သာ ကိုင်တွယ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ဒီရာသီ ပုံစံက မနှစ်ကထက်တောင် ပိုပြီး ဆိုးရွားနေကြောင်းလည်း ပြောကြားသွားခဲ့ပါသေးတယ်။ ပီယာ့စ် မော်ဂန် အပြင် ရော်နယ်ဒို ကလည်း “မန်ယူနိုက်တက် နည်းပြ တစ်ဦး အနေနဲ့ ကျွန်တော် တို့က ပရီးမီးယားလိဂ် ဖလား ဒါမှမဟုတ် ချန်ပီယံလိဂ် ဖလား ရယူဖို့ အတွက် တိုက်ပွဲဝင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားတွေ မပြောသင့်ပါဘူး။ တကယ် ဆိုရင် ကျွန်တော် တို့က ဒီလို ပြိုင်ပွဲတွေမှာ အောင်မြင်နိုင်မယ့် အလားအလာမျိုးတွေ မရှိသေးပေမယ့် ကျွန်တော်တို့ ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ် ဆိုပြီး ပြောသင့်တာပါ။” လို့ ပြောဆို ဝေဖန်ထားပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်