နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဇရာရီကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူနိုင်တော့မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဘေယန်မြူးနစ် ညာနောက်ခံလူ နူဆာ မက်ဇရာရီကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း + အပိုဆုကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ Foot Mercato က ဖော်ပြလာခဲ့ပါတယ်။

မက်ဇရာရီက ပရီးမီးယားလိဂ် ကလပ်ပဲ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ အပြောင်းအရွှေ့ အထမမြောက်ခဲ့တဲ့နောက် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မက်ဇရာရီရဲ့ အပြောင်းအရွှေ့ကို လျင်လျင်မြန်မြန်ပဲ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး လက်ရှိမှတော့ ဘေယန်မြူးနစ်နဲ့လည်း ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က မက်ဇရာရီရဲ့ အပြောင်းအရွှေ့ အတွက် အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကာ တစ်ဖက် မှာတော့ အာရွန် ဝမ်ဘစ်ဆာခါကို ဝက်စ်ဟမ်းထံ ပြန်လည် ရောင်းချနိုင်ဖို့ အတွက် လုပ်ဆောင်နေပါတယ်။ 

ယူနိုက်တက်ဟာ အသင်းရဲ့ ညာခြမ်းမှာ ဒီယိုဂို ဒါးလော့တ်ကိုသာ ဆက်လက် အသုံးပြုသွားဖို့ ရှိနေပြီးတော့ အာရွန် ဝမ်ဘစ်ဆာခါ ကိုတော့ လာမယ့်နှစ်မှ အလွတ်နဲ့ လက်မလွှတ်ရခင် ဒီနွေရာသီမှာပဲ အသင်း ကနေ ပြန်လည် ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာခါကို ရောင်းထုတ်ပြီးရင် ညာနောက်ခံလူ တစ်ဦးကို အစားထိုး ခေါ်ယူသွားဖို့ ရှိခဲ့ပြီး ဒမ်းဖရီးစ် ကိုလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူနဲ့ အတူ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ မက်ဇရာရီ ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ကတော့ မက်ဇရာရီကို မခေါ်နိုင်ခဲ့လို သူတို့ရဲ့ ပစ်မှတ်ဟောင်း ဖြစ်တဲ့ ဝမ်ဘစ်ဆာခါ ကိုပဲ ပြန်လည် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ကလည်း မက်ဇရာရီကို ခေါ်ယူနိုင်ဖို့ သေချာနေချိန်မှာ အေဂျက်စ် အသင်းဖော်လည်း ဖြစ်ခဲ့သလို အေးဂျင့်လည်း တူတဲ့ နောက်ခံလူ ဒီလစ်ဂျ် ကိုပါ ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ခပ်သွက်သွက် လှုပ်ရှားနေတဲ့ အသင်း ဖြစ်ပြီး လီနီယိုရိုနဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီး တို့ကို ယူရို သန်း ၁၀၀ သုံးကာ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ INEOS ဟာ အသင်းကို ရာသီသစ်မှာ အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ အတွက် ပြင်ဆင်မှုတွေ အသေအချာ ပြုလုပ်နေပြီး နေရာစုံ အတွက် အင်အား ဖြည့်တင်းနေတာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် ယူနိုက်တက်က ကွင်းလယ်ပိုင်းနဲ့ ဘယ်/ညာ ခံစစ် နှစ်ဖက်ကို အင်အားဖြည့်တင်းဖို့ ရှိနေတယ်လို့ သိထားရပါတယ်။ ဒါ့အပြင် INEOS က နောက်ထပ် ဗဟိုခံစစ် ကစားသမား တစ်ဦးနဲ့ ကွင်းလယ် ကစားသမား တစ်ဦးကို အဲရစ်ခ် တန်ဟက်ဂ် အတွက် ထပ်မံ ခေါ်ယူပေးသွားဖို့ ရှိနေပြီး အူဂါတီ၊ ဇူဘီမန်ဒီ တို့ကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ယူနိုက်တက်ဟာ ဗဟိုခံစစ် အတွက် ဆိုရင်တော့ ယူနိုက်တက်က မားသီးယက်စ် ဒီလစ်ဂျ်၊ ဂျရတ် ဘရန့်ဝိတ်သ်နဲ့ အန်တိုနီယို ဆေးလ်ဗား တို့ကို စိတ်ဝင်စားနေပြီး ကွင်းလယ် အတွက် ကိုတော့ မန်ဝဲလ် အူဂါတီနဲ့ ဆိုဖရန် အမ်မရာ ဘတ်ကိုတော့ အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်