နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လွန်ဒေါ ဆန်ကာတင် စာရင်းမှာ မပါလာလို့ စိတ်မကောင်း ဖြစ်ခဲ့တဲ့ ရိုဒရီဂို | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံ ကစားသမား ရိုဒရီဂို ကတော့ ပြီးခဲ့တဲ့ ရာသီက အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ၂၀၂၄ ဘယ်လွန်းဒေါဆု အတွက် ဆန်ကာတင် စာရင်း ထုတ်ပြန်ခဲ့ရာမှာ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ဘယ်လွန်ဒေါဆု အတွက် ကစားသမား အယောက် (၃၀) ဆန်ကာတင် စာရင်းမှာ ချန်လှပ်ခံခဲ့ရတာကြောင့် အခုအခါမှာတော့ ဘရာဇီးလ် ကြယ်ပွင့်လေးက စိတ်မကောင်း ဖြစ်မိကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ဘယ်လွန်ဒေါဆု အတွက် ဆန်ကာတင် စာရင်း မှာတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား ၅ ဦး အထိ ပါဝင်နေခဲ့ပါတယ်။ ဒီစာရင်းမှာ ရိုဒရီဂိုရဲ့ ဘရာဇီးလ် အသင်းဖော် ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ဂျူ့ဒ် ဘယ်လင်ဟမ်၊ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ၊ ဒန်နီ ကာဗာဟယ်၊  အန်တိုနီယို ရူဒီဂါတို့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း တိုနီ ခရူးစ်နဲ့ ဒီရာသီမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ကီလီယန် အမ်ဘာပေး တို့လည်း ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက သက်ဆိုင်ရာ ကလပ်တွေနဲ့ လက်ရွေးစင် အသင်းတွေ အတွက် အကောင်းဆုံး စွမ်းဆောင်ပြခဲ့တဲ့ ကစားသမားတွေ ထဲကမှ အယောက် (၃၀) ကို ရွေးချယ်ခဲ့တာ ဖြစ်ပေမယ့် ဒီဆန်ကာတင် စာရင်းထဲမှာ ရီးရဲလ်က တိုက်စစ် ကစားသမား ရိုဒရီဂိုနဲ့ ဘေယန်မြူးနစ်က ကွင်းလယ် တိုက်စစ် ကစားသမား မူစီအာလာ တို့က ရွေးချယ်မခံရပဲ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရိုဒရီဂိုဟာ ၂၀၁၉ ခုနှစ်မှာ ဘရာဇီးလ် ကလပ် ဆန်းတို့စ် ကနေ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ဘယ်လွန်ဒေါဆု ဆန်ကာတင်စာရင်းမှာ မပါလို့ စိတ်မကောင်း ဖြစ်နေတဲ့ ရိုဒရီဂို

ဒီလို ချန်လှပ်ခံရတာနဲ့ ပတ်သက်ပြီး ရိုဒရီဂိုက “ဘယ်လွန်ဒေါရဲ့ ဆန်ကာတင် စာရင်းမှာ မပါဝင်လာတာကို တွေ့လိုက်ရလို့ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော် ဒီစာရင်းထဲမှာ ပါဝင်ဖို့ ထိုက်တန်မှု ရှိတယ်လို ထင်မိပါတယ်။ ဒီစာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေကို မနှိမ့်ချချင်ပေမယ့် ကျွန်တော် ကတော့ ဒီစာရင်းရဲ့ နေရာ တစ်ခုမှာ ရှိနေသင့်တယ်လို့ ထင်ပါတယ်။ အဲ့ဒါက အံ့ဩစရာပါ။ ဒါပေမယ့် ဒါနဲ့ ပတ်သက်လို့ ကျွန်တော် လုပ်နိုင်တာ အများကြီး မရှိပါဘူး။ ကျွန်တော် ဆုံးဖြတ်ချက်ချတာ မဟုတ်လို့ပါ။” လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ရိုဒရီဂိုက “ကျွန်တော် အကြိမ်ကြိမ် ရယူခဲ့ပြီးသား ဆုဖလားတွေ ကိုလည်း နောက်ထပ် ရယူသွားချင်ပါသေးတယ်။ ရီးရဲလ်မက်ဒရစ် ဟာလည်း ကမ္ဘာ့ အကောင်းဆုံး ကလပ် ဖြစ်နေလို့ ကမ္ဘာ့အကောင်းဆုံး အသင်းမှာ ပုံမှန် ကစားခွင့်ရဖို့ ထိပ်တန်း အဆင့်မှာ အမြဲရှိနေအောင် ကြိုးစား အားထုတ်ရတာက ကျွန်တော့် အတွက် တွန်းအား ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် နေ့တိုင်း ပိုကောင်းလာအောင် လေ့ကျင့်နေရတာပါ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါသေးတယ်။ ရိုဒရီဂိုဟာ ၂၀၁၉ ခုနှစ်မှာ ဘရာဇီးလ် ကလပ် ဆန်းတို့စ် ကနေ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ် လူငယ် အသင်းမှာ ၃ ပွဲသာ ကစားပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် စီနီယာ အသင်းကြီးရဲ့ လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲ့နောက် ရီးရဲလ်မက်ဒရစ် အတွက် တောက်လျောက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ရိုဒရီဂိုက လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၂၂၁ ပွဲ ကစားပြီး ၅၅ ဂိုး သွင်းယူထားသလို လာလီဂါ၊ ချန်ပီယံလိဂ်၊ ကလပ် ကမ္ဘာ့ဖလား တို့ အပါအဝင် အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်