နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနာဂတ်နဲ့ ပတ်သတ်ပြီး ရေရေရာရာ သိချင်နေတဲ့ စတာလင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းရဲ့ တောင်ပံကစားသမား ရာဟင်းမ် စတာလင် ကတော့ ရာသီ အဖွင့် ဖြစ်တဲ့ မန်စီးတီးနဲ့ ပွဲမှာတော့ ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိရဖို့ အတွက် အလိုရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ချဲလ်ဆီးဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အင်္ဂလန် တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်ကို အရန်ကစားသမား စာရင်းမှာတောင် ထည့်သွင်းခဲ့ခြင်း မရှိဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရာဟင်းမ် စတာလင်ဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီး ကနေ ချဲလ်ဆီးကို ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၈၁ ပွဲကစားကာ ၁၉ ဂိုး သွင်းယူပေးထားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးဆုံးချိန်ကတည်းက အင်္ဂလန် လက်ရွေးစင် အသင်း အတွက် အရွေးချယ်မခံရတော့တဲ့ စတာလင်ဟာ အားလပ်ရက် ကနေ နှစ်ပတ်စောကာ အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့ပြီး တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းခဲ့သလို ရာသီကြို ခြေစမ်းပွဲ ၆ ပွဲစလုံးမှာလည်း ပါဝင်ကစားခွင့် ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး နည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့လည်း ဆက်ဆံရေး အဆင်ပြေလျက် ရှိတာကြောင့် ရာသီအဖွင့်ပွဲမှာ ပါဝင် ကစားခွင့် ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာရက်စ်ကာက နည်းစနစ်ပိုင်း အကြောင်းပြချက်နဲ့ စတာလင်ကို လူစာရင်း ကနေ ချန်လှပ်ခံခဲ့ပါတယ်။ စတာလင်ဟာ လစ်ဗာပူးလ်မှာ ယှဉ်ပြိုင်ကစားနေစဉ် ၂၀၁၃-၁၄ ဘောလုံး ရာသီ ကတည်းက ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ်တွေကို ၁‌၁ ရာသီ ဆက်တိုက် ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ ပထမဆုံး အကြိမ် အဖြစ် လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

စတာလင်ဟာ လစ်ဗာပူးလ်မှာ ယှဉ်ပြိုင်ကစားနေစဉ် ၂၀၁၃-၁၄ ဘောလုံး ရာသီ ကတည်းက ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ်တွေကို ၁၁ ရာသီ ဆက်တိုက် ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ပွဲမှာ ပါဝင်ခွင့် မရခဲ့တဲ့ စတာလင်

လက်တလော အခြေအနေတွေနဲ့ ပတ်သတ်လို့တော့ ချဲလ်ဆီး နည်းပြ မာရက်စကာက “ ဒါက နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ပါပဲ။ တခြား ဘာမှပြောစရာမရှိပါဘူး။ နည်းပြတွေက ဆုံးဖြတ်ချက်ချရပြီး တစ်ခါတစ်ရံ ကစားသမားတွေက သဘောမကျကြပါဘူး” လို့ ဖြေရှင်းချက်ပေးထားပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက အသင်းရဲ့ ပူးတွဲပိုင်ရှင် ဖြစ်တဲ့ ဥက္ကဋ္ဌ တော့ဒ်ဘိုလေရဲ့ လက်ထက်မှာ နည်းပြနဲ့ ကစားသမား အပြောင်းအလဲ များစွာ ပြုလုပ်ထားခဲ့ပြီး ဒီနွေရာသီမှာလည်း ကစားသမားသစ် ၁၁ ဦး ထပ်မံ ခေါ်ယူ အားဖြည့်ထားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ ချဲလ်ဆီး အသင်းရဲ့ လူစာရင်းဟာ အလွန်အမင်း ဖောင်းပွနေပြီး ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိဖို့ အတွက် ကစားသမား တချို့ကို ပြန်လည် ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဒီလို ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ စာရင်းမှာတော့ စတာလင်လည်း ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် စတာလင်ရဲ့ အေးဂျင့် ဖြစ်သူက သူ့ရဲ့ ကစားသမား အနာဂတ် အတွက် ရှင်းရှင်းလင်းလင်း သိလိုကြောင်း ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေတဲ့ ရာဟင်းမ် စတာလင် ကိုတော့ စီးရီးအေ ထိပ်သီး ကလပ် ဂျူဗင်တပ်စ် အပါအဝင် ကလပ် တချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ESPN သတင်းဌာနက ဖော်ပြထားပါတယ်။ ချဲလ်ဆီး ကတော့ ကစားသမားသစ် များစွာ ခေါ်ယူထားပြီး ဖြစ်ပေမယ့်လည်း တိုက်စစ်ပိုင်း အတွက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ စီစဉ်လျက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက် မပိတ်ခင် အပြောင်းအလဲ များစွာ မြင်တွေ့ရဖွယ် ရှိနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်