နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာနဲ့ အတူ စံချိန်သစ်တွေ ရယူနေတဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ရာသီသစ်မှာ ရလဒ်တွေ တောက်လျောက် ကောင်းမွန်နေပြီးတော့ အဖွင့် ၄ ပွဲဆက် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျာမန် လူမျိုး နည်းပြ ဟန်ဆီ ဖလစ်ခ် အနေနဲ့လည်း ပထမဦးဆုံး ကိုင်တွယ်ခဲ့သည့် လာလီဂါ ရာသီ အဖွင့် ပွဲစဉ် ၄ ပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက် အသင်း သမိုင်းမှာ စံချိန်မှတ်တမ်းကောင်း တချို့ကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ 

လက်ရှိမှာ အသက် ၅၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟန်ဆီ ဖလစ်ခ် အနေနဲ့ ဘာစီလိုနာကို ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာ နည်းပြ အဖြစ် တရားဝင် စတင် ကိုင်တွယ်ခဲ့ပြီး လာလီဂါ ပွဲစဉ် ၄ ပွဲ ကိုင်တွယ်ရာမှာ ရာနှုန်းပြည့် အနိုင်ရရှိကာ အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်စေဖို့ အတွက် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ် ကတော့ ဘာစီလိုနာ နည်းပြ ဘဝ ပထမဆုံး ကိုင်တွယ်တဲ့ ရာသီမှာတင်ပဲ ၄ ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်း နည်းပြဟောင်း ဗယ်လ်ဗာဒီ ကတော့ ၂၀၁၇-၁၈ ရာသီမှာ ပထမဦးဆုံး ကိုင်တွယ်တဲ့ လာလီဂါ ၇ ပွဲဆက် အနိုင်ရရှိကာ စံချိန်တင်ထားနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဖလစ်ခ် ကလည်း ဗယ်လ်ဗာဒီ ပြီးရင် ဘာစီလိုနာ အသင်းရဲ့ သမိုင်းတလျှောက် ဒုတိယအကြိမ် အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ဟန်ဆီ ဖလစ်ခ်ဟာ ဘာစီလိုနာ အသင်း သမိုင်းတစ်လျှောက် ဂျာမန် လူမျိုး နည်းပြတွေထဲမှာ ရာသီအဖွင့် စွမ်းဆောင်ရည် အကောင်းဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ထားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရဆိုရင် ဟန်ဆီ ဖလစ်ခ် အနေနဲ့ ဗယ်လ်ဗာဒီရဲ့ ၇ ပွဲဆက် နိုင်ပွဲ ရတဲ့ စံချိန် ကိုပါ ကျော်ဖြတ်နိုင်ဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။ ဘာစီလိုနာဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား ဇာဗီနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းရဲ့ နည်းပြသစ် ရာထူး အတွက် နာမည်ကျော်တွေ ကြားက ဟန်ဆီ ဖလစ်ခ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပြီး ပထမဦးဆုံး ရာသီအဖွင့်မှာ ကတ်တာလန် အတွက် ကျေနပ်စရာ ရလဒ်တွေကို ရယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဟန်ဆီ ဖလစ်ခ်ဟာ ဒီရာသီ လာလီဂါ ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရောဘတ် လီဝမ်ဒေါစကီး၊ ရာဖင်ညာနဲ့ လမင်း ယာမယ်တို့ ၃ ဦးကို ပုံသေတွဲဖက်ပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
အခု နွေရာသီမှာ ဘာစီလိုနာကို စတင် ကိုင်တွယ်ခဲ့တဲ့ ဘာစီလိုနာ

လက်ရှိမှာ အသင်းရဲ့ ရလဒ်ကောင်းတွေနဲ့ ပတ်သက်လို့ ဂျာမန်သား နည်းပြ ဟန်ဆီ ဖလစ်ခ်က “အသင်းရဲ့ ရလဒ်တွေ အတွက် ကျေနပ်မိသလို၊ ကစားသမားတွေရဲ့ မခိုမကပ် အားထုတ်မှုတွေ အပေါ်လည်း ချီးကျူးချင်ပါတယ်။ ကစားသမားတွေဟာ အောင်မြင်မှုနဲ့ ထိုက်တန်သူတွေ ဖြစ်ပြီး လူငယ်ကစားသမားတွေ အတွက်လည်း စံနမူနာ ယူထိုက်သူတွေလို့ ပြောချင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ဟန်ဆီ ဖလစ်ခ်က ဗယ်လာဒိုလစ်ကို ၇-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေ အတွဲဖက်မိမိ ကစားနိုင်ခဲ့တဲ့ အပေါ် ချီးကျူူးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဟန်ဆီ ဖလစ်ခ်ဟာ ဒီရာသီ လာလီဂါ ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရောဘတ် လီဝမ်ဒေါစကီး၊ ရာဖင်ညာနဲ့ လမင်း ယာမယ်တို့ ၃ ဦးကို ပုံသေတွဲဖက်ပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ အဲဒီ အတွဲအဖက်ဟာ ဒီရာသီ ဂိုးပါဝင် ပတ်သက်မှုနှုန်း မှာလည်း ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ အမြင့်ဆုံး အဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။ 

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ဒီရာသီ တိုက်စစ် အတွဲအဖက်မှာ လီဝမ်ဒေါစကီး၊ ရာဖင်ညာနဲ့ ယာမယ်တို့ ၃ ဦးရဲ့ ဂိုးပါဝင် ပတ်သက်မှုနှုန်းက ၅ ကြိမ်စီ ရှိနေပြီး အခြားသော တိုက်စစ် အတွဲဖက်တွေထက် အနည်းဆုံး ၅ ကြိမ်စီ ပိုများနေခဲ့တာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်