နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းဖော်တွေကို ဒေါသတွေ ပေါက်ကွဲနေတဲ့ ရော်နယ်ဒို | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ကတော့ ဆော်ဒီစူပါဖလား ဗိုလ်လုပွဲမှာ အဲလ်ဟီလယ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ အတွက် ဒေါသပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့် ကစားသမားက ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိပဲ ကွင်းထဲ ကနေ စောစောစီးစီး ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အဲလ်နာဆာ အသင်းဟာ ဆော်ဒီစူပါဖလား ဗိုလ်လုပွဲမှာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ် မှာရော ဆော်ဒီဘုရင့်ဖလား ပြိုင်ပွဲမှာပါ အရှုံးပေးခဲ့ရတဲ့ အဲလ်ဟီလယ်ကို ထပ်မံ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁-၄ ရလဒ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာကြောင့်လည်း ပိုပြီး အရှက်ကွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုက အဲလ်နာဆာ အတွက် ပွဲချိန် ၄၄ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း အဲလ်ဟီလယ် အသင်းက ဒုတိယပိုင်းမှာ ၄ ဂိုး ပြန်သွင်းပြီး အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အဲလ်ဟီလယ် အတွက် သွင်းဂိုး ၄ ဂိုးစလုံးဟာ ၁၇ မိနစ် အတွင်းမှာပဲ ရရှိခဲ့တာ ဖြစ်တဲ့ အတွက် ရော်နယ်ဒိုဟာ သူ့ရဲ့ အသင်းဖော်တွေရဲ့ ပေါ့ဆမှုတွေကို တော်တော်လေး စိတ်ပျက်ခဲ့ရပုံရပါတယ်။ ဒါကြောင့် အမူအရာတွေနဲ့လည်း မကျေနပ်ကြောင်း ပြသခဲ့ပြီး အိပ်ပျော်နေကြတာလား ဆိုတဲ့ ပုံစံမျိုးပါ လုပ်ပြခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက် အဲလ်ဟီလယ်ရဲ့ ပရိသတ်တွေ ကလည်း သူတို့ရဲ့ ၄ ဂိုးမြောက် သွင်းဂိုး ရရှိချိန်မှာ ‘မက်ဆီ၊ မက်ဆီ’ ဆိုပြီး အော်ဟစ်ကာ ရော်နယ်ဒိုကို လှောင်ပြောင် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ကမ္ဘာကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အယ်လ်နာဆာ အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိအချိန်မှာ Arab Club Champions Cup တစ်ခုသာ ရယူထားနိုင်ခဲ့ပါသေးတယ်။ သူ့ အနေနဲ့ အဲလ်နာဆာ အတွက် ပြိုင်ပွဲစုံ ၇၂ ပွဲမှာ ၆၆ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဆော်ဒီပရိုလိဂ် ချန်ပီယံဆု၊ ဆော်ဒီ ဘုရင့်ဖလားနှင့် ဆော်ဒီ စူပါဖလား တို့ကို အခုချိန်ထိ ရယူနိုင်ခြင်း မရှိသေးပါဘူး။

အဲလ်နာဆာ အသင်းဟာ ဆော်ဒီစူပါဖလား ဗိုလ်လုပွဲမှာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်မှာရော ဆော်ဒီဘုရင့်ဖလား ပြိုင်ပွဲမှာပါ အရှုံးပေးခဲ့ရတဲ့ အဲလ်ဟီလယ်ကို ထပ်မံ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
အာရပ် ကလပ် ချန်ပီယံဖလား အောင်မြင်မှုသာ ရရှိထားတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ အဲလ်နာဆာ အသင်းဖော်တွေရဲ့ ပေါ့ဆမှုကို ဒီတစ်ကြိမ် မှာတော့ တော်တော်လေး ဒေါသထွက်ခဲ့ပုံ ရပြီး ပွဲအပြီးမှာ ဒုတိယ ငွေတံဆိပ်ဆုကို လက်ခံရယူခြင်း မရှိပဲ ကွင်းထဲ ကနေ ထွက်ခွာသွားခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ အသင်းဖော်တွေကို စိတ်တိုင်းမကျတဲ့ အမူအရာတွေ လုပ်ပြုလုပ်ပြခဲ့ခြင်းနဲ့ အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် မကျေနပ်ကြောင်း ပြသခဲ့တာတွေကြောင့် နည်းပြ ဖြစ်သူ လူးဝစ္စ ကတ်စထရိုရဲ့ အနာဂတ် ကလည်း လှုပ်ခတ်လျက် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပေါ်တူဂီ လူမျိုး နည်းပြ ဖြစ်တဲ့ လူးဝစ္စ ကတ်စထရို ကတော့ ပြီးခဲ့တဲ့ရာသီမှာ အဲလ်နာဆာကို စတင်ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ သူ့ အနေနဲ့ Arab Club Champions Cup ကို ရယူပေးနိုင်ခဲ့ပေမယ့်လည်း တခြားသော ပြိုင်ပွဲတွေမှာ ရလဒ်မကောင်းခဲ့သလို လက်ရှိ ဆော်ဒီစူပါဖလား ပြိုင်ပွဲမှာလည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အတွက် အနာဂတ် မရေမရာ ဖြစ်လာတာလည်း ဖြစ်ပါတယ်။

၂၀၂၄-၂၅ ရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲ ကတော့ လာမယ့် သြဂုတ် ၂၂ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပြီး အဲလ်နာဆာ တာဝန်ရှိသူတွေ အနေနဲ့ နည်းပြ အပြောင်းအလဲ ပြုလုပ်နိုင်ချေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း ကတ်စထရိုရဲ့ အေးဂျင့် ကတော့ “ကျွန်တော်တို့ ဘာအကြောင်းကြားမှု မှတော့ မရသေးပါဘူး။ ကတ်စထရိုက ရာသီသစ်မှာ အသင်းနဲ့ အတူ အောင်မြင်မှု ရယူသွားနိုင်ဖို့ ဆန္ဒရှိနေပါတယ်။ စူပါဖလားမှာ အောင်မြင်မှု မရခဲ့ပေမဲ့ တခြားပြိုင်ပွဲတွေမှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာ မသိနိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်