နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်တလက်တီကိုမက်ဒရစ်ကို အမှန်တကယ် ရောက်ရှိသွားတဲ့ ဂယ်လာဟာ | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ ချဲလ်ဆီး ကနေ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတဲ့ ကော်နာ ဂယ်လာဟာကို အမှန်တကယ် ခေါ်ယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူကို လာလီဂါ ကလပ်က ဒီနေ့မှာပဲ ကစားသမားသစ် အဖြစ် တရား၀င် ကြေညာသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဂယ်လာဟာ အနေနဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ၂၀၂၉ ခုနှစ် နွေရာသီအထိ ၅ နှစ် သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုမှာ ဖြစ်ပြီး စပိန်မြေမှာပဲ ဆေးစစ်မှု ပြုလုပ်ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီကစားသမားဟာ အစောပိုင်းမှာ ကတည်းက အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးနဲ့ လာလီဂါ ကလပ် အကြား အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အနည်းငယ် ရှုပ်ထွေးမှုတွေ ရှိခဲ့ပြီး အခုအချိန်မှာသာ အပြီးသတ် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း ဆိုရင် ဂယ်လာဟာ အနေနဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်ထက် စောပြီး အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ရှိခဲ့တာ ဖြစ်ပါတယ်။

 
ဂယ်လာဟာကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ်

အက်တလက်တီကိုမက်ဒရစ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလ အတွင်းမှာ အသင်းရဲ့ ဝါရင့်ကစားသမားတွေနဲ့ အရန်ကစားသမား တချို့ ထွက်ခွာသွားခဲ့ပြီးတဲ့နောက် စပိန် နောက်ခံလူ လီနော်မန်၊ နော်ဝေ တိုက်စစ်မှူး ဆောလော့သ်နဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်တို့ ၃ ဦး အတွက် ယူရိုသန်း ၁၅၀ နီးပါး အသုံးပြုကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ရော်ဘင် လီနော်မန်ကို ရီးရဲလ်ဆိုစီဒက် ကနေ ယူရို ၃၄.၅ သန်း၊ အလက်ဇန္တား ဆောလော့သ်ကို ဗီလာရီးရဲလ် ကနေ ယူရို ၃၁ သန်း၊ ဟူလီယန် အဲလ်ဗာရက်ဇ် ကိုတော့ မန်စီးတီး ကနေ ယူရို ၇၅ သန်း + အပိုဆုကြေး သန်း ၂၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယာအို ဖီးလစ် ထွက်ခွာခဲ့မယ် ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ အတွက် တိုက်စစ်ကစားသမား တစ်ဦးနဲ့ နောက်ခံလူ တစ်ဦး တို့ကို ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

အက်တလက်တီကိုမက်ဒရစ် အသင်းဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားမှု စာရင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ရဲ့ အနောက် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ပွဲစဉ် ၁ အပြီးမှာတော့ အက်တလက်တီကိုမက်ဒရစ်က ၁ ပွဲ ကစား၊ ၁ ပွဲ သရေ၊ ရမှတ် ၁ မှတ် ရရှိထားပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ၂၀၂၀/၂၁ ဘောလုံးရာသီက နောက်ဆုံး အကြိမ် အဖြစ် လာလီဂါ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီး နောက်ဆုံး ၃ ရာသီမှာတော့ ထိပ်ဆုံး ၄ သင်း နေရာသာ ဝင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ အက်တလက်တီကိုမက်ဒရစ် အနေနဲ့ အကြမ်းစား ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကို ကျော်ပြီး ချန်ပီယံဆုတွေ သိမ်းပိုက်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်