နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်း ခြေစွမ်းမပြနိုင်မှုနဲ့ ပတ်သတ်လို့ ဝန်ခံလာခဲ့တဲ့ အန်ဆယ်လော့တီ | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်း နည်းပြ ကာလို အန်ဆယ်လော့တီက သူတို့ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီကလို ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတယ်လို့ ဝန်ခံ ပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ဟာ သြဂုတ်လ ၂၉ ရက် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၃ မှာတော့ လက်စ်ပါးလ်မက်စ်ကို အသင်းကို အနိုင်ကစားနိုင်ခြင်း မရှိခဲ့ပဲ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ လာလီဂါ ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲသာ အနိုင်ရထားပြီး ၂ ပွဲ သရေကျထားကာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒီရာသီအစမှာပဲ အဖိုးတန် ရမှတ်တွေ ဆုံးရှုံးနေခဲ့ရတဲ့ အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ရာသီအစမှာ သူတို့ အသင်း ရုန်းကန်နေရခြင်း အတွက် ဆင်ခြေပေးစရာ မရှိကြောင်းနဲ့ သူတို့ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီကလိုမျိုး ခြေစွမ်းပြဖို့ ခက်ခဲနေကြောင်း ဝန်ခံပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာတဲ့ ပြင်သစ် နာမည်ကျော် တောင်ပံ တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေး ကလည်း လာလီဂါ အရောက်မှာတော့ ဂိုးရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

အန်ဆယ်လော့တီက “ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ရာသီကလို ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတယ် ဆိုတာ ထင်ရှားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဆင်ခြေပေးစရာ မရှိပါဘူး။ ပွဲစဉ် ဇယားက အရမ်းကျပ်တည်းနေတာကြောင့် ကျွန်တော်တို့ အနေနဲ့ အလျင်အမြန် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ ကြိုးစားရပါမယ်။ ဘာလို့လဲ ဆိုတော့ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ အနေနဲ့ တခြား ပွဲစဉ် တစ်ပွဲ ထပ်ပြီး ကစား ရမှာ မို့လိုပါ။ လက်စ်ပါးလ်မက်စ်နဲ့ ပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ဆိုးရွားခဲ့ပါတယ်။ အသင်းလိုက် ဟန်ချက်ကို ပျက်နေခဲ့တာပါ။ ဒါကို ကျွန်တော်တို့ အဖြေရှာဖို့ လိုအပ်ပါတယ်။ အသင်းရဲ့ ကစားပုံက တိုးတက်မှု ရှိမလာပါဘူး။ ကျွန်တော်တို့ အနေနဲ့ အခုထက် ပိုပြီး တိုးတက်ဖို့ ကြိုးစားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာတဲ့ ပြင်သစ် နာမည်ကျော် တောင်ပံ တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေး ကလည်း လာလီဂါ အရောက်မှာတော့ ဂိုးရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ကီလီယန် အမ်ဘာပေးဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လာလီဂါ ပွဲစဉ် ၃ ပွဲစလုံး ပါဝင်ကစားခဲ့ပေမယ့်လည်း ဂိုးမသွင်းနိုင်သေးတဲ့ အတွက် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့လည်း အန်ဆယ်လော့တီက “အမ်ဘာပေး ကစားတာ အရမ်းကို ကြည့်လို့ကောင်းပါတယ်။ သူဟာ အရမ်းကို လျင်မြန်ပြီး ဘောလုံးမရှိတဲ့ အချိန်မှာ ရွေ့လျားမှုတွေ အရမ်း ကောင်းပါတယ်။ ဗယ်လာဒိုးလစ်နဲ့ ပွဲမှာ သူ ဂိုးသွင်းခွင့် ၃ ကြိမ် ရရှိခဲ့ပါတယ်။ အထောင် တိုက်စစ်မှူး နေရာ ကနေ သူဂိုးသွင်းနေကျ ဖြစ်လို့ သူဂိုးသွင်းနိုင်ပါလိမ့်မယ်။ အမ်ဘာပေး အနေနဲ့ ဂိုးရဖို့ အတွက် ဘယ်တောင်ပံ ဒါမှမဟုတ် ညာတောင်ပံ တိုက်စစ်မှာ ကစားဖို့ လိုတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်