နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေတဲ့ ဟာလန်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်း ကတော့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းကို စာချုပ် သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အကယ်၍ မန်စီးတီးဟာ ဟာလန်းကို စာချုပ်သက်တမ်း တိုးပြီးရင်တော့ နော်ဝေသားက ပရီးမီးယားလိဂ်ရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် သတင်းတွေ အရ ဆိုရင် ဟာလန်းက သူဆန္ဒရှိတဲ့ အသင်းထံ လျော်ကြေးငွေနဲ့ ပြောင်းရွှေ့ခွင့်ပြုရမယ် ဆိုတဲ့ သဘောတူညီချက် ကိုတော့ ထည့်သွင်းချုပ်ဆိုသွားဖို့ ရှိနေကြောင်း သိရပါတယ်။ 

လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား အဖြစ် မန်စီးတီး ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနားက တစ်ပတ် လုပ်ခ ပေါင် ၄၂၅၀၀၀နဲ့ ရပ်တည်နေပါတယ်။ ဒီဘရွန်းနား ပြီးရင်တော့ ဟာလန်းက တစ်ပတ် လုပ်ခ ပေါင် ၃၇၅၀၀၀ နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေတာပါ။ ဟာလန်းဟာ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ဆုကြေးနဲ့ အခြား ခံစားခွင့်တွေ ပါရင်တော့ တစ်ပတ်ကို ပေါင် ၈၅၀၀၀၀ ဝန်းကျင် အထိ ရရှိနေပြီး မူရင်း လစာ ကတော့  ပေါင် ၃၇၅၀၀၀ သာ ရရှိနေတာ ဖြစ်ပါတယ်။ ဟာလန်း အနေနဲ့ မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးပါ ကလည်း မူရင်း လစာနှုန်းထားက ဒီဘရွန်းနားထက် ပိုများသွားမှာလည်း ဖြစ်ပါတယ်။ 

ဟာလန်းဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ မတိုင်ခင်က ဘယ်အသင်းမှာမှ ၃ ရာသီ ပြည့်အောင် မကစားခဲ့ဖူးပါဘူး။
မန်စီးတီးမှာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့ ရှိနေတဲ့ ဟာလန်း

မန်စီးတီး တာဝန်ရှိတွေနဲ့ ဟာလန်းရဲ့ အေးဂျင့် ပီတာမန် ကတော့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးလျက် ရှိပြီး အခုအခါ မှာတော့ စာချုပ်သစ် အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်လာနေခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ပီတာမန် မတိုင်ခင် နာမည်ကျော် အေးဂျင့် ရိုင်းအိုလာနဲ့ လက်တွဲခဲ့ပြီး ရိုင်းအိုလာ ရုတ်တရက် ကွယ်လွန်သွားချိန်မှာတော့ သူ့ရဲ့ လက်ထောက် ဖြစ်တဲ့ အမျိုးသမီး အေးဂျင့် ပီတာမန်နဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ ပီတာမန်ဟာ ရိုင်ယိုလာ လက်ထက်မှာ မပြီးပြတ်ခဲ့တဲ့ ဟာလန်းနဲ့ မန်စီးတီး တို့ရဲ့ အပြောင်းအရွှေ့ လက်စသတ်ခဲ့ရသူ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟာလန်းက မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေပြီး ဂိုးသွင်းနှုန်း မြင့်မားတဲ့ တိုက်စစ်မှူးလည်း ဖြစ်လို့ ခေါ်ယူချင်တဲ့ အသင်း များစွာလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက ဟာလန်းကို လစာတိုးမြှင့်ပေးပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဟာလန်းနဲ့ သူ့ရဲ့ ဖခင်ဖြစ်သူ တို့က မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေပေမယ့်လည်း ဟာလန်းရဲ့ ဆုံးဖြတ်ချက် ကသာ အဓိကကျနေတယ်လို့လည်း သိရပါတယ်။ ဟာလန်းဟာ မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာ အသင်းမှာ ဆက်ရှိ မရှိပေါ် မူတည်ပြီးတော့လည်း အနာဂတ်ကို ဆုံးဖြတ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ မတိုင်ခင်က ဘယ်အသင်းမှာမှ ၃ ရာသီ ပြည့်အောင် မကစားခဲ့ဖူးပါဘူး။ ဒါ့အပြင် ဟာလန်းက ၃ နှစ် အတွင်း အသင်း ၃ သင်း ပြောင်းရွှေ့ ကစားခဲ့သူပါ။ ဒါကြောင့် အများစုက ဟာလန်း အနေနဲ့ မန်စီးတီးမှာ ကာလရှည်ကြာ ကစားမှာ မဟုတ်ကြောင်း ထင်ကြေး ပေးခံခဲ့ရပေမယ့်လည်း အခုအခါမှာတော့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။ ဟာလန်း ကတော့ မန်စီးတီးမှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၀၂ ပွဲ ကစားပြီး ၉၇ ဂိုး သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်